လိုက်ပ်ဇစ် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၇ ရက်၊ ည ၉:၀၀ နာရီ)
အခုတစ်ပတ်မှာ Der Klassiker ပွဲစဉ်ရှိတာကို လိုက်ပ်ဇစ်အနေနဲ့ အခွင့်အရေးအမိအရယူဖို့လိုတယ်။ ဒါပေမဲ့ PSG နဲ့ ချန်ပီယံလိဂ်နှစ်ကျော့အကြား ယှဉ်ပြိုင်ကစားရတာဖြစ်လို့ လိုက်ပ်ဇစ်အသင်း အာရုံတော့များနေနိုင်တယ်။ ဖရိုင်းဘတ်က လည်း နောက်ဆုံး(၅)ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့အသင်းပါ။ လိုက်ပ်ဇစ်ဘက်ကပဲ ရပ်တည်သင့်တယ်။
အူန်ယွန်းဘာလင် - အာမီးနီးယား (မြန်မာစံတော်ချိန် နိုဝင်ဘာ ၇ ရက်၊ ည ၉:၀၀ နာရီ)
အူန်ယွန်းဘာလင်က ဟော်ဖန်ဟင်မ်ကိုတောင် အဝေးကွင်းမှာ အနိုင်ကစားပြီး ပုံစံကောင်းရနေတယ်။ အာမီးနီးယားအသင်း ရှုံးပွဲဆက်ဖို့များတယ်။
မိန့်ဇ် - ရှော်လ်ကေး (မြန်မာစံတော်ချိန် နိုဝင်ဘာ ၇ ရက်၊ ည ၉:၀၀ နာရီ)
နိုင်ပွဲမရသေးတဲ့အသင်းအချင်းချင်း တွေ့ဆုံကြတာဖြစ်ပေမဲ့ ရှော်လ်ကေးက ဟန်တော့ရှိနေသေးတယ်။ ရှော်လ်ကေး ကိုပဲကြိုက်တယ်။
အော့စ်ဘတ် - ဟာသာဘာလင် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၇ ရက်၊ ည ၉:၀၀ နာရီ)
ရလဒ်ပိုင်းမှာ အော့စ်ဘတ်သာပေမဲ့ ဟာသာဘာလင်အသင်းက ကစားသမားအင်အား ပိုသာပါတယ်။ ဟာသာဘာလင် အမှတ်ရလိမ့်မယ်။
စတုဂတ် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၇ ရက်၊ ည ၉:၀၀ နာရီ)
တန်းတက်အသင်းတစ်သင်းရဲ့(၅)ပွဲဆက် ရှုံးပွဲမရှိမှုက အသိအမှတ်ပြုစရာကောင်းပါတယ်။ စတုဂတ်အသင်း အမှတ်ထပ်ရဦးမယ်ထင်တယ်။
ဒေါ့မွန် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၇ ရက်၊ ည ၁၂:၀၀ နာရီ)
အမှတ်ပေးဇယားထိပ်ဆုံးမှာ ရမှတ်တူဦးဆောင်နေတဲ့ အသင်း(၂)သင်း၊ အစဉ်အလာကြီးမားတဲ့ Der Klassiker (The Classic) ပွဲစဉ်၊ လတ်တလော အမှတ်ပေးပွဲ (၄)ပွဲဆက်စီ အနိုင်ရထားတာ စတဲ့အချက်တွေက ဂျာမန်ထိပ်သီးအသင်း (၂)သင်းတွေ့ဆုံမှုကို မီးစာမြှင့်ပေးနေသလိုပါပဲ။ နောက်ဆုံး (၄)ပွဲဆက် Clean Sheets ရထားတဲ့ ဒေါ့မွန်အသင်းခံစစ်ပိုင်းအနေနဲ့ ပေါက်ကွဲအားပြင်းထန်နေတဲ့ ဘိုင်ယန်ရဲ့တိုက်စစ်အင်အားစုကို ထိန်းချုပ်နိုင်၊ မနိုင်က အဓိကအဆုံးအဖြတ်ပေးနိုင်တယ်။ ဒေါ့မွန်ရဲ့ Counter တွေကလည်း ဘိုင်ယန်အတွက် သတိထားစရာပါ။ ဘိုင်ယန်ပဲ နိုင်ဖို့များတယ်။















