လာမည့်ရာသီတွင် ဘာစီလိုနာ၌ ဆက်ကစားသွားမည်ဟု ရာကီတစ် အတည်ပြု

လာမည့်ရာသီတွင် ဘာစီလိုနာ၌ ဆက်ကစားသွားမည်ဟု ရာကီတစ် အတည်ပြု
Published 8 June 2020

အပြောင်းအရွှေ့သတင်းများထွက်ပေါ်နေသည့် ခရိုအေးရှားဝါရင့်ကွင်းလယ်လူ ရာကီတစ် က လာမည့်ရာသီတွင် ဘာစီလိုနာအသင်း၌သာ ဆက်လက်ကစားသွားမည်ဟု အတည်ပြုပြော ကြားခဲ့သည်။ 

''ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့ (၁၀) ရက် သို့မဟုတ် (၁၅)ရက်ခန့်က အသင်းကို ပြောခဲ့ပါတယ်။ အနှစ်ချုပ်ကတော့ ဘာမှပြောစရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်က ၂၀၂၁ ခုနှစ် နွေရာသီအထိ သက်တမ်းရှိနေပါတယ်။  ဒါက ကျွန်တော် အမှန်တကယ် ဖြစ်ချင်တဲ့အရာနဲ့ ကစားချင်တဲ့နေရာပါပဲ။ ကျွန်တော့်ဇနီးနဲ့ သမီးတွေကလည်း ဒီမြို့မှာ နေသားကျနေပါပြီ။ တခြားအရာတွေတွေးဖို့ အကြောင်းမရှိပါဘူး''ဟု ရာကီတစ်က ခရိုအေးရှားသတင်းစာ Tportal သို့ ပြောကြားခဲ့သည်။ 

ရာကီတစ်သည် ၂၀၁၄ ခုနှစ်က ဆီဗီလာအသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကြေး ယူရို(၁၈)သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။

လက်ရှိအချိန်အထိ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၂၉၉)ပွဲကစားပေးခဲ့ကာ (၃၅)ဂိုးအထိ သွင်းယူထားခဲ့သည်။

ပြီးခဲ့သည့်နွေရာသီက ဘာစီလိုနာအသင်းသို့ ဒတ်ချ်လူငယ်ကွင်းလယ်လူ ဖရန်ကီဒီယွန်း ရောက်ရှိလာမှုကြောင့် ရာကီတစ်၏ပုံမှန်နေရာမှာ ခြိမ်းခြောက်ခံလာရပြီး ယခုရာသီတွင် လာလီဂါ(၁၀)ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့သည်။

ရာကီတစ်သည် ဘာစီလိုနာအသင်းနှင့်အတူ လာလီဂါဖလား(၄)ကြိမ်နှင့် ချန်ပီယံလိဂ်ဖလား (၁)ကြိမ်ရရှိထားကြောင်း သိရသည်။

Most Read

Most Recent