ဂျာမန်ဖလား ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

ဂျာမန်ဖလား ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
Photos: Getty Images
Photos: Getty Images
Published 10 June 2020

■ ဘိုင်ယန်မြူးနစ် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် ဇွန် ၁၁ ရက် နံနက် ၁း၁၅ နာရီ)

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဖလား(၃)လုံးအိပ်မက်က လက်ရှိခြေစွမ်းအတိုင်းဆို ပြည်တွင်းပြိုင်ပွဲတွေမှာ အခက်အခဲမရှိလောက်တော့ဘူး။ ဘွန်ဒစ်လီဂါပွဲကျပ်တွေအကြား ဂျာမန်ဖလား ဆီမီးပွဲကိုကစားရတာဖြစ်ပေမယ့် တစ်ဖက်မှာ အမှတ်ဖြတ်ထားလို့ အခုပွဲကိုပဲ လုံးလုံးလျားလျား အာရုံစိုက်လို့ရနေတာက တစ်ပန်းသာပါတယ်။ ဘိုင်ယန်နည်းပြ ဟန်ဆီဖလစ်ခ်အနေနဲ့  တည်ငြိမ်စပြုနေတဲ့ အသင်းအထိုင်ကို အခုလိုအရေးပါတဲ့ပွဲမျိုးမှာ အပြောင်းအလဲလုပ်ဖို့တော့ မရှိပါဘူး။ ဖရန့်ဖတ်က ဘိုင်ယန် နဲ့နောက်ဆုံးတွေ့ဆုံမှု(၆)ပွဲမှာ (၂)ပွဲ အနိုင်ကစားထားပေမယ့် ရှုံးခဲ့တဲ့(၄)ပွဲက အနိမ့်ဆုံး(၃)ဂိုးနဲ့အထက်ထိ ဂိုးပြတ်ခဲ့တာပါ။  အန်ဒရေဆေးလ်ဗားဦးဆောင်တဲ့တိုက်စစ်ပိုင်းကလည်း ပွဲကျပ်တွေမှာ စွမ်းဆောင်ရည်က သာမန်ထက်မပိုတာလည်း ထည့် တွက်ရမယ်ထင်တယ်။ ဘိုင်ယန်ကိုပဲ ရွေးချယ်ချင်တယ်။

​​​​​​​

■ ဘိုင်ယန်မြူးနစ်အသင်းသည် ဂျာမန်ဖလားနောက်ဆုံး(၇)ပွဲကို အနိုင်ကစားထားပြီး နောက်ဆုံး(၆)ပွဲအနက် (၅)ပွဲမှာ ပထမပိုင်းတွင်ရော ဒုတိယပိုင်း၌ပါ အနိုင်ကစားထားခဲ့သည်။

■ ဖရန့်ဖတ်အသင်းသည် ဂျာမန်ဖလားနောက်ဆုံး(၈)ပွဲအနက် (၇)ပွဲမှာ အနိုင်ကစားထားပြီး နောက်ဆုံး(၃)ပွဲတွင် ပထမပိုင်းတွင်ရော ဒုတိယပိုင်း၌ပါ အနိုင်ကစားထားခဲ့သည်။

Most Read

Most Recent