နယူးကာဆယ်အသင်းကို လွှဲပြောင်းဝယ်ယူပြီးပါက အသင်းနည်းပြရာထူးအတွက် စပါးနည်းပြဟောင်း ပိုချက်တီနိုကိုခန့်အပ်ရန် ပိုင်ရှင်သစ်ဆန္ဒရှိ

နယူးကာဆယ်အသင်းကို လွှဲပြောင်းဝယ်ယူပြီးပါက အသင်းနည်းပြရာထူးအတွက် စပါးနည်းပြဟောင်း ပိုချက်တီနိုကိုခန့်အပ်ရန် ပိုင်ရှင်သစ်ဆန္ဒရှိ
Photos: Getty Images & Reuters
Photos: Getty Images & Reuters
Published 24 April 2020

နယူးကာဆယ်အသင်းကို လွှဲပြောင်းဝယ်ယူပြီးပါ ပိုင်ရှင်သစ်ဖြစ်လာမည့် ဘင်ဆယ်လ်မန်းသည် အသင်းနည်းပြရာထူးအတွက် စပါးအသင်း၏နည်းပြဟောင်းဖြစ်သည့် ပိုချက်တီနိုအား ခန့်အပ်ရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။

 

နယူးကာဆယ်အသင်းကို လွှဲပြောင်းဝယ်ယူပြီးပါ ပိုင်ရှင်သစ်ဖြစ်လာမည့် ဘင်ဆယ်လ်မန်းသည် အသင်းနည်းပြရာထူးအတွက် စပါးအသင်း၏နည်းပြဟောင်းဖြစ်သည့် ပိုချက်တီနိုအား ခန့်အပ်ရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။

    

ပိုချက်တီနိုသည် စပါးအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးချိန်ကတည်းက အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး ယခုအချိန်အထိ ကမ်းလှမ်းမှု  အတော်များများကို ငြင်းပယ်ထားသူ ဖြစ်သည်။ 

ဘင်ဆယ်လ်မန်းသည် နယူးကာဆယ်အသင်းကို ဝယ်ယူပြီးပါက  ပရီးမီးယားလိဂ်နှင့် ဥရောပထိပ်သီးအသင်းတစ်သင်းဖြစ်လာအောင် မျှော်လင့်နေပြီး လက်ရှိနည်းပြဖြစ်သူ စတိဗ်ဘရုစ်နှင့်လမ်းခွဲရန် စဉ်းစားထားသည်။

ပိုချက်တီနိုသည် ဆောက်သမ်တန်၊ စပါးအသင်းတို့အား ကိုင်တွယ်စဉ်က ထိပ်တန်းအသင်းတစ်သင်းဖြစ်လာအောင် ဆောင်ရွက်ခဲ့ဖူးသည့် အတွေ့အကြုံရှိသူဖြစ်ပြီး နယူးကာဆယ်အသင်းပိုင်ရှင်သစ်များ၏ ရည်မှန်းချက်နှင့် ကိုက်ညီသူဖြစ်ကြောင်းလည်း သိရှိရသည်။

    

ပိုချက်တီနိုသည် လက်ရှိအချိန်တွင် စပါးအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရခြင်းအတွက် လျော်ကြေးငွေများကို ခံစားနေရသူဖြစ်ပြီး ယခု ရာသီမကုန်မီ အခြားအသင်းတစ်သင်းသင်းကို ကိုင်တွယ်ရန် ဆုံးဖြတ်မှသာ လျော်ကြေးငွေရပ်တန့်မည်ဖြစ်သည်။ 

ထို့အတွက်ကြောင့် ပိုချက်တီနိုသည် အခြားအသင်းများကို ကိုင်တွယ်ခြင်းမပြုသေးဘဲ စပါးအသင်းထံမှ လျော်ကြေးငွေကို အပြည့်ယူကာ အသင်းသစ်တစ်သင်းသင်းကို စောင့်နေခြင်းလည်းဖြစ်သည်။ 

ဆော်ဒီပိုင်ရှင်များက နယူးကာဆယ်အသင်းနည်းပြရာထူးအတွက် ကမ်းလှမ်းလာလျှင်မူ ပိုချက်တီနိုအနေဖြင့် လက်ခံဖွယ်ရှိနေသည်ဟုလည်း သိရှိရသည်။

 

Most Read

Most Recent