ဆာနေးနှင့် ဟာဗက်ဇ်တို့ကို ဘိုင်ယန်မြူးနစ်အသင်း ခေါ်ယူနိုင်သည်ဟု လိုသာမက်သီးယက်စ် ဆို

ဆာနေးနှင့် ဟာဗက်ဇ်တို့ကို ဘိုင်ယန်မြူးနစ်အသင်း ခေါ်ယူနိုင်သည်ဟု လိုသာမက်သီးယက်စ် ဆို
Photos: Getty Images & Sky Sports
Photos: Getty Images & Sky Sports
Published 10 June 2020

ဂျာမနီဂန္ထဝင်ကစားသမား လိုသာမက်သီးယက်စ်က ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ဆာနေးနှင့် ဟာဗက်ဇ်တို့ကို အပြောင်းအရွှေ့ကာလတစ်ခုတည်းတွင် ခေါ်ယူနိုင် စွမ်းရှိသည်ဟု ပြောကြားခဲ့သည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် မန်စီးတီးတောင်ပံကစားသမား ဆာနေးအား ခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့ပြီဟု ဂျာမန်မီဒီယာများက ဖော်ပြနေပြီး လေဗာကူဆင်ကွင်းလယ်လူ ဟာဗက်ဇ်ကိုလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ 

လိုသာမက်သီးယက်စ်က ဘိုင်ယန်မြူးနစ်အသင်းမှာ ဘဏ္ဍာရေးအင်အားတောင့်တင်းသည့်အသင်းဖြစ်ပြီး အဆိုပါကစားသမား(၂)ဦးစလုံးကို တစ်ပြိုင်တည်း ခေါ်ယူနိုင်စွမ်းရှိသည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

လိုသာမက်သီးယက်စ်က "ဆာနေးနဲ့ ဟာဗက်ဇ်တို့က ဘိုင်ယန်မြူးနစ်အသင်းကို ပိုကောင်းအောင် လုပ်ပေးနိုင်မယ့်သူတွေပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘဏ္ဍာရေးအင်အားတောင့်တင်းတဲ့ အသင်းဖြစ်ပြီး သူတို့သာ ဆန္ဒရှိမယ်ဆိုရင် ဆာနေးနဲ့ ဟာဗက်ဇ်တို့ နှစ်ယောက်စလုံးကို လာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ တစ်ပြိုင်တည်း ခေါ်ယူနိုင်စွမ်းရှိပါတယ်"ဟု ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် လာမည့် ၂၀၂၀-၂၁ ရာသီတွင် အသင်းကို အင်အားဖြည့်တင်းသွားရန် စီစဉ်နေပြီး ထိပ်တန်းကစားသမားများကို အနည်းဆုံး (၁)ဦး ခေါ်ယူသွားဖွယ်ရှိကြောင်း ဂျာမန်မီဒီယာများက သုံးသပ်နေကြသည်။ 

Most Read

Most Recent