မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး နှောင့်နှေးနေသဖြင့် မေလဆန်းအထိ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးစခန်း လေးခုမှ နယ်စပ်ကုန်သွယ်မှုပမာဏ ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁၇၈ သန်းကျော် လျော့ကျ

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး နှောင့်နှေးနေသဖြင့် မေလဆန်းအထိ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးစခန်း လေးခုမှ နယ်စပ်ကုန်သွယ်မှုပမာဏ ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁၇၈ သန်းကျော် လျော့ကျ
Published 13 June 2020
   နီလာ

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး နှောင့်နှေးနေသဖြင့် မေလဆန်းအထိ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်း လေးခုမှ နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၃၆၀၀ ကျော်ရရှိပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁၇၈ သန်းကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖြစ်သည့် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်း လေးခုမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၅ ရက်အထိ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၆၄၁ ဒသမ ၈၁၉ သန်းရရှိပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁၇၈ ဒသမ ၅၆၉ သန်း လျော့ကျခဲ့သည်။

အဆိုပါ ကာလအတွင်း မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉၈၇ ဒသမ ၈၇၃ သန်း ရရှိပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁၁၉ ဒသမ ၄၀၆ သန်း လျော့ကျနေသည်။

လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၀၀ ဒသမ ၇၈၀ သန်း ရရှိပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၂၀ ဒသမ ၆၂၅ သန်း လျော့ကျနေသည်။ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၂၇ ဒသမ ၈၉၂ သန်း ရရှိပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၃၂ ဒသမ ၆၀၃ သန်း လျော့ကျနေသည်။ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၂၅ ဒသမ ၂၇၄ သန်းရရှိပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ ၅ ဒသမ ၉၃၅ သန်း လျော့ကျနေသည်။ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အဆင်ပြေရန် စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်တို့ ယခုရက်ပိုင်းအတွင်း တွေ့ဆုံ ဆွေးနွေးထားသည်။

Most Read

Most Recent