မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား မူဆယ်၊ လွယ်ဂျယ်၊ ချင်း ရွှေဟော်နှင့်ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းများဖြင့် ကုန်သွယ်မှုပြုလုပ်နေပြီး COVID-19 ကြောင့် မြန်မာ-တရုတ် နယ်စပ်ကုန် သွယ်မှုတွင် မြန်မာ့ပို့ကုန်တန်ဖိုး ဒေါ်လာသန်း ၁၀၀ ကျော် လျော့ကျ ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
“မြန်မာနဲ့ တရုတ်ရဲ့ နယ်စပ် ကုန်သွယ်ရေးက လက်ရှိမှာ မေ ၂၉ ရက်အထိ သန်း ၁၀၀ လောက် လျော့နည်းတယ်။ လျော့နည်းတာကလည်း အဓိကလျော့နည်းတာမှာ ပို့ကုန်မှာ လျော့နည်းတာ” ဟု လက် ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများ၏ ကုန်သွယ်မှု အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၂၉ ရက်အထိ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်း မှ တရုတ်နိုင်ငံသို့ ပို့ကုန်တန်ဖိုး ဒေါ်လာ ၂၁၃၆ ဒသမ ၈၈၅ သန်း ရှိပြီး သွင်းကုန်တန်ဖိုးဒေါ်လာ ၁၁၅၅ ဒသမ ၄၆၇ သန်းရှိကာ နယ် စပ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၂၉၂ ဒသမ ၃၅၂ သန်း ရရှိခဲ့ သည်။
လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ပို့ကုန် တန်ဖိုးဒေါ်လာ ၉၆ ဒသမ ၈၆၂ သန်းရှိပြီး သွင်းကုန်တန်ဖိုးဒေါ် လာ ၁၅ ဒသမ ၅၄၈ သန်းရှိကာ နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ် လာ ၁၁၂ ဒသမ ၄၁၀ သန်း ရရှိခဲ့ သည်။
ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ပို့ကုန်တန်ဖိုးဒေါ်လာ ၂၇၂ ဒသမ ၄၄၃ သန်းရှိပြီး သွင်းကုန်တန်ဖိုး ဒေါ်လာ ၆၈ ဒသမ ၂၇၃ သန်းရှိကာ နယ်စပ် ကုန်သွယ်မှု ပမာဏ ဒေါ် လာ ၃၄၀ ဒသမ ၇၀၆ သန်းရရှိခဲ့ သည်။
ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ပို့ကုန်တန်ဖိုးဒေါ်လာ ၂၂၈ ဒသမ ၂၇၇ သန်းရှိပြီး သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၂ ဒသမ ၀၂၈ သန်းရှိကာ နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ် လာ ၂၄၀ ဒသမ ၃၀၅ သန်းရရှိခဲ့ သည်။
နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုချင်း၏ ကုန်သွယ်မှုပမာဏ ကို ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက မူဆယ်နယ်စပ်မှ ကုန်သွယ်မှု ပမာဏဒေါ်လာ ၃၁ သန်းကျော်၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ် လာ ၁၅ သန်းကျော်၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒေါ် လာ ၄၂ သန်းကျော်နှင့် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒေါ် လာ ၁၈ သန်းကျော်ဖြင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်း လေးခု၏ ကုန်သွယ်မှုပမာ ဏ ဒေါ် လာ ၁၀၈ ဒသမ ၄၆၅ သန်းလျော့ ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာ့ဘက်မှ ပို့ကုန်တင်ပို့မှု အနေဖြင့် လက်ရှိဘဏ္ဍာနှစ် မေ ၂၉ ရက်အထိ မူဆယ်နယ်စပ်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၁ ဒသမ ၀၃၂ သန်း၊ လွယ်ဂျယ်နယ်စပ်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၉ ဒသမ ၈၈၈ သန်း၊ ချင်းရွှေ ဟော်နယ်စပ်မှ ဒေါ်လာ ၆၉ ဒသမ ၃၃၉ သန်းနှင့် ကန်ပိုက်တီးနယ်စပ်မှ ဒေါ်လာ ၁၀ ဒသမ ၁၅၀ အထိ လျော့ကျနေ သည်။
“ပို့ကုန်မှာဘာတွေလျော့သွား လဲဆိုရင် တရုတ်နဲ့ ကုန်သွယ်မှုမှာ အဓိကက ပြောင်းပေါ့။ ပြောင်းဆိုရင် ပုံမှန်အားဖြင် ့တရုတ် စျေးကွက်ကို အဓိကထားပြီး အရင်တုန်းကပို့တာ ပေါ့။ နှစ်စဉ် ၁ ဒသမ ၅ သန်း လောက်ပို့တယ်။ အဓိကကတော့ တရုတ်စျေးကွက်က များတယ်။ ပင်လယ်ရေကြောင်းကလည်း နည်း တဲ့အနေအထားရှိတယ်။ ဒီနှစ်က တော့ ထူးထူးခြားခြားစျေးကွက်တွေ တိုးတက်ရရှိ လာတာပေါ့။ ပင်လယ် ရေကြောင်းကနေ ပြောင်းတစ်ခု တည်းကနေ တန်ချိန်ငါးသိန်း လောက်ပို့နိုင်တယ်”ဟု လက် ထောက်အတွင်း ဝန်ဦးခင်မောင်လွင်က ဆိုသည်။
နယ်စပ်ကုန်သွယ်မှုမှတစ် ဆင့် တရုတ် နိုင်ငံသို့ ပြောင်းတင်ပို့မှု လျော့ကျခဲ့သော်လည်း ယခုနှစ်အ တွင်း ထိုင်းစျေးကွက်အတွင်းသို့ မြဝတီနှင့် တာချီလိတ်နယ်စပ်ကုန် သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်း နိုင်ငံသို့ ပြောင်းတန်ချိန် ၁ ဒသမ ၂ သန်းခန့်အထိ တင်ပို့နိုင်ခဲ့သည်။

(၂)
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် မူဆယ်နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်း ပြတ်တောက်ခဲ့ကာ အဆိုပါဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့သည်မှ ရက်ပေါင်း ၂၀ ကျော် ကာလအတွင်း တရုတ်နိုင်ငံသို့ ဖရဲ၊ သခွား တင်ပို့မှုမှာ ဒေါ်လာသန်း ၅၀ ခန့် ဆုံးရှုံးသွားခဲ့ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်က တညင်းကုန်း စျေးရှိ မြန်မာနိုင်ငံဖရဲ၊ သခွားမွှေး စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံ သို့ တစ်နေ့လျှင် ပုံမှန်အားဖြင့် ဖရဲ ကားအစီးရေ ၇၀၀ ခန့်တင်ပို့နိုင် ကြောင်း၊ လက်ရှိတွင် အမှန်တ ကယ် တင်ပို့ရမှုမှာ ကားအစီးရေ ၃၀၊ ၄၀ ခန့်သာ တင်ပို့နေရသဖြင့် ဆုံးရှုံးနစ်နာမှု များစွာကြုံတွေ့နေရ သည်။
“မူဆယ် ၁၀၅ မိုင်သစ်သီးဝလံ ကုန်စည်ဒိုင်ရဲ့ တွက်ချက်မှုအရ တော့ အမေရိကန် ဒေါ်လာ သန်း ၅၀ လောက်ဆုံးရှုံးသွားပြီလို့ ပြော ပါတယ်။ အရင်တုန်းက ဒီကာလမှာ တချို့ရက်တွေဆိုရင် အစီး ၁၀၀၀ လောက်ရောက်ရင်တောင် ကုန်တဲ့ ကာလ။ အခုကျတော့ အစီးလေး ၁၀၀ ကျော်ရောက်တာ တောင်မှ ဖရဲက ကားခနဲ့ ဂျပ်ဖာဖိုးပဲရသေး တယ်။ သခွားမွှေးက မဆိုးသေးဘူး။ အခြေအနေက အကောင်းကြီး တော့ မဟုတ်သေးဘူး။ သခွားမွှေး လည်း အဝင်နည်းသေးလို့၊ အဝင် များရင် စျေးကွက်က ကျသွားနိုင် တယ်”ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် ဖရဲတန်ချိန် ရှစ်သိန်း ကျော်တင်ပို့ပြီး သခွားမွှေးတန်ချိန် တစ်သိန်းခွဲခန့် တင်ပို့လေ့ရှိကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မေ ၂၀ ဖရဲသီးတန်ချိန် ၅၄၅၅၅၁ တန်တင် ပို့ထားပြီး သခွားမွှေးတန်ချိန် ၁၃၇၉၈၂ တန်တင်ပို့ ထားကြောင်း မြန်မာနိုင်ငံဖရဲ၊ သခွားမွှေး စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးနိုင်ဝင်းက ဇွန် ၆ ရက်က ပြောကြားသည်။
ယခင်က တစ်နေ့လျှင် ဖရဲသီး ကား အစီးရေ ၆၀၀ ခန့်တင်ပို့နေခဲ့ သော်လည်း ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားခဲ့ချိန်တွင် တစ်နေ့လျှင် ကား အစီးရေ ၃၀၊ ၄၀ ၊ ၅၀ ခန့်သာ တက် လေ့ရှိကြောင်း သိရသည်။
တရုတ်သို့ တင်ပို့နိုင်ရန် ပြည် တွင်း၌ စိုက်ပျိုးထားသည့် ဖရဲသီး တန်ချိန် ၁၀ သိန်း ဝန်းကျင်ရှိ ကြောင်း၊ သို့သော်လည်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့ဖြစ်ပွားမှု ကြောင့် ဖရဲသီးတင်ပို့မှုလျော့ကျ ကာ ဆုံးရှုံးနစ်နာမှုများစွာဖြစ်ပေါ်ခဲ့သည်။
“နောက်တစ်ခုက ဒီကနေ တစ်နေ့ကို တရုတ်ဘက်ကို တက် တာက ကားအစီးရေ ၆၀၀၊ ၇၀၀ လောက်တက်တယ်။ ဒါပေမဲ့ တရုတ်ပြည်က အရင်တုန်းက မူဆယ် ၁၀၅ မိုင်ကို လာဝယ်တာ။ ဒီနှစ်ကျ တော့ သူတို့က မလာတော့ဘူး။ မလာတော့ ဒီဘက်က တရုတ်ပြည်ထဲ သွားရောင်းရတာ အခက်အခဲ တစ်ခါဖြစ်တယ်။ အဲဒီလိုသွား ရောင်းတဲ့အခါ ဒီဘက်က မြန်မာ ကားဆရာက မြန်မာပြည် အဆုံးမှာ ကိုယ့်ကားပေါ်က ဆင်းပေးရတယ်။ ဆင်းပြီး တရုတ်က အဲဒီကားကြီးကို တရုတ်ပြည်ထဲ မောင်းသွားရတာ။ တရုတ်ပြည်ထဲ မြန်မာကားဆရာက ဝင်လို့မရဘူး။ အဲဒီလိုအခက်အခဲကြောင့် ပိုပြီးဆုံးရှုံးနစ်နာမှုကိုများ သွားတာ”ဟု ဦးနိုင်ဝင်းက ဇွန် ၆ ရက်က ပြောပြခဲ့သည်။

ထို့ပြင် တစ်နေ့လျှင် တရုတ် နိုင်ငံအတွင်သို့ ဝင်ရမည့်ကားအစီး ရေ ၆၀၀ ခန့်ရှိ သော်လည်း အမှန် တကယ်တွင် ကားအစီးရေ ၂၅၀ ခန့်သာ ဝင်ရောက်ခွင့်ရရှိသဖြင့် ကြာလာသည့်အခါ ယာဉ်ကြော ပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပွားခဲ့ ကြောင်း သိရသည်။
“အဲဒီလိုကားတွေ မဝင်ရတော့ ကြာတော့ ထောက်ထောက်လာပြီး တစ်နေ့ကို ၂၅၀၊ ၃၀၀ ထောက်။ နောက်နေ့ကျလည်း အဲဒီ လိုထောက်။ ထောက်ရင်းထောက် ရင်းနဲ့ ဘာဖြစ်လာလဲဆိုတော့ ကား တန်းကြီးက မူဆယ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်ကနေပြီးတော့ ဝမ် တိန်အပေါက်အထိ ကိုးမိုင်လောက် အကုန်လုံး ပြည့်သွားတယ်။ ကား အစီးရေ ၂၀၀၀ လောက်ထောက် သွားတော့ ကုန်စိမ်းက မြန်မြန်တင် ရမှာလေ။ သုံး၊ လေးရက်ဆိုရင် လှယ်ပြီးသားဖြစ်ရမှာ။ အဲဒါမ ဖြစ် တော့ဘူးဆိုတော့ မရောင်းခင် စောင့်ရတာနဲ့၊ ရောင်းတဲ့အခါ စောင့်ရတာနဲ့၊ ရောင်း ပြီးလှယ်ဖို့ စောင့်ရတာနဲ့ဆိုတော့ ကိုးရက်၊ ၁၀ ရက်ဖြစ်သွားတော့ အပုပ်အလေအ လွင့်တွေက များများသွားတယ်။အဲဒါတွေက လည်း ဆုံးရှုံးနစ်နာ မှုတွေအများကြီးဖြစ် သွားတယ်”ဟု ဦးနိုင်ဝင်းက ဆိုသည်။
အခြားတစ်ဖက်တွင် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ဖရဲ၊ သခွား တင်ပို့ မှု ထိခိုက်သည့်အပေါ် ပြည်တွင်း စားသုံးမှုတိုးတက်ရေးအတွက် ဟိုတယ်လုပ်ငန်းရှင်များ၊ စား သောက်ဆိုင်၊ စားသောက်ကုန်လုပ် ငန်းရှင်များနှင့် တွေ့ဆုံ၍ ရောင်းချ နိုင်ရန်နှင့် ပြည်တွင်း စားသုံးမှု မြင့် တက်လာရန် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဝင် ထွ က်ဂိတ်များတွင် ကန့် သတ်ထိန်းချုပ်ခြင်းကြောင့် ယာဉ် ကြောပိတ်ဆို့မှုဖြစ်ပွားနေပြီး မူ ဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ သစ်သီးဝလံများ၊ ဆန်၊ပဲ၊ပြောင်း နှင့် ကျွဲနွားတိရစ္ဆာန်များ တင်ပို့ရာ တွင် အခက်အခဲများ ကြုံတွေ့ နေရ သဖြင့် ကုန်သွယ်မှုလျင်မြန်ရေးအ လေးထား ဆောင်ရွက်သွားလို ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောကြားသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံ အကြား ကူး သန်းရောင်းဝယ်မှု ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ အား စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Chan Hai တို့ မေ ၂၁ ရက်က Video Conferencing ဖြင့် ဆွေးနွေးစဉ် ပြောကြားခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးပွဲတွင် COVID-19 ကပ်ရောဂါဖြစ်ပွား စဉ် ကာလအတွင်း စီးပွား ရေး၊ လူမှု ရေးထိခိုက်မှုများအား ပြန်လည်တုံ့ ပြန်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၀ ပြည့် နှစ် မတ်လမှစတင်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် သည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့် ဗဟိုကော်မတီဖွဲ့စည်းပြီး အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ COVID-19 ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးနှင့် စီး ပွားရေးအပါအဝင် အခြားကဏ္ဍများတွင် တရုတ်နိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှုများအတွက်လည်း ကျေးဇူးတင်ပါကြောင်း၊ လက်ရှိ ကာလတွင် နှစ်နိုင်ငံနယ်စပ်ဝင် ထွက်ဂိတ်များတွင် ကန့်သတ်ထိန်း ချုပ်ခြင်းကြောင့် ယာဉ်ကြောပိတ် ဆို့မှုများဖြစ်ပွားလျက်ရှိရာ မူဆယ် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ပုပ် သိုးပျက်စီးလွယ်သည့် သစ်သီးဝလံ များ၊ ဆန်၊ပဲ၊ ပြောင်းနှင့်ကျွဲနွား တိရစ္ဆာန်များ တင်ပို့မှုတွင် အခက် အခဲများ ကြုံတွေ့နေရသဖြင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့ရေးကို အလေး ထားဆောင်ရွက်သွားလို ကြောင်း ဆွေးနွေးထားကြောင်း သိရသည်။
မြန်မာနိုင်ငံမှ သစ်သီးဝလံနှင့် ရေထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ကုန်တင်ယာဉ်များ အချိန်ကြန့်ကြာမှု မရှိစေဘဲ ဝင်/ထွက်ခွင့်ရရှိစေရန် ယူနန်ပြည်နယ် စီးပွားရေးဌာနသို့ သွားရောက်ညှိ နှိုင်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
COVID-19 ကြောင့် နယ် စပ်ကုန်သွယ်မှုလျော့ကျခဲ့သော်လည်း နယ်စပ်ကုန်သွယ်ရေးစခန်း များအားလုံး၏ ကုန်သွယ်မှု အခြေ အနေကို ခြုံကြည့်ပါက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၁၅ ရက်အထိ စုစု ပေါင်း နယ်စပ် ကုန်သွယ်မှု ဒေါ် လာ ၇ ဒသမ ၃၂၈ ဘီလျံရရှိထား သည်။ ယခင်နှစ်ကာလတူတွင်မူ ဒေါ်လာ ၆ ဒသမ ၉၂၉ ဘီလျံရရှိ ထားသည်။
ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် စုစုပေါင်းနယ်စပ် ကုန်သွယ်မှုသည် ယခင်နှစ်ကာလ တူထက် ဒေါ်လာ ၃၉၈ ဒသ မ ၇၉၁ သန်းပိုမိုကုန်သွယ်မှု ဆောင်ရွက် ထားခြင်းဖြစ်သည်။
အဆိုပါ ကာလအတွင်း မြန်မာ-တရုတ် အဓိက ကုန်သွယ်မှု ဆောင်ရွက်နေသည့် မူဆယ်နယ် စပ်ကုန်သွယ်ရေးစခန်းမှ ကုန် သွယ်မှုပမာဏ ဒေါ်လာ သုံးဘီလျံ ကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၂ သန်းကျော်လျော့ကျခဲ့ သည်။
“COVID ကြောင့် တရုတ် နယ်စပ် ကုန်သွယ်မှုကိုထိခိုက်ပေ မဲ့လည်း အခြား တစ်ဖက်မှာ ကုန် သွယ်မှုက တိုးတက်လာတဲ့ အနေ အထားတွေ့ရတယ်။ နယ်စပ်ကုန် သွယ်မှုကို ကြည့်ရင်လည်း ကာလ တူနဲ့ ယှဉ်ရင် ကုန်သွယ်မှုမှာ ပိုလာ တဲ့ အနေအထား တွေ့ရတယ်။ ပင်လယ်ရေကြောင်းမှာ တိုးတက် သလို နယ်စပ်ကုန်သွယ်မှုမှာလည်း တိုးတက်လာတယ်။ သို့သော်လည်း COVID-19 ကြောင့် တရုတ်နဲ့ နယ်စပ်ကုန်သွယ်မှု ထိခိုက်ခဲ့တယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
တရုတ်နိုင်ငံဘက်တွင် ကိုရို နာဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန်မှ စပြီး မြန်မာ့ပို့ကုန်ကုန်စည်များ အပေါ် ဝယ်လိုအားသိသိသာသာ လျော့ကျခဲ့သည်။
မြန်မာနိုင်ငံဘက်ကလည်း လယ်ယာထွက်ကုန်သီးနှံများကို အစဉ်အလာအားဖြင့် တရုတ်နိုင်ငံ သို့ နယ်စပ်မှတင်ပို့မှုအများဆုံး ဖြစ်သည်။ COVID-19 ကြောင့် ဝယ်လိုအား ကျဆင်းနေချိန်တွင် မြန်မာ့ရောင်းကုန်များကို တွန်းပို့ နေရသကဲ့သို့ဖြစ်ကာ ဆုံးရှုံးနစ်နာ မှုများစွာရှိနေသည်။










