ဖရန့်ဖတ်အသင်းမှ ဂျပန်ဝါရင့်ကွင်းလယ်လူ ဟာဆီဘီ ဘွန်ဒစ်လီဂါပွဲအများဆုံး အာရှကစားသမားအဖြစ် မှတ်တမ်းသစ်ရေးထိုး

ဖရန့်ဖတ်အသင်းမှ ဂျပန်ဝါရင့်ကွင်းလယ်လူ ဟာဆီဘီ ဘွန်ဒစ်လီဂါပွဲအများဆုံး အာရှကစားသမားအဖြစ် မှတ်တမ်းသစ်ရေးထိုး
Photos : Twitter
Photos : Twitter
Published 8 June 2020

ဖရန့်ဖတ်အသင်းမှ ဂျပန်ဝါရင့်ကွင်းလယ်ကစားသမား ဟာဆီဘီသည် ပြီးခဲ့သည့်ဇွန်လ (၆)ရက်က ဖရန့်ဖတ်(၀-၂)မိန့်ဇ်ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပြီးနောက် ဘွန်ဒစ်လီဂါပွဲအများဆုံးကစားသည့် အာရှကစားသမားအဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဖရန့်ဖတ်အသင်း၏နောက်ပိုင်းနှစ်များတွင် နောက်ခံလူအဖြစ် အများဆုံးကစားနေရသည့် ဟာဆီဘီမှာ မိန့်ဇ်နှင့်ပွဲတွင် ဘွန်ဒစ်လီဂါ ပွဲစဉ် (၃၀၉)ပွဲမြောက်ကစားခဲ့ပြီး တောင်ကိုရီးယားဂန္ထဝင်ကစားသမား ချာဘန်ကွမ်း တင်ရှိထားသည့်စံချိန်ကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။  

''တခြားအာရှကစားသမားတွေထက် ဘွန်ဒစ်လီဂါပွဲတွေ ပိုကစားခွင့်ရခဲ့လို့ အလွန်ဂုဏ်ယူမိပါ တယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်က အသင်းအနိုင်ရဖို့ အလွန့်အလွန်အရေးကြီးပါတယ်။ ဒီနေ့ ပွဲ(မိန့်ဇ်နဲ့ပွဲ)မှာ ကျွန်တော်တို့အနေနဲ့ လိုအပ်သလောက် ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။  နေရာအနှံ့မှာ ကျွန်တော်တို့ လိုအပ်ချက်တချို့ ရှိခဲ့ပါတယ်''ဟု ဟာဆီဘီက ကလပ်အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။ 

ဟာဆီဘီ သည် ၂၀၀၈ ခုနှစ်တွင် ဝုလ်ဖ်ဘတ်အသင်းနှင့် အတူ ဘွန်ဒစ်လီဂါပွဲဦးထွက်ခဲ့ပြီး ၂၀၀၈-၀၉ ရာသီ အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။  

၂၀၁၃-၁၄ ရာသီတွင် နုရင်ဘတ်အသင်း$ ကစား ခဲ့ပြီး ဖရန့်ဖတ်အသင်းသို့ ၂၀၁၄ ခုနှစ်က ပြောင်း ရွှေ့လာခဲ့ခြင်းဖြစ်သည်။  

(၃၆)နှစ်အရွယ်ရှိ ဟာ ဆီဘီမှာ ဂျပန်လက်ရွေးစင်အသင်းအတွက် (၁၁၄)ပွဲ ကစားပေးခဲ့သည်။

Most Read

Most Recent