ဘူဖွန်နှင့် ချီလီနီတို့အား စာချုပ်သစ်ချုပ်ဆိုရန် ဂျူဗင်တပ်စ်အသင်း စီစဉ် 

ဘူဖွန်နှင့် ချီလီနီတို့အား စာချုပ်သစ်ချုပ်ဆိုရန် ဂျူဗင်တပ်စ်အသင်း စီစဉ် 
Photos: Getty Images & Reuters
Photos: Getty Images & Reuters
Published 24 April 2020

ဂျူဗင်တပ်စ်အသင်းသည် အသင်းဝါရင့်ကစားသမားများဖြစ်သည့် ဂိုးသမား ဘူဖွန်နှင့် နောက်ခံလူ ချီလီနီတို့အား စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။ 

 

ဂျူဗင်တပ်စ်အသင်းသည် အသင်းဝါရင့်ကစားသမားများဖြစ်သည့် ဂိုးသမား ဘူဖွန်နှင့် နောက်ခံလူ ချီလီနီတို့အား စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။ 

ဘူဖွန်နှင့် ချီလီနီတို့၏ ဂျူဗင်တပ်စ်အသင်းနှင့် ချုပ်ဆိုထားသည့် လက်ရှိစာချုပ်များမှာ ဇွန်လ (၃၀)ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းက ၎င်းတို့ကို စာချုပ်သစ်ချုပ်ဆိုရန် အလိုရှိနေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။ 

အသက် (၄၂)နှစ်အရွယ်ရှိ အီတလီဂိုးသမား ဘူဖွန်သည် ၂၀၀၁ ခုနှစ်တွင် ပါးမားအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၂၀၁၈-၁၉ ရာသီတွင် PSG အသင်းသို့ တစ်ရာသီ ပြောင်းရွှေ့ကစားခဲ့သည်။ 

ယင်းနောက် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့တွင် ဂျူဗင်တပ်စ်အသင်းသို့ တစ်နှစ်စာချုပ်ဖြင့် ပြန်လည်ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဂျူဗင်တပ်စ်အသင်းက ၎င်းကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။ 

ထို့ပြင် ဂျူဗင်တပ်စ်အသင်းသည် အသက် (၃၅)နှစ်အရွယ်ရှိ အီတလီနောက်ခံလူ ချီလီနီကိုလည်း စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်း သိရသည်။ 

ချီလီနီသည် ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ယခုရာသီတွင် ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၃)ပွဲသာ ပါဝင်ကစားထားသည်။ သို့သော် ချီလီနီသည် ကိုရိုနာကပ်ဘေးကာလအတွင်း အသင်းကစားသမားများကို (၄)လစာ မယူရန် စည်းရုံးနိုင်ခဲ့သူဖြစ်ပြီး အသင်းပရိသတ်များက ၎င်းကို အသင်းတွင် ဆက်ရှိနေစေရန် အလိုရှိနေကြောင်း သိရသည်။

 

Most Read

Most Recent