စီးရီးအေပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်    

စီးရီးအေပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်    
Photo: Getty Images
Photo: Getty Images
Published 7 November 2020

ကာဂလီယာရီ - ဆမ်ဒိုးရီးယား (မြန်မာစံတော်ချိန် နိုဝင်ဘာ ၇ ရက်၊ ည ၈:၃၀ နာရီ)

နှစ်သင်းစလုံး တိုက်စစ်ဖွင့်ကစားတတ်လို့ အကြိတ်အ နယ်ရှိမဲ့ပွဲပါပဲ။ ကာဂလီယာရီတိုက်စစ်က ပိုပြီးနုပျိုသလို ကွာဂလီရယ်လာဦးဆောင်တဲ့ ဆမ်ဒိုးရီးယားတိုက်စစ်က ဂိုးရအောင် ရုန်းကန်နေရလို့ ကာဂလီယာရီ အနိုင်သေချာပါတယ်။

ဘင်နီဗန်တို - စပီဇီယာ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၇ ရက်၊ ည ၁၁:၃၀ နာရီ)

မထင်မှတ်တာတွေလုပ်ပြနေတဲ့ တန်းတက်နှစ်သင်း အမှတ်လုမဲ့ပွဲပါပဲ။ ဘင်နီဗန်တိုက ပိုစနစ်ကျပြီး ဒီလိုပွဲမျိုးမှာ အနိုင်ရအောင် နည်းပြ ဖိလစ်ပိုအင်ဇာဂီ ကြိုးပမ်းပါလိမ့်မယ်။ ဘင်နီဗန်တို (၂-၁) စပီဇီယာ ဖြစ်လာနိုင်တယ်။

ပါးမား - ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် နိုဝင်ဘာ ၈ ရက်၊ နံနက် ၂:၁၅ နာရီ)

အဝေးကွင်းမှာ ဖီအိုရင်တီးနား ကစားပုံအားနည်းချက်များပါတယ်။ တန်းတက် စပီဇီယာကို သရေကျထားပြီး ရိုးမားနဲ့ အင်တာမီလန်ကို ရှုံးနိမ့်ထားတယ်။ ပါးမားက အိမ်ကွင်းမှာပြန်လည် တည်ငြိမ်နေပြီး တိုက်စစ်ကလည်း ယုံကြည်မူပြန်တည်ဆောက်ထားနိုင်တယ်။ ပါးမား (၂-၁)လောက်နဲ့ နိုင်မယ်။

Most Read

Most Recent