လိုက်ပ်ဇစ်နှင့်ပွဲမတိုင်မီ PSG ကစားသမား (၁၀) ဦး ဓာတ်လှေကားအတွင်း မိနစ် (၅၀) ကြာ ပိတ်မိနေခဲ့

လိုက်ပ်ဇစ်နှင့်ပွဲမတိုင်မီ PSG ကစားသမား (၁၀) ဦး ဓာတ်လှေကားအတွင်း မိနစ် (၅၀) ကြာ ပိတ်မိနေခဲ့
Photos: Getty Images & TodayHeadline
Photos: Getty Images & TodayHeadline
Published 6 November 2020

PSG အသင်း ကစားသမား (၁၀)ဦးသည် လိုက်ပ်ဇစ်အသင်းအား ရှုံးနိမ့်သည့် ချန်ပီယံလိဂ်ပွဲမတိုင်မီ တစ်ရက်အလိုတွင် ဟိုတယ် ဓာတ်လှေကားအတွင်း မိနစ် (၅၀) ကြာ ပိတ်မိနေခဲ့ကြောင်း သိရသည်။

    

PSG ကစားသမားများဖြစ်သည့် ဒီမာရီယာ၊ မာကွင်ဟို့စ်၊ မွိုက်စ်ကိန်း၊ ကင်ပမ်ဘီ၊ ပါရေဒက်စ်တို့အပါအဝင် (၁၀) ဦးမှာ လိုက်ပ်ဇစ်နှင့်ပွဲမတိုင်မီ တစ်ရက်အလို အင်္ဂါနေ့တွင် ဟိုတယ်ရှိ ဓာတ်လှေကားအတွင်း မိနစ် (၅၀) ကြာ ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။ 

၎င်းတို့ကို ဒေသခံမီးသတ်တပ်ဖွဲ့က ကယ်ထုတ်ပေးခဲ့ပြီး ကစားသမားအားလုံး အန္တရာယ်လွတ်ကင်းခဲ့ကြောင်း သိရသည်။ 



နောက်ခံလူ ကာဇာဝါက ယင်းဖြစ်ရပ်ကို ဗီဒီယိုရိုက်ကူး၍ Instagram တွင် တင်ခဲ့သော်လည်း အသင်း၏တောင်းဆိုမှုအရ ပြန်ဖျက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

PSG အသင်းသည် ယင်းဖြစ်ရပ်အပြီး ဗုဒ္ဓဟူးနေ့ တွင် လိုက်ပ်ဇစ်အသင်းနှင့် အဝေးကွင်းပွဲ ယှဉ်ပြိုင်ကစားရာ (၂-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို ကွင်းလယ်လူ ဂေးယီနှင့် နောက်ခံလူ ကင်ပမ်ဘေတို့မှာ ထုတ်ပယ်ခံခဲ့ရသည်။ 

PSG အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၃)ပွဲကစားပြီးနောက် (၁)ပွဲသာ အနိုင်ရပြီး (၂)ပွဲရှုံးနိမ့်ထားသဖြင့် တတိယနေရာ ရောက်ရှိနေကာ ရှုံးထွက်အဆင့်တက်ရန် ရုန်းကန်ရတော့မည်ဖြစ်သည်။

Most Read

Most Recent