အသက် ၈၈ နှစ်အရွယ် လေဖြတ်ဝေဒနာ ခံစားနေရသူ အဘွားအိုတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်သည်ဟုဆိုကာ အမျိုးသားတစ်ဦးအား ဖမ်းဆီး

အသက် ၈၈ နှစ်အရွယ် လေဖြတ်ဝေဒနာ ခံစားနေရသူ အဘွားအိုတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်သည်ဟုဆိုကာ အမျိုးသားတစ်ဦးအား ဖမ်းဆီး
Published 20 June 2020
အောင်သူထွန်း (ကလေး)

ကလေးမြို့တွင် အဘွားအိုတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်နေသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၁၉ ရက် ညနေပိုင်းတွင် တရားလိုမှာ နေအိမ်နှင့် တွဲလျက်ရှိသော ရေချိုးခန်းအတွင်း ရှိနေစဉ် မိခင်ဖြစ်သူ၏ အော်ဟစ်သံကြား၍ နေအိမ်သို့အလည်ရောက်ရှိ နေသူတစ်ဦးနှင့်အတူ သွားကြည့်ခဲ့ရာ မိခင် ဖြစ်သူ၏ ခန္ဓာကိုယ်ပေါ်တွင် အမည်မသိ အမျိုးသားတစ်ဦးကို ပုဆိုးမပါဘဲ အပေါ်တွင်  ထပ်လျက် တွေ့ရှိခဲ့ရာမှ ပတ်ဝန်းကျင်ကိုအကူအညီတောင်းခံရာ ပတ်ဝန်းကျင်မှလူများ ရောက်ရှိလာပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ကနဦးရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ အဘွားအိုသည် အသက် ၈၈ နှစ်အရွယ်ဖြစ်ပြီး လေဖြတ်ဝေဒနာ ခံစားနေ ရသူတစ်ဦးဖြစ်ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးသွားခဲ့သည်ဟု သိရသည် ။

“ အခုဖြစ်စဉ်မှာ ဒီအမေကြီးက အသက် ဆုံးရှုံးသွားပြီ။ ကျွန်မတို့က အက်ဆီးဒင့် အမျိုး မျိုးကို နားလည်ပါတယ်။ ဥပမာ မော်တော် ဆိုင်ကယ်စီးတာတောင်မှာ ဦးထုပ် မဆောင်းတာတောင်မှ ပညာပေးတွေ လုပ်တယ်။ ဒီ မုဒိမ်းကျင့်တာတွေကျတော့ အကျင့်ခံရတဲ့ ကလေးတွေ၊ အဘွားတွေ အမျိုးသမီးတွေဟာ သူတို့အနေအထိုင် မတတ်လို့၊ သူတို့ အကျင့် စာရိတ္တ မကောင်းလို့ခံရတာ မဟုတ်ဘူး။ကျွန်မတို့ ပြည်သူတွေ အားနည်းချက်က မ တရားပြုကျင့်ခံရတဲ့ သူတွေ အပေါ်မှာ ကူညီ ချင်စိတ်။  ဒီကိစ္စပပျောက်ဖို့အတွက် အစိုးရ ဘက်ကလည်း အားနည်းတယ်။ ပြည်သူဘက် ကလည်း အားနည်းတယ်။ အခုကိစ္စမှာ ပြည် သူ့ဝန်ထမ်းတွေ ကူညီခဲ့ပါတယ်။ ဒီလိုအမှု ကိစ္စတွေပပျောက်ဖို့က အစိုးရအဖွဲ့တွေ၊ လူမှု အဖွဲ့အစည်းတွေ ဝင်ပါဖို့ လိုတယ်။ အမျိုး သမီးတွေအနေနဲ့ မုဒိမ်းကျင့်ခံရတာတွေ ဖြစ် လာခဲ့ရင် ပတ်ဝန်းကျင်က သူတို့ကို ပစ်မထား ဘဲ နှစ်သိမ့်အားပေးမှု တွေ လုပ်ပေးဖို့လိုမယ်။ အဓမ္မပြုကျင့်မှု ပပျောက်ဖို့ရာမှာ လူမှုအဖွဲ့ အစည်းတွေ တင်မကဘဲ အစိုးရကပါ ဝင်စေ ချင်တယ်။ မော်တော်ပီကယ်တွေက ဦးထုပ် ဆောင်းဖို့တောင် အသိပညာပေးလုပ်ငန်း လုပ်ရင် ဒါလည်း အသိပညာပေးလုပ်ငန်းတွေ လုပ်ပေးသင့်ပါတယ်”ဟု ဒိန်းဒီ အမျိုးသမီး အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဓမ္မပြုကျင့်ရန် ကြံစည်သူသည်မကွေး တိုင်း ချောက်မြို့ဇာတိ ဇော်မင်းထွန်းဆိုသူ ဖြစ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၇၆ / ၅၁၁ ဖြင့် တရားစွဲဆိုနိုင်ရန် စီစဉ်ဆောင်ရွက်နေသည် ဟု သိရသည်။

       

Most Read

Most Recent