အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်သည် ဧပြီ ၂၈ ရက်တွင် ၃၀၀၀၀ နီးပါး ရှိလာပြီး အာရှတွင် တရုတ်ပြီးလျှင် ကူးစက်ခံရမှု ဒုတိယအများဆုံး နိုင်ငံဖြစ်လာခဲ့သည်။ မေ ၁ ရက်အထိ အိန္ဒိယနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ ၃၃၀၀၀ ကျော်ရှိပြီး တစ်ရက်အတွင်း လူနာအသစ် ၁၇၀၀ ကျော်အထိ ရှိလာခဲ့သည်။
မေ ၁ ရက်အထိ အာရှနိုင်ငံအချို့၏ COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေအရ အိန္ဒိယနိုင်ငံ၌ ဓာတ်ခွဲအတည်ပြုလူနာ ၃၃၀၀၀ ကျော်၊ စင်ကာပူနိုင်ငံ၌ ၁၅၀၀၀ ကျော်၊ ဂျပန်နိုင်ငံ၌ ၁၄၀၀၀ ကျော်၊ ကာတာနိုင်ငံ၌ ၁၂၀၀၀ ကျော်၊ ကိုရီးယားနိုင်ငံ၌ ၁၀၀၀၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံ၌ ၉၀၀၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ၇၁၀၀ ကျော်၊ မလေးရှားနိုင်ငံ၌ ၅၉၀၀ ကျော်၊ ထိုင်းနိုင်ငံ၌ ၂၉၀၀ ကျော်၊ သီရိလင်္ကာနိုင်ငံ၌ ၆၄၉ ဦး၊ ဗီယက်နမ်နိုင်ငံ၌ ၂၇၀၊ ကမ္ဘောဒီးယားနိုင်ငံ၌ ၁၂၂ ဦး၊ နီပေါနိုင်ငံ၌ ၅၇ ဦး၊ လာအိုနိုင်ငံ၌ ၁၉ ဦး၊ ဘူတန်နိုင်ငံ၌ ခုနစ်ဦးနှင့် မြန်မာနိုင်ငံ၌ ၁၅၁ ဦးရှိပြီဖြစ်သည်။










