ပရီးမီးယားလိဂ်တွင် Lockdown စည်းမျဉ်းချိုးဖောက်သူများကို ပေါင်နှစ်သိန်းနှင့် ထပ်မံကျူးလွန်ပါက ရမှတ်လျှော့ရန်စီစဉ်

ပရီးမီးယားလိဂ်တွင် Lockdown စည်းမျဉ်းချိုးဖောက်သူများကို ပေါင်နှစ်သိန်းနှင့် ထပ်မံကျူးလွန်ပါက ရမှတ်လျှော့ရန်စီစဉ်
Photo : File Photo, Sly Sports
Photo : File Photo, Sly Sports
Published 8 June 2020

ပရီးမီးယားလိဂ်တွင် Lockdown စည်းမျဉ်းချိုးဖောက်သူများကိုလည်း ပြင်းပြင်းထန်ထန်အရေးယူရန် စီစဉ်နေပြီး ပထမအကြိမ်ကျူးလွန်ပါက ဒဏ်ကြေးပေါင်နှစ်သိန်း၊ ဒုတိယအကြိမ်ကျူးလွန်ပါက ဒဏ်ကြေးနှစ်ဆနှင့် ကြိမ်ဖန်များစွာကျူးလွန်ပါက ၎င်း၏ကလပ်အား ရမှတ်လျှော့ပြစ်ဒဏ်အထိချမှတ်ရန် စီစဉ်နေကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။ 

ပရီးမီးယားလိဂ် ကစားသမားအချို့မှာ Lockdown ကာလတွင် စည်းကမ်းချိုးဖောက်၍ အပြင်ထွက်ခြင်း၊ Social Distancing ညွှန်ကြားချက်ကိုမလိုက်နာဘဲ ပါတီပွဲပြုလုပ်ခြင်း၊ လေ့ကျင့်မှုပြုလုပ်ခြင်းကြောင့် ဝေဖန်မှုများခံခဲ့ရသည်။ 

စည်းကမ်းချိုးဖောက်ခဲ့သူများမှာ မန်စီးတီးအသင်းနောက်ခံလူ ဝေါ်လ်ကာ၊ ဗီလာအသင်းကွင်းလယ်လူ ဂရီးလစ်ရှ်၊ အာဆင်နယ်အသင်းတိုက်စစ်မှူး လာကာဇက်၊ ဘုန်းမောက်အသင်း တောင်ပံကစားသမား ဂျော်ဒန်အိုက်ဘ်၊ စပါးအသင်းနည်းပြ မော်ရင်ဟို၊ နောက်ခံလူ အော်ရီယေး၊ ဒါဗင်ဆန်ဆန်းချက်ဇ်၊ ဆီဆက်နွန်၊ ကွင်းလယ်လူ အန်ဒွန်ဘီလီတို့ဖြစ်ပြီး ဝေါ်လ်ကာက ၂၄ နာရီအတွင်း သုံးကြိမ်နှင့် အော်ရီယေးမှာလည်း သုံးကြိမ်ချိုးဖောက်ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဇွန် ၁၇ ရက် တွင် ပွဲစဉ် ၂၈ မှ ပွဲကျန်နှစ်ပွဲဖြင့် ပြန်လည် စတင်မည်ဖြစ်သည်။

 ပွဲစဉ် ၃၀ မှ ၃၂ အထိ ရေး ဆွဲထုတ်ပြန်ထားသည့်အချိန်ဇယားအရ ဇွန် ၁၇ ရက်မှ ဇူလိုင် ၂ ရက်အထိ ၁၆ ရက်အတွင်း ဇွန် ၁၈ နှင့် ၂၆ ရက်မှလွဲ၍ ကျန်ရက်များတွင် ပွဲစဉ်များ ဆက်တိုက်ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent