စီးရီးအေပြိုင်ပွဲ ပြန်လည်ရပ်နားရလျှင် ပြုလုပ်မည့် Plan B အတွက် ကလပ်အသင်းအများစုသဘောတူထားပြီး အပြောင်းအရွှေ့ကာလကို စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၅ ရက်အထိသတ်မှတ်

စီးရီးအေပြိုင်ပွဲ ပြန်လည်ရပ်နားရလျှင် ပြုလုပ်မည့် Plan B အတွက် ကလပ်အသင်းအများစုသဘောတူထားပြီး အပြောင်းအရွှေ့ကာလကို စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၅ ရက်အထိသတ်မှတ်
Photos: Getty Images
Photos: Getty Images
Published 10 June 2020

အီတလီဘောလုံးအဖွဲ့ချုပ်(FIGC) က အကြောင်းတစ်စုံတစ်ရာကြောင့် စီးရီးအေ ပြိုင်ပွဲ ထပ်မံရပ်ဆိုင်းရလျှင် ရွေးချယ်စရာ နည်းလမ်းနှစ်ခုကို ဖော်ပြခဲ့သည်။ ယင်းအစီ အစဉ်ကို စီးရီးအေကလပ်အသင်း ၁၈ သင်း က ထောက်ခံမဲပေးခဲ့ကြပြီး အင်တာမီလန် အသင်းအမှုဆောင်အရာရှိချုပ် မာရော့တာ၊ လာဇီယိုအသင်းဥက္ကဋ္ဌ လော့တီတိုနှင့် စီးရီး အေပြိုင်ပွဲ ဥက္ကဋ္ဌ ဒယ်လ်ပီနိုတို့က မဲပေးမှုမရှိခဲ့ကြောင်း သိရသည်။

လာမည့်အပတ်တွင် ပြန်လည်ကျင်းပမည့် စီးရီးအေပြိုင်ပွဲကို အကြောင်းတစ်စုံတစ်ရာကြောင့် ထပ်မံရပ်နားရလျှင် ပြုလုပ်သွားဖွယ်ရှိသည့် Plan B အစီအစဉ်အတွက် စီးရီးအေကလပ်အသင်းအများစုက မူအားဖြင့် သဘောတူထားကြောင်း သိရသည်။ အီတလီ ဘောလုံးလောကကို လာမည့် ဇွန်လ ၁၂ ရက် တွင် ကိုပါအီတာလီယာပြိုင်ပွဲဖြင့် ပြန်လည် အသက်သွင်းမည်ဖြစ်ပြီး စီးရီးအေပြိုင်ပွဲကိုမူ ဇွန် ၂၀ ရက်တွင် စတင်ကစားရန် စီစဉ်ထားခြင်းဖြစ်သည်။

အီတလီဘောလုံးအဖွဲ့ချုပ်(FIGC) က အကြောင်းတစ်စုံတစ်ရာကြောင့် စီးရီးအေ ပြိုင်ပွဲ ထပ်မံရပ်ဆိုင်းရလျှင် ရွေးချယ်စရာ နည်းလမ်းနှစ်ခုကို ဖော်ပြခဲ့သည်။ ယင်းအစီ အစဉ်ကို စီးရီးအေကလပ်အသင်း ၁၈ သင်း က ထောက်ခံမဲပေးခဲ့ကြပြီး အင်တာမီလန် အသင်းအမှုဆောင်အရာရှိချုပ် မာရော့တာ၊ လာဇီယိုအသင်းဥက္ကဋ္ဌ လော့တီတိုနှင့် စီးရီး အေပြိုင်ပွဲ ဥက္ကဋ္ဌ ဒယ်လ်ပီနိုတို့က မဲပေးမှုမရှိခဲ့ကြောင်း သိရသည်။ ပထမအစီအစဉ်မှာ Play offs ကစားပြီး ချန်ပီယံအသင်းနှင့် တန်းဆင်းတန်းတက်အသင်းများကို ဆုံးဖြတ်သွားမည်ဖြစ်သည်။ 

ချန်ပီယံဆုအတွက် Play offs ကစားရမည့်အသင်းအရေအတွက်မှာ လေးသင်းမှ ခြောက်သင်းအကြား ရှိနိုင်သည်ဟု   သတင်းများက ဖော်ပြခဲ့သည်။ ယင်းမှာ ဇူလိုင် ၁၀ ရက်မတိုင်မီ ပြိုင်ပွဲကို ရပ်နားလိုက်ရလျှင် ပြုလုပ်မည့်အစီအစဉ်ဖြစ်ပြီး ဇူလိုင် ၁၀ ရက် နောက်ပိုင်းမှ ရပ်နားရလျှင်မူ Algorithm နည်းဖြင့် အမှတ်ပေးဇယားရပ်တည်မှုကို ဆုံးဖြတ်မည်ဖြစ်သည်။ သို့သော် ယင်းသို့ ဆုံးဖြတ်ရာတွင် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ဝင်ခွင့်ရအသင်းများ၊ တန်းဆင်းအသင်းများ သာ အဖြေထုတ်ပေးမည်ဖြစ်ပြီး ယခုရာသီ အတွက် ချန်ပီယံအသင်း သတ်မှတ်မည်မဟုတ် ကြောင်း သိရသည်။ 

စီးရီးဘီပြိုင်ပွဲမှာလည်း စီးရီးအေကျင့်သုံးသည့်ပုံစံအတိုင်း ဆုံးဖြတ်သွားမည်ဖြစ်သည်။ စီးရီးစီပြိုင်ပွဲမှာမူ ပြိုင် ပွဲရာသီကို ဖျက်သိမ်းခဲ့ပြီဖြစ်ပြီး ဗီစင်ဇာ၊ ရက်ဂျီးနားနှင့် မွန်ဇာအသင်းများမှာ စီးရီးဘီသို့ တန်းတက်ခွင့်ရရှိထားသည်။

FIGCသည် ယခုနှစ် စီးရီးအေ၏ နွေရာသီအပြောင်းအရွှေ့ကာလကို စက်တင်ဘာ ၁ရက် မှ အောက်တိုဘာ ၅ ရက်အထိသတ်မှတ်ကြောင်း ဇွန်လ ၈ ရက်က အတည်ပြုကြေ ညာခဲ့သည်။ ယခုသတ်မှတ်ချက်မှာ စီးရီးအေ သာမက အီတလီရှိ အောက်တန်းလိဂ်ပြိုင်ပွဲများလည်း အကျုံးဝင်မည်ဖြစ်ပြီး ကစားသမားသစ်ခေါ်ယူမှုများကို ယင်းကာလအတွင်းတွင် သာ ပြုလုပ်ရမည်ဖြစ်သည်။ FIGC သည် နွေရာသီအပြောင်းအရွှေ့ကာလကို ပြောင်းလဲသတ်မှတ်ခဲ့သော်လည်း ဆောင်းရာသီအ ပြောင်းအရွှေ့ကာလကိုမူ ဇန်နဝါရီ ၄  မှ ၃၁ ရက်အထိ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent