ပွဲစဉ်တစ်ပွဲတွင် ပါဝင်ပတ်သက်မည့် လူ(၃၂၂)ဦးအတွက် လိုက်နာရမည့်အစီအစဉ်များကို ဘွန်ဒစ်လီဂါ ထုတ်ပြန်

ပွဲစဉ်တစ်ပွဲတွင် ပါဝင်ပတ်သက်မည့် လူ(၃၂၂)ဦးအတွက် လိုက်နာရမည့်အစီအစဉ်များကို ဘွန်ဒစ်လီဂါ ထုတ်ပြန်
Photos: Bundesliga & Getty Images
Photos: Bundesliga & Getty Images
Published 24 April 2020

ဘွန်ဒစ်လီဂါလိဂ်အဖွဲ့ချုပ်သည် မကြာမီပြန်လည် စတင်ဖွယ်ရှိနေသည့် လိဂ်ပွဲစဉ်များတွင် ပါဝင်ပတ်သက်မည့် လူ (၃၂၂)ဦး လိုက်နာရမည့်အချက်များကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရသည်။

 

ဘွန်ဒစ်လီဂါလိဂ်အဖွဲ့ချုပ်သည် မကြာမီပြန်လည် စတင်ဖွယ်ရှိနေသည့် လိဂ်ပွဲစဉ်များတွင် ပါဝင်ပတ်သက်မည့် လူ (၃၂၂)ဦး လိုက်နာရမည့်အချက်များကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရသည်။

    

ကွင်းပိတ်ပွဲစဉ်တစ်ပွဲတွင် စုစုပေါင်းပါဝင်ပတ်သတ်မည့် လူ (၃၂၂)ဦးထဲတွင် ကစားသမားများနှင့် အခြားဝန်ထမ်းများပါဝင်ပြီး တစ်ဦးချင်းစီ၏လိုက်နာရမည့်အချက်များကို စုပေါင်းဖော်ပြထားသည့် ယင်းထုတ်ပြန်ချက်တွင် စာမျက်နှာ (၄၁)မျက်နှာပါဝင်ကြောင်း သိရှိရသည်။ 

ယင်းထုတ်ပြန်ချက်တွင် အုပ်စု(၃)စုပါဝင်ပြီး ဇုန်(၁)တွင် ပွဲထွက်ကစားသမားများ၊ အရန်ကစားသမားများ၊ ဘောကောက်များ၊ ဒိုင်လူကြီးအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ VAR နည်းစနစ်ပိုင်း အဖွဲ့၊ ဆေးအဖွဲ့၊ နည်းပြအဖွဲ့၊ သန့်ရှင်းရေးအဖွဲ့ စသူတို့ ပါဝင်ပြီး စုစုပေါင်း (၉၈)ဦးရှိမည်ဖြစ်သည်။



    

ဇုန်(၂)တွင်မူ စုစုပေါင်းလူဦးရေ (၁၁၅)ဦးရှိပြီး မီဒီယာနှင့် Match Day Control Rooms များ၊ ရုပ်သံသုံးသပ်သူများ၊ ရဲ၊ မီးသတ်တို့အပါအဝင် အခြားအဖွဲ့အစည်းများစွာပါဝင်ကြောင်းလည်း သိရှိရသည်။

    

ဇုန်(၃)တွင်မူ စုစုပေါင်း(၁၀၉)ဦးပါဝင်ပြီး ကွင်းဝန် ထမ်း(၈)ဦး၊ VAR နှင့် TV နည်းပညာသမား (၃၇)ဦး၊ ရိုက်ကူးရေးအဖွဲ့ဝင် (၁၄)ဦး၊ လုံခြုံရေးဝန်ထမ်း (၅၀)ဦးတို့ ပါဝင်သည်။ 

စာမျက်နှာ (၄၁)မျက်နှာပါ ညွှန်ကြားချက်တွင် (၃၂၂)ဦးစလုံး၏ အသေးစိတ်အစီအစဉ်များပါဝင်ပြီး အဖွဲ့တစ်ခုနှင့်တစ်ခု၊ ဇုန်တစ်ခုနှင့် တစ်ခုတို့၏ နေထိုင်ရမည့် အကွာအဝေးများကိုလည်း အသေးစိတ်တွက်ချက်ဖော်ပြထားကြောင်း သိရှိရသည်။



    

ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများအနက် ဘွန်ဒစ်လီဂါသည် ကွင်းပိတ်ကစားခြင်းနှင့်ပတ်သက်၍ စနစ်ကျသည့် ညွှန်ကြားချက်ကို ပထမဆုံးထုတ်ပြန်သည့် လိဂ်ပြိုင်ပွဲဖြစ်လာခဲ့ပြီး မီဒီယာများက ချီးကျူးခဲ့ကြသည်။ 

အင်္ဂလိပ်မီဒီယာများကလည်း ပရီးမီးယားလိဂ်အနေဖြင့် ယင်းအချက်များကို ဥပမာယူကာ လိုက်နာကျင့်သုံးရန်အတွက် တိုက်တွန်းထားပြီး ပရီးမီးယားလိဂ်၏ နှောင့်နှေးနေမှုများကိုလည်း ဝေဖန်ခဲ့သည်။ 

 

Most Read

Most Recent