ကာဆီးလက်စ်ကြောင့် မိမိဂိုးသမား ဖြစ်လာခဲ့သည်ဟု  ကော်တိုအာ ပြောကြား

ကာဆီးလက်စ်ကြောင့် မိမိဂိုးသမား ဖြစ်လာခဲ့သည်ဟု  ကော်တိုအာ ပြောကြား
Photos: Getty Images
Photos: Getty Images
Published 22 April 2020

အသက် (၂၇)နှစ်အရွယ်ရှိ ကော်တိုအာက မိမိအနေဖြင့် ကာဆီးလက်စ်၏ပွဲစဉ်များကို ကြည့်ရှုပြီး ဂိုးသမားတစ်ဦးဘဝသို့ ရောက်ရှိလာခဲ့သလို၊ မန်ယူဂိုးသမားဟောင်း ဗန်ဒါးဆားကိုလည်း အတုယူခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

 

ရီးယဲလ်မက်ဒရစ်အသင်း၏ ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမား ကော်တိုအာက မိိမိအနေဖြင့် ဂိုးသမားတစ်ဦးဖြစ်လာရခြင်းမှာ ရီးယဲလ်အသင်း၏ စပိန်ဂန္ထဝင်ဂိုးသမား ကာဆီးလက်စ်ကြောင့်ဖြစ်သည်ဟု ဖွင့်ဟခဲ့သည်။ 

အသက် (၂၇)နှစ်အရွယ်ရှိ ကော်တိုအာက မိမိအနေဖြင့် ကာဆီးလက်စ်၏ပွဲစဉ်များကို ကြည့်ရှုပြီး ဂိုးသမားတစ်ဦးဘဝသို့ ရောက်ရှိလာခဲ့သလို၊ မန်ယူဂိုးသမားဟောင်း ဗန်ဒါးဆားကိုလည်း အတုယူခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

ကော်တိုအာက "အီကာ (ကာဆီးလက်စ်) ရီးယဲလ်အသင်းမှာ စတင်ကစားခဲ့စဉ်ကတည်းက ကျွန်တော် သူ့ကိုကြည့်ရှုခဲ့ပြီး သူ့ကြောင့်ပဲ ဂိုးသမား တစ်ဦးဖြစ်လာခဲ့တာပါ။ ကျွန်တော့် အနေနဲ့ သူကစားတာကိုကြည့်ရတာ ကြိုက် နှစ်သက်ပြီး  ရီးယဲလ်အသင်းကိုလည်း ချစ်ခဲ့ ပါတယ်။ ကျွန်တော့်အသက် (၁၄)နှစ်အရွယ် မှာတော့ ဗန်ဒါးဆားကစားပုံနောက်လိုက်ပါခဲ့ပြီး သူ့ရဲ့နည်းစနစ်ပိုင်းတွေက ကျွန်တော့်ပုံစံနဲ့ ပိုပြီးတူညီပါတယ်" ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent