ကပ်ဘေးများကြားမှ အိန္ဒိယနိုင်ငံ

ကပ်ဘေးများကြားမှ အိန္ဒိယနိုင်ငံ
မေ ၃၀ ရက်က ချန်နိုင်းမြို့၌ ဘီဟာသို့သွားရန် ဘူတာရုံသို့ လမ်းလျှောက်သွားနေသည့် ရွှေ့ပြောင်းအလုပ်သမားများကို တွေ့ရစဉ် (Photo: AFP)
မေ ၃၀ ရက်က ချန်နိုင်းမြို့၌ ဘီဟာသို့သွားရန် ဘူတာရုံသို့ လမ်းလျှောက်သွားနေသည့် ရွှေ့ပြောင်းအလုပ်သမားများကို တွေ့ရစဉ် (Photo: AFP)
Published 31 May 2020
မြတ်သစ်

ကိုရိုနာဗိုင်းရပ်စ်ရောဂါ အန္တရာယ်ကို ရင်ဆိုင်နေရသော အိန္ဒိယနိုင်ငံသည် မေ ၂၀ ရက်တွင် အန်ဖန်ဆိုင်ကလုံးမုန်တိုင်းဒဏ်ကို ရင်ဆိုင်ခဲ့ရသည်။ အိန္ဒိယအစိုးရသည် နှစ်လ ကြာ Lockdown လုပ်ထားမှုကို ဖြေလျှော့ ဖို့ ကြိုးပမ်းနေချိန်တွင် အပူချိန်မြင့်မားမှု အန္တရာယ်ကို ထပ်မံရင်ဆိုင်နေရသည်။ ဤမျှသာမကသေး ဆယ်စုနှစ်တစ်ခုအတွင်း ကျိုင်းကောင်များ ကျရောက်မှုကိုလည်း တွေ့ကြုံနေရသဖြင့် အိန္ဒိယပြည်သူများသည် ဒုက္ခများ တစ်ခုပြီးတစ်ခု ရင်ဆိုင်နေကြ ရသည်။ မထင်မှတ်ဘဲ ဖြစ်ပေါ်လာသော  COVID-19 ကပ်ရောဂါကူးစက်ခံရသူ တစ်သိန်းခြောက်သောင်းငါးထောင်သုံးရာ ကျော်ရှိခဲ့ပြီး သေဆုံးသူ လေးထောင်ခုနစ်ရာ ကျော် ရှိခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ် လိုအပ်ချက်တို့ များ နေခြင်းကြောင့် ပြည်သူလူထု၏ ကျန်းမာ ရေးမှာ လွန်စွာဆိုးရွားလျက်ရှိသည်။ အစိုးရ တာဝန်ရှိသူများသည် ကိုရိုနာဗိုင်းရပ်စ် ကူး စက်မှုတားဆီးရေးလုပ်ငန်းများကို တစ်ဖက် မှ လုပ်ဆောင်နေရသည်။ တစ်ဖက်တွင် လည်း အပူချိန်မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာသည့် ရောဂါများကိုလည်း ကာကွယ်မှုများ ပြုလုပ်နေရသည်။ နှစ်လကြာ lockdown လုပ်ထားရာမှနေ၍ ဖြေလျှော့မှုများ ပြုလုပ်ပေးလိုက်ရာ စျေးများနှင့် ပန်းခြံများ ပြန်လည်ဖွင့်ခွင့်ရရှိသွားသည်။

“ကမ္ဘာလောကကြီးဟာ အသက်ရှူခွင့် မပြုတော့ပါဘူး။ အကျပ်အတည်းတွေ၊ အန္တရာယ်တွေကလည်း ပိုပြီး များလာတယ်။ ပြည်သူလူထုဟာ နေအိမ်အပြင်ထွက်ဖို့ အခွင့်အရေးတွေ မရှိကြတော့ဘူး” ဟု ဆူနီ တာနာရိန်က ပြောကြားသည်။ ဆူနီတာက နယူးဒေလီမြို့ရှိ သိပ္ပံနှင့် ပတ်ဝန်းကျင်ဌာန တွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

ဆူနီတာ၏ ခြောက်နှစ်အရွယ် သား ငယ်သည် အိပ်ရာမှ နှိုးလာချိန်၌ လည် ချောင်းများ ခြောက်နေသည်ကို တွေ့ရသည်။ ကလေးငယ်မှာ အဖျားလည်း တက်နေသည်။  အိမ်ဖော် ကာလစ်စတာအီကာက ကလေး ငယ်ကို ဆေးရုံ ပို့ချင်နေသည်။ သို့သော် ကိုရို နာဗိုင်းရပ်စ်ကူးစက်မှုများ ဖြစ်နေချိန်တွင် ဆေးရုံသွားဖို့ဆိုသည် မလွယ်ကူပေ။ ဆေးရုံ သို့ မဖြစ်မနေသွားရောက်ခဲ့ရာ ဆေးရုံတွင် COVID-19 ရောဂါကူးစက်ခံရသူများ ပြည့်နှက်နေသည်။ ဆေးရုံမှ တာဝန်ကျဆရာ ဝန်က ဆူနီတာ၏ ရင်သွေးငယ်ကို ဆေးရုံ မတင်ဘဲ ထားဖို့ အကြံပေးလိုက်သည်။ ဆူနီတာလည်း ဆရာဝန်အကြံပေးသည့်အတိုင်း ကလေးကို နေအိမ်ပြန်ခေါ်ခဲ့ရသည်။ သူမ နေအိမ်က ဒေလီမြို့တောင်ပိုင်းတွင်ရှိပြီး ဝင်ငွေနိမ့်ပြည်သူများ နေထိုင်ရာ ရပ်ကွက် တွင်ရှိသည်။ ဝင်ငွေနိမ့်နေသူများ နေထိုင်ရာ ရပ်ကွက်ရှိ နေအိမ်ဖြစ်သဖြင့် နေအိမ်မှာ အိမ်ခန်းနှစ်ခန်းသာ ရှိသည်။ အပူချိန်မြင့် တက်နေခြင်းကြောင့် အိပ်ခန်းထဲမှာ လူများ ချွေးပြိုက်ပြိုက်ကျနေသည်။

“ပန်ကာဖွင့်ထားပေမဲ့ မရပ်ပါဘူး။ ပို တောင်ပူလာတယ်။ ပြတင်းပေါက်လည်း မဖွင့်ရဲဘူး။ ပြတင်းပေါက်မှာက ခြင်ဆန်ကာ တွေ ထပ်မထားဘူး” ဟု ဆူနီတာက ပြောသည်။

ပြတင်းပေါက်ဖွင့်ထားလျှင် ခြင်များ ဝင်လာမည်။ ခြင်ကိုက်ခံရပါက ငှက်ဖျား ရောဂါကူးစက်ခံရမည်။

ဆူနီတာနေထိုင်သည့် ရပ်ကွက်အနီးရှိ  စျေးတွင် လူများ တရုန်းရုန်း။ စျေးရောင်း စျေးဝယ်သူတို့သည် နံနက်မိုးလင်းမှ မိုးချုပ် သည်အထိ ပြည့်ကျပ်နေသည်။ အချို့က နှာ ခေါင်းစည်းများ တပ်ထားကြသည်။ အချို့ ကတော့ နှာခေါင်းစည်းများ တပ်ဆင်ထား ခြင်းမရှိ။ ပြည်သူများက နှာခေါင်းစည်း တပ် ထားခြင်း၏ အကျိုးကျေးဇူးများကို အွန်လိုင်း မှနေ၍ ရေးသားကြသည်။

“အပူချိန် အရမ်းမြင့်တက်နေချိန်မှာ နှာခေါင်းစည်းတပ်ပြီး အလုပ်လုပ်ရတာ အ သက်ရှူကျပ်စေပါတယ်”ဟု ဒေလီမြို့တွင် နေထိုင်သူ အက်စ်မီတာဆင်းက ပြောကြား သည်။

အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် အပူချိန်မှာ ၁၁၈ ဒီဂရီဖာရင်ဟိုက် (၄၇ ဒသမ ၆ ဆဲဆီး ယပ်စ်) ရှိနေသည်။

အပူချိန်စံချိန်တင် မြင့်တက်နေမှု ကြောင့် အိန္ဒိယနိုင်ငံတွင် ရေပြတ်လပ်မှုများ နှင့် ရင်ဆိုင်နေရသည်။ ပြည်သူသန်းပေါင်း များစွာသည် ရေရှားပါးမှုကို ရင်ဆိုင်နေရ သလို နေအိမ်များတွင်လည်း လေအေးပေး စက်များ မရှိကြ။ အပူဒဏ်ကို လှိမ်ခံနေကြရ သည်။ ၂၀၂၀ ပြည့်နှစ် မေလသည် ၁၈ နှစ် အတွင်း အပူပြင်းဆုံးသောလ ဖြစ်သည်။ ပြည်သူလူထုသည် အပူရှိန်မှ သက်သာရာရ ဖို့ ပန်းခြံများသို့လည်းကောင်း၊ အရိပ်ရသစ် ပင်များအောက်တွင်လည်းကောင်း နေထိုင် ကြသည်။

အပူချိန်မြင့်တက်မှုဒဏ်ကို ခံနေရ သည်ဆိုသော်လည်း ကိုရိုနာဗိုင်းရပ်စ် အန္တ ရာယ်က အသက်သေဆုံးနိုင်သည့် အနေအ ထားရှိနေသဖြင့် လူအများစုသည် နှာခေါင်း စည်းများကို တပ်ဆင်ထားကြသည်။ အချို့ ကတော့ နှာခေါင်းစည်း တပ်ထားသော် လည်း နှာခေါင်းပေါ်မှာ မရှိ။ မေးစေ့တွင် ချိတ်ထားသလိုဖြစ်နေသည်။ အချို့ကတော့ အမှုမဲ့အမှတ်မဲ့ဖြင့် နှာခေါင်းစည်းမတပ်ဘဲ သွားလာနေကြသည်။

ဆိုင်ကလုန်း အမ်ဖန်တိုက်ခိုက်မှု ကြောင့် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသသည် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ မုန်တိုင်းဒဏ် ခံရသော ပြည်သူများသည် အိုးမဲ့အိမ်မဲ့ဘဝ ရောက်ခဲ့ရသည်။ အိန္ဒိယအစိုးရအနေဖြင့် မုန်တိုင်းသင့် ပြည်သူများအတွက် ခိုလှုံရန် နေရာများကို လုံလောက်စွာ မပေးနိုင်ခဲ့ပေ။ အထူးသဖြင့် COVID-19 ရောဂါဖြစ်ပွား နေချိန်တွင် ခိုလှုံရေးစခန်းတွင် ရှိနေသော ဒုက္ခသည်များကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ရေးဖြစ်သည့် တစ်ယောက်နှင့်တစ်ယောက် ခပ်ခွာခွာ နေထိုင်ရေးမှာလည်း မလွယ်ကူလှ ပေ။ ဆိုင်ကလုန်း အန္တရာယ်မှ လွတ်မြောက် ရေးအတွက် ဆောက်လုပ်ထားသည့် နေရာ များက ကျဉ်းပြီး ဒုက္ခသည်တို့က များနေ သည်ဟု Global Lead for Climate Change  မှ တာဝန်ရှိပုဂ္ဂိုလ် ဟာဂျစ်ဆင်းက ပြော ကြားခဲ့သည်။

“ဆိုင်ကလုန်းအန္တရာယ်မှ ကာကွယ်ရေးစခန်းတွေမှာ ရှိနေသူတွေအနေနဲ့ COVID-19 ကာကွယ်ရေးစည်းကမ်းချက် တွေ လိုက်နာဖို့ အင်မတန်ခက်နေပါတယ်” ဟု  ဒါကာအခြေစိုက် ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူ ဆာလီမူဟွတ်က သုံးသပ်ခဲ့ သည်။

ဆိုက်ကလုန်း အမ်ဖန်ကြောင့် ကိုးလ်ကတ္တားမြို့ရှိ လမ်းမများ ရေလွှမ်းသွား သည်။ သစ်ပင်များ အမြစ်မှ ကျွတ်ထွက်ပြီး လဲကျကုန်သည်။ တယ်လီဖုန်းလိုင်းများ ပြတ်တောက်ခဲ့သည်။ အချို့နေအိမ်များ သစ်ပင်ပိပြီး ပြားချပ်သွားသည်။ ကိုးလ် ကတ္တားမြို့နေ ပြည်သူ ၁၄ သန်းခန့် လျှပ်စစ် မီးများ ပြတ်တောက်ခဲ့ရသည်။

အနောက်ဘင်ဂေါလ်ပြည်နယ် ဝန်ကြီး ချုပ် မမ်မာတာဘနားဂျီးက ကိုးလ်ကတ္တားမြို့ တွင် အမ်ဖန်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံရ သည်မှာ COVID-19 ထက် ပိုဆိုးကြောင်း၊ စစ်ပွဲကာလတစ်ရပ် ကြုံတွေ့ရသည်နှင့်တူ ကြောင်း ပြောကြားခဲ့သည်။ အနောက် ဘင် ဂေါပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပြည်သူ ၇၂ ဦး သေဆုံးခဲ့သည်။

အိန္ဒိယနိုင်ငံတွင် သဲကန္တာရ ကျိုင်း ကောင်များသည် ရာဂျာ့စ်ဆန်ပြည်နယ်တွင် ဧပြီလတွင်းက ဝင်ရောက်ခဲ့ကြရာ လယ်မြေ ဟက်တာ ငါးသောင်းရှိ သီးနှံများ ပျက်စီးခဲ့ ရသည်။

“အခြေအနေက အရမ်းဆိုးနေပါတယ်” ဟု အိန္ဒိယနိုင်ငံ ကျိုင်းကောင်များ အန္တရာယ်  သတိပေးရေးအဖွဲ့မှ ကေအယ်ဂူဂျာက ပြော ကြားခဲ့သည်။

လယ်သမားများသည် သံပုံးများ တီးသူ တီး၊ ခဲများဖြင့် ပေါက်သူပေါက်ကြကာ ကျိုင်း ကောင်များ ပျံပြေးရန် ခြောက်လှန့်နေကြရ သည်။ အချို့က မီးရှို့ပြီး မီးခိုးလုံးများဖြင့် မှိုင်းတိုက်ကြသည်။

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူး စက်ခံရမှုကလည်း ဆက်လက်မြင့်တက်နေ ဆဲဖြစ်သည်။ ပြီးခဲ့သည့် ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ခြောက် ထောင့်ငါးရာ ရှိခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီအစိုးရက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ဆိုင်ရာ လမ်းညွှန်ချက်များကို ယခုရက်သတ္တ ပတ်ထဲတွင် ချမှတ်တော့မည်ဖြစ်သည်။ ကို ရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုအများဆုံး အရပ်ဒေသများတွင် နေအိမ်အပြင် ထွက် ခွင့်မပြုဘဲ ကန့်သတ်မှုများကို ဆက်လက် ထားရှိရန် စီစဉ်နေသည်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် နေအိမ်ပြင်ပထွက်ခွင့်မပြုဘဲ ထားသည်မှာ နှစ်လကြာမြင့်ခဲ့ခြင်းကြောင့် လုပ်ငန်းများ ပိတ်ထားခဲ့ရသည်။ အလုပ် လက်မဲ့ဦးရေ ၂၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ သည်။

မတ် ၂၅ ရက်တွင် တစ်နိုင်ငံလုံး နေ အိမ်ပြင်ပ မထွက်ရဟု အမိန့်ထုတ်ပြန်ခဲ့ချိန် မှစပြီး နေ့စားအလုပ်သမားများနှင့် အခြား ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လက်မဲ့ ဘဝရောက်ခဲ့ကြရသည်။ ကျေးလက်ဒေသ တွင် လုပ်ငန်းအဆင်မပြေသဖြင့် မြို့ကြီးများ သို့ ပြောင်းရွှေ့ခဲ့ကြသော ပြည်သူများအ တွက် အခက်အခဲများ ကြုံခဲ့ရသည်။ အိန္ဒိယ အစိုးရက မြို့ကြီးများတွင် ရောက်နေသော နယ်မှ အလုပ်သမားများ နေရပ်ပြန်နိုင်ရန် အထူးရထားများ ပြေးဆွဲပေးခဲ့သော်လည်း အချို့မှာ နေရပ်ပြန်မရောက်ကြ။ ရထား လမ်းမှာပင် အစာငတ်မွတ်ခြင်း၊ ရေဓာတ် ခန်းခြောက်ခြင်းများကြောင့် သေဆုံးခဲ့ကြ ရသည်။ နေရပ်ပြန်ရောက်သူအချို့ကတော့ COVID-19 ကာကွယ်ရေးဆိုင်ရာ စည်း ကမ်းများအရ ရောဂါရှိမရှိ စစ်ဆေးခံရခြင်း များ ပြုလုပ်ကြရသည်။ နေရပ်ပြန်လာသူများ ကြောင့် ဒေသခံကျန်းမာရေးဝန်ထမ်းများ အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာခဲ့သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဂျာနယ်လစ် ဂျိုင်းဒစ်ပ်ဂူပတားက ကိုရိုနာဗိုင်းရပ်စ်ရောဂါ၊ အပူချိန်မြင့်တက်မှု နှင့် ကျိုင်းကောင်အုပ်များ ကျရောက်မှုတို့ သည် အိန္ဒိယနိုင်ငံကို စိမ်းလန်းစိုပြေမှုရှိ အောင် သတိပေးလိုက်ခြင်းဖြစ်ကြောင်း ပြောကြားလိုက်သည်။

 

Most Read

Most Recent