အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသော်လည် ဘာစီလိုနာအကြောင်းသာ စဉ်းစားထားဟု အာသာ ပြောကြား

အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသော်လည် ဘာစီလိုနာအကြောင်းသာ စဉ်းစားထားဟု အာသာ ပြောကြား
Photos: Getty Images
Photos: Getty Images
Published 22 April 2020

အသက် (၂၃)နှစ် အရွယ်ရှိ ဘရာဇီးလ်ကွင်းလယ်လူ အာသာ အားခေါ်ယူရန်အတွက် စီးရီးအေကလပ် အင်တာမီလန်အသင်းက စိတ်ဝင်စားနေပြီး ကစားသမားကိုယ်တိုင်ကမူ ဘာစီလိုနာအသင်းတွင်သာ ဆက်ကစားရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ 

 

ဘာစီလိုနာကွင်းလယ်လူ အာသာက မိမိအနေဖြင့် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသော်လည်း လက်ရှိကလပ် ဘာစီလိုနာအသင်းအကြောင်းသာ စဉ်းစားထား ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၂၃)နှစ် အရွယ်ရှိ ဘရာဇီးလ်ကွင်းလယ်လူ အာသာ အားခေါ်ယူရန်အတွက် စီးရီးအေကလပ် အင်တာမီလန်အသင်းက စိတ်ဝင်စားနေပြီး ကစားသမားကိုယ်တိုင်ကမူ ဘာစီလိုနာအသင်းတွင်သာ ဆက်ကစားရန် ဆန္ဒရှိနေခြင်းဖြစ်သည်။ 

အာသာက "အင်တာမီလန်လိုအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေထွက်တဲ့အပေါ် ကျွန်တော့်အနေနဲ့ ဂုဏ်ယူမိပါတယ်။ သူတို့ (အင်တာမီလန်)အသင်းမှာ ထိပ်တန်းနည်းပြတစ်ဦး ဖြစ်တဲ့ ကွန်တီရှိနေသလို၊ အထင်ကြီးလောက်စရာ လူစာရင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ လက်ရှိမှာတော့ ဘာစီလိုနာအသင်းအကြောင်းကိုပဲ စဉ်းစားပါတယ်။ ဒီအသင်းမှာရှိနေတာ ကျွန်တော့်အတွက် အလွန်သက်သောင့်သက်သာရှိပါတယ်" ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent