လာလီဂါကစားသမားများတွင် ဗိုင်းရပ်စ်ပိုးရှိ၊ မရှိ အဆင့်(၃)ဆင့်ဖြင့် စစ်ဆေးမည်

လာလီဂါကစားသမားများတွင် ဗိုင်းရပ်စ်ပိုးရှိ၊ မရှိ အဆင့်(၃)ဆင့်ဖြင့် စစ်ဆေးမည်
Photos: Marca & Getty Images
Photos: Marca & Getty Images
Published 24 April 2020

လာလီဂါအဖွဲ့ချုပ်နှင့် လာလီဂါကလပ်အသင်းများမှ ဆရာဝန်များ၏ တွေ့ဆုံမှုပြီးနောက် လေ့ကျင့်ရေးအစီအစဉ်များ ပြန်မစတင်မီ ကစားသမားများတွင် ဗိုင်းရပ်စ်ပိုးရှိ၊ မရှိ အဆင့်(၃)ဆင့်ဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

လာလီဂါကလပ်အသင်း (၂၀)မှ ကစားသမားတိုင်း၊ ဝန်ထမ်းတိုင်း၊ နည်းပြတိုင်းကို ကျန်းမာရေးစစ်ဆေးသွားမည်ဖြစ်ပြီး  ယင်းကဲ့သို့ ပြုလုပ်သည့်တိုင် ကစားသမားများ၏ လုံ ခြုံရေးအား အာမခံပေးနိုင်မည်မဟုတ်ကြောင်း ဆရာဝန်များက သတိပေးထားသည်။ 

ပထမအဆင့်တွင် PCR Test ၊ ဒုတိ ယအဆင့်တွင် Antibody Test များဖြင့် စစ်ဆေးမည်ဖြစ်ပြီး ပြိုင်ပွဲမစတင်မီတွင် တတိယအကြိမ် ထပ်စစ်မည်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ယခုရာသီ လာလီဂါပြိုင်ပွဲကို မတ်လကတည်းက ရပ်နားထားခဲ့ရပြီး လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ တီဘက်စ်က မေလကုန်ပိုင်း သို့မဟုတ် ဇွန်လအစပိုင်းတွင် လာလီဂါပြိုင်ပွဲကို ပြန်လည်ကစားနိုင်ရန် ပစ်မှတ်ထားနေကြောင်း သိရသည်။ 

လာလီဂါကစားသမားများအနေဖြင့် အသင်းလိုက်လေ့ကျင့်မှုများ ပြုလုပ်ရန် အသင့်ရှိနေပြီး စပိန်အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။ 

Most Read

Most Recent