COVID-19 ကြောင့် ဆောက်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများကို စာတမ်းပြုစုမည်ဖြစ်ပြီး အခြေခံအဆောက်အအုံများ၊ အစိုးရတင်ဒါများ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အကြံပြုနိုင်ကြောင်း ထုတ်ပြန်

COVID-19 ကြောင့် ဆောက်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများကို စာတမ်းပြုစုမည်ဖြစ်ပြီး အခြေခံအဆောက်အအုံများ၊ အစိုးရတင်ဒါများ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အကြံပြုနိုင်ကြောင်း ထုတ်ပြန်
  စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို တွေ့ရစဉ်(ဓာတ်ပုံ-ဆန်းထူးအောင်)
စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို တွေ့ရစဉ်(ဓာတ်ပုံ-ဆန်းထူးအောင်)
Published 12 May 2020
နီလာ

COVID-19 ကြောင့် ဆောက်လုပ်ရေး ကဏ္ဍအပေါ် သက်ရောက်မှုများကို စာတမ်းပြုစုမည်ဖြစ်ပြီး နိုင်ငံတော်၏ အခြေခံ အဆောက်အအုံများ၊ အစိုးရတင်ဒါများ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ စသည်တို့နှင့် ပတ်သက်၍ အကြံပြုနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် COVID-19 ကြောင့် “ဆောက်လုပ်ရေး ကဏ္ဍအပေါ် သက်ရောက်မှု ဆန်းစစ်ခြင်း” စာတမ်းကို ရေးဆွဲမည်ဟုသိရသည်။

ဆွေးနွေးရမည့်ခေါင်းစဉ်များတွင် သွင်းအားစုများ ပြတ်တောက်ခြင်းတွင် ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းမှုအနေအထား (ပြည်တွင်းပြည်ပ)၊ စျေးနှုန်း (တက်/ကျ)၊ ဆောက်လုပ်ရေးလုပ်သားများ ရရှိမှုနှင့် စုစည်းနိုင်မှု၊ ဝယ်လိုအားနည်းလာခြင်း ကဏ္ဍတွင် ဆောက်လုပ်ရေးကဏ္ဍများအလိုက် အနေအထားအရ အိမ်ခြံမြေတိုက်ခန်း အရောင်းအဝယ်၊ အိမ်ရာစီမံကိန်းများ အနေအထား၊ ရုံးနှင့် အဆောက်အအုံများ၊ အစိုးရတင်ဒါအကျိုးတူ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၊ လမ်း၊ တံတား၊ ဝယ်လိုသူများအတွက် အစိုးရ၏ပံ့ပိုးမှုများတွင် အိမ်ရာချေးငွေအတွက် အစိုးရ၏အစီအစဉ်များ၊ ကွန်ဒိုဥပဒေနှင့် အခြားဥပဒေများ ဖြေလျှော့ရေးတို့ ပါဝင်သည်။

ထို့ပြင်ဆောက်လုပ်ရေးကုမ္ပဏီများ၏ ဘဏ္ဍာရေးအကျပ်အတည်းတွင် လက်ရှိငွေ ဝင်ငွေ ထွက်စီးဆင်းမှု- လက်ကျန်ငွေ၊ ပရောဂျက်ပိုင်ရှင်များ၏ ငွေသွင်းနိုင်မှု၊ ဘဏ်များက ငွေထောက်ပ့ံနိုင်မှုနှင့် စီမံခန့်ခွဲရေးစိန် ခေါ်မှုများ၊ ဘဏ်များနှင့် ယခင်ကြုံတွေ့ခဲ့ရသော ချေးငွေကိစ္စများ၊ ရက်လွန်ချေးငွေများ၊ အတိုးနှုန်းနှင့် အခြားကိစ္စများ၊ အင်ဂျင်နီယာများ၏ကဏ္ဍများ ပါဝင်သည်။

ထို့ပြင် ဆောက်လုပ်ရေးအလုပ်သမားများ၏ စားဝတ်နေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတွင် အလုပ်သမားအင်အားနှင့်  လစာလျှော့ချမှု၊ အလုပ်ရှင်နှင့်အလုပ်သမား ပြဿနာများ၊ အလုပ်သမားများ၏လုပ် ငန်းခွင်ဘေးကင်းရေး ဆောင်ရွက်ထားမှု၊ လုပ်ငန်းခွင်၌ COVID-19 ကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်မှု၊ အလုပ်သမားများ၏ ကျွမ်းကျင်မှုစံနှုန်းများ မြှင့်တင်ရေးနှင့် အလုပ်လက်မဲ့ ဖြစ်နေချိန်၌ သင်တန်းများပေးရေး၊ ကုစားရေးအဆင့်တွင် ချေးငွေဖြင့် ကုစားရေး၊ လုပ်ငန်းသစ်များ ဖော်ဆောင်ပေးခြင်း၊ အခွန်လျှော့ချမှုအစီအစဉ်၊ ပြန်လည်ထူထောင်ရေးအဆင့်တွင် အကြံပြုလိုသည့် စီးပွားရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စီမံကိန်းတွင် နိုင်ငံတော်၏ အခြေခံအဆောက်အအုံများ၊ အစိုးရတင်ဒါများ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၊ ပုဂ္ဂလိကကဏ္ဍမှ တည်ဆောက်ရေးလုပ်ငန်းများနှင့် အခြားအကြံပြုလိုသည့်အချက်များ ရှိပါကလည်း ပေးပို့နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ဆောက်လုပ်ရေးကဏ္ဍ၌ ပါဝင်ဆောင်ရွက်နေသောအင်ဂျင်နီယာများ၊ ဆောက်လုပ်ရေးလုပ်သားများ၊ ဆောက်လုပ်ရေးကုမ္ပဏီများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို ထုတ်လုပ်တင်ပို့ ရောင်းချနေသူများ၊ ဆောက်လုပ်ရေးနှင့် ဆက်စပ်ဘဏ်များ၊ ဆောက်လုပ်ရေးပစ္စည်း သယ်ယူပို့ဆောင်သူများ၊ အိမ်ခြံမြေကဏ္ဍနှင့် သက်ဆိုင်သူများ၊ ဆောက်လုပ်ရေးကဏ္ဍနှင့် သက်ဆိုင်သော Stakeholder များအနေဖြင့် အကြံပြုချက်များကို ဆောက်လုပ်ရေးဝန်ကြီးဌာန Email လိပ်စာ [email protected] သို့လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁၁)နေပြည်တော်သို့ စာတိုက်မှလည်းကောင်း ပေးပို့ကြရန် ဖိတ်ခေါ်ထားသည်။

ယင်းသို့ တင်ပြထားသော အကြံပြုချက်များအပေါ် ပြန်လည်စုစည်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် Video Conferecing ပြုလုပ်သွားမည်ဖြစ်ပြီး အပြီးသတ်အစီရင်ခံစာကို ရေးသားပြုစုသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။                                  

 

Most Read

Most Recent