ရိုးမအိမ်ရာနှင့် အောင်မြင့်မိုရ်အိမ်ရာတို့ကို Quarantine Center အဖြစ် သုံးစွဲနိုင်ရန် လွှဲပြောင်းပေးထားသဖြင့် အဆိုပါအိမ်ရာ ဝယ်ယူခွင့်ရရှိထားသူများကို အိမ်ခန်း တက်ရောက်နေထိုင်ခွင့် ခေတ္တဆိုင်းငံ့မည် ဖြစ်ကြောင်း အသိပေးကြေညာ

ရိုးမအိမ်ရာနှင့် အောင်မြင့်မိုရ်အိမ်ရာတို့ကို Quarantine Center အဖြစ် သုံးစွဲနိုင်ရန် လွှဲပြောင်းပေးထားသဖြင့် အဆိုပါအိမ်ရာ ဝယ်ယူခွင့်ရရှိထားသူများကို အိမ်ခန်း တက်ရောက်နေထိုင်ခွင့် ခေတ္တဆိုင်းငံ့မည် ဖြစ်ကြောင်း အသိပေးကြေညာ
ရိုးမအိမ်ရာအား Quarantine Center အဖြစ်ထားရှိရန် ပြင်ဆင်ထားမှုကို တွေ့ရစဉ်(ဓာတ်ပုံ-သီဟအောင်)
ရိုးမအိမ်ရာအား Quarantine Center အဖြစ်ထားရှိရန် ပြင်ဆင်ထားမှုကို တွေ့ရစဉ်(ဓာတ်ပုံ-သီဟအောင်)
Published 22 September 2020

ရိုးမအိမ်ရာနှင့် အောင်မြင့်မိုရ်အိမ်ရာတို့ကို Quarantine Center အဖြစ် သုံးစွဲနိုင်ရန် လွှဲပြောင်းပေးထားသဖြင့် အဆိုပါအိမ်ရာ ဝယ်ယူခွင့်ရရှိထားသူများကို အိမ်ခန်း တက်ရောက်နေထိုင်ခွင့် ခေတ္တဆိုင်းင့ံမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ODA ချေးငွေ ဖြင့် အိမ်ခန်းဝယ်ယူရန် DUHD Sale Housing Page မှတစ်ဆင့် ကြေညာပြီး ဝယ်ယူ လိုသူများကို ၂၀၂၀ ပြည့်နှစ် ဇွန် ၈ ရက်မှ ၂၆ ရက်အတွင်း DUHD Sale Housing Message Box မှတစ်ဆင့် စာရင်းလက်ခံခဲ့ ကာ ဝယ်ယူခွင့်လျှောက်ထားသူများကို  ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၆ ရက်တွင် မဲနှိုက် ရောင်းချပေးခဲ့သည်။

အိမ်ခန်းတက်ရောက်နေထိုင်ခွင့်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလကုန်တွင် ပေးရန် အကြောင်းကြားထားခဲ့ကြောင်းသိရ သည်။

သို့သော် ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါ လက်ရှိပြန့်ပွားမှုအ ခြေအနေအရ ထိန်းချုပ် ကုသနိုင်ရေးအတွက် Quarantine Center များလုံလောက်မှုမရှိသောကြောင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ၏ ညှိနှိုင်းချက်အရ ရိုးမအိမ်ရာနှင့်အောင် မြင့်မိုရ်အိမ်ရာတို့ကို Quarantine Center အဖြစ် သုံးစွဲနိုင်ရန် လွှဲပြောင်းပေးထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ အောင်မြင့်မိုရ်အိမ်ရာဝယ်ယူခွင့်ရရှိထားသူ ၅၇ ဦးနှင့် ရိုးမအိမ်ရာမှ အောင်မြင့်မိုရ်အိမ်ရာသို့ ပြောင်းလဲလျှောက်ထားလာသူ ၁၈ ဦးကို အိမ်ခန်းတက်ရောက် နေထိုင်ခွင့် ခေတ္တဆိုင်းငံ့မည်ဖြစ်ကြောင်း နှင့် ထုတ်ပေးနိုင်မည့်ရက်ကို တစ်ဦးချင်းဆီသို့ ဖုန်းဖြင့်ဆက်သွယ်၍လည်းကောင်း၊ DHUD Sale Housing Page မှလည်းကောင်း ထပ်မံအသိပေး ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ခန်းများကို အတိုးနှုန်းသက် သာသော ချေးငွေဖြင့် ရောင်းချရာတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးညွှန် ကြားချက်များနှင့်အညီ လူစုလူဝေးဖြစ်ပေါ် ခြင်းမှ ရှောင်ရှားရန်အတွက် DUHD Sale Housing လူမှုကွန်ရက်စာမျက်နှာမှတစ် ဆင့်ရောင်းချမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ် ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ယင်းသို့ရောင်းချရာတွင် ၂၀၂၀ ပြည့် နှစ် ဇွန် ၂ ရက်၌ ဆောက်လုပ်ရေး၊ အိမ်ရာ နှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ဘဏ်၌ ၂၀၂၀ ပြည့်နှစ် ဧပြီ ၃၀ ရက်အထိ စုဆောင်းငွေ အနည်းဆုံးကျပ်သိန်း ၃၀ စုဆောင်းထားရှိသူများစာရင်းကို “DUHD Sale Housing” Facebook Page နှင့်  “CHIDB”  Facebook Page များ၌ အသိပေး ကြေညာခဲ့ကြောင်း သိရသည်။

ရောင်းချမည့်အိမ်ရာစီမံကိန်းများ၏ အချက်အလက်များ (တည်နေရာ၊ အ ဆောက်အအုံအမျိုးအစား၊ အခန်းအကျယ် အဝန်း ၊ အခန်းစျေးနှုန်း)အရ ဇွန် ၂ ရက်တွင် “DUHD Sale Housing” လူမှုကွန်ရက်စာ မျက်နှာမှအသိပေးကြေညာခဲ့ပြီး ကျပ် သိန်း ၃၀ စုဆောင်းငွေပြည့်မီသည့် ဝယ်ယူလိုသူ များသည် အဆိုပါ  “DUHD Sale Housing Facebook Messenger မှတစ်ဆင့်  ဇွန် ၈ ရက်မှ ၂၆ ရက်အတွင်း စာရင်းပေးသွင်းခဲ့ ကြောင်း သိရသည်။

မြို့နယ်အလိုက် ရောင်းချမည့်အိမ်ရာ စီမံကိန်းများကို လှိုင်သာယာမြို့နယ်တွင်  ရွှေလင်ပန်းအပိုင်း (၂)၊ ရွှေလင်ပန်းအပိုင်း (၃)၊ ကျန်စစ်မင်း၊ ထီးလှိုင်ရှင်၊ Commercial Area တို့ ပါဝင်ပြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)နှင့် ဒဂုံတောင်ပိုင်းတို့တွင် ကနောင်အိမ်ရာ စီမံကိန်း၊ ရိုးမအိမ်ရာစီမံကိန်းနှင့် အောင်မြင့် မိုရ်အိမ်ရာစီမံကိန်းများ ပါဝင်သည်။ သန်လျင် -ကျောက်တန်းမြို့နယ်တွင် သီလဝါ စက်မှုဇုန်နှင့် TSEZ စက်မှုဇုန်အနီး သန် လျင်နည်းပညာတက္ကသိုလ်အနီးရှိ သီလဝါ အိမ်ရာစီမံကိန်းတို့ဖြစ်သည်။

အဆိုပါအိမ်ရာစီမံကိန်းများမှအိမ်ခန်း များ ဝယ်ယူလိုပါက “DUHD Sale Housing” Facebook Messenger မှ စာရင်း ပေးသွင်းရာတွင် အမည်၊ မှတ်ပုံတင်အမှတ်၊ အိမ်ရာစီမံကိန်းအမည်၊ အဆောက်အအုံ အမျိုးအစား၊ CHID Bank  ၏ Downpayment No. နှင့် ဆက်သွယ်ရန်ဖုန်းနံပါတ် အစရှိသည်တို့ကို ပြည့်စုံစွာဖော်ပြပြီး စာ ရင်းပေးသွင်းရမည်ဖြစ်သည်။

Most Read

Most Recent