ဗြိတိန်အစိုးရ၏ Lockdown အစီအစဉ်ကို ဖောက်ဖျက်သည့် ကစားသမားများထဲတွင် အာဆင်နယ်ကစားသမား(၄)ဦးလည်း ပါဝင်လာခဲ့ကြောင်း သိရှိရသည်။
ဗြိတိန်အစိုးရ၏ Lockdown အစီအစဉ်ကို ဖောက်ဖျက်သည့် ကစားသမားများထဲတွင် အာဆင်နယ်ကစားသမား(၄)ဦးလည်း ပါဝင်လာခဲ့ကြောင်း သိရှိရသည်။
အာဆင်နယ်အသင်း၏ ပေါင် (၇၂)သန်းတန် စံချိန်တင်ပြောင်းရွှေ့ကြေးရှင် နီကိုးလက်စ်ပေပေသည် မြောက်လန်ဒန်တွင် အပေါင်းအသင်းများနှင့်အတူ ဘောလုံးကစားနေသည့်ပုံများ Whatsapp တွင် ပေါ်ထွက်လာခဲ့သည်။
နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်နှင့် ကွင်းလယ်လူ ချာကာတို့မှာလည်း Parkland ဒေသတွင် အတူရှိ နေခဲ့ကြပြီး အခြားကစားသမားတစ်ဦးမှာမူ တိုက်စစ်မှူး လာကာဇက်ဖြစ်သည်။
အာဆင်နယ်အသင်း၏ ပြောရေးဆိုခွင့်ရှိသူက "ကစားသမားတွေနဲ့ပတ်သက်ပြီး ပြန်သိရလို့ ကျေးဇူးတင်ပါတယ်။ သူတို့နဲ့ ကျွန်တော်တို့ အသင်း ဆွေးနွေးသွားမှာပါ။ နီကိုးလက်စ်ဟာ ထိတွေ့ခဲ့သူအရေအတွက် အများကြီးရှိခဲ့တာကိုလည်း ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ အစိုးရရဲ့ အစီအစဉ်တွေကို စည်းကမ်းတကျ လိုက်နာခြင်းရဲ့အရေးပါပုံအကြောင်းကို ကျွန်တော်တို့ သူ့ကို ရှင်းပြသွားမှာပါ"ဟု ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်ကစားသမား များထဲတွင် ပရီးမီးယားလိဂ်၏ Stay at Home အစီအစဉ်ကို မလိုက်နာသည့်ကစားသမားများစွာ ရှိနေပြီး နောက်ဆုံး စည်းမျဉ်းချိုးဖောက်ခဲ့သူများမှာ စပါးကစားသမားများဖြစ်သည့် ဝေါ်လ်ကာ၊ ဆစ်ဆိုကိုနှင့် အော်ရီယေးတို့ဖြစ်သည်။