ပြည်တွင်းပြိုင်ပွဲများ ပြန်လည်စတင်ပါက အနည်းဆုံးသုံးပတ်ကြိုတင်အကြောင်းကြားမည်ဟု MNL ကော်မတီ အတည်ပြုထုတ်ပြန်

ပြည်တွင်းပြိုင်ပွဲများ ပြန်လည်စတင်ပါက အနည်းဆုံးသုံးပတ်ကြိုတင်အကြောင်းကြားမည်ဟု MNL ကော်မတီ အတည်ပြုထုတ်ပြန်
Photo : EMG
Photo : EMG
Published 22 April 2020

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ရာသီဝက်အပြောင်းအရွှေ့ကာလ ပြန်လည်သတ်မှတ်ရာတွင် ပြိုင်ပွဲစတင်မည့်ရက်အတွက် ကြိုတင်အကြောင်းကြားမည့်ကာလကိုပါ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအပါ အဝင် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်းပြိုင်ပွဲ အားလုံးကို ရပ်နားထားပြီး ရောဂါအခြေအနေ ထိန်းချုပ်နိုင်မှသာ ပြန်လည်ကျင်းပမည်ဖြစ်ရာ ကလပ်အသင်းများ ပြင်ဆင်ချိန်ရရှိရန် ကြိုတင်အကြောင်းကြားခြင်းဖြစ်သည်။ 

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားသည့် ပြည်တွင်းပြိုင်ပွဲများ ပြန်လည်ကျင်းပပါက အနည်းဆုံးသုံးပတ်ကြိုတင်အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ရာသီဝက်အပြောင်းအရွှေ့ကာလ ပြန်လည်သတ်မှတ်ရာတွင် ပြိုင်ပွဲစတင်မည့်ရက်အတွက် ကြိုတင်အကြောင်းကြားမည့်ကာလကိုပါ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအပါ အဝင် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်းပြိုင်ပွဲ အားလုံးကို ရပ်နားထားပြီး ရောဂါအခြေအနေ ထိန်းချုပ်နိုင်မှသာ ပြန်လည်ကျင်းပမည်ဖြစ်ရာ ကလပ်အသင်းများ ပြင်ဆင်ချိန်ရရှိရန် ကြိုတင်အကြောင်းကြားခြင်းဖြစ်သည်။ 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ရာသီဝက်အပြောင်းအရွှေ့ကာလကို ဇွန် ၁ ရက်မှ ၃၀ ရက်အထိ ပြောင်းလဲသတ်မှတ်ထား ပြီး နိုင်ငံတော်အစိုးရမှ အားကစားပြိုင်ပွဲများ  ပြန်လည်ကျင်းပခွင့်ရမှသာ ယင်းအပြောင်း အရွှေ့ကာလမှာ အကျုံးဝင်မည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် MNL စီနီယာလိဂ်ပြိုင်ပွဲ၊ MNL ယူ-၂၁ လိဂ်ပြိုင်ပွဲ၊ MNL ယူ-၁၉ လိဂ်ပြိုင်ပွဲနှင့် MNL-2 (ပထမတန်း) ပြိုင်ပွဲများ ပြန်လည်ကျင်းပမည့် ရက်အပါအဝင် ကစားသမားများ၏ အပြောင်း အရွှေ့၊ အုပ်ချုပ်^နည်းပြအဖွဲ့ဝင်များနှင့် ပြည်တွင်းကစားသမားများ မှတ်ပုံတင်သွင်း ခြင်း၊ လူငယ်လိဂ်ပြိုင်ပွဲများ၏ ရာသီဝက် အပြောင်းအရွှေ့ကာလတို့ကို ကြိုတင်အကြောင်း ကြားမည်ဖြစ်ကြောင်း သိရသည်။ MNL ကော်မတီအနေဖြင့် အနည်းဆုံးသုံးပတ်မှ လေးပတ်အထိ ကြိုတင်အကြောင်းကြားရန် စီစဉ်ထားရာ နှစ်လယ်ပိုင်းနောက်ပိုင်းမှသာ အစောဆုုံး စတင်နိုင်ဖွယ်ရှိနေသည်။ 

ပြည်တွင်းပြိုင်ပွဲများကို မတ် ၂၄ ရက်မှ စ၍ ရက်အကန့်အသတ်မရှိ ရပ်နားထားပြီး  လိဂ်ပြိုင်ပွဲလေးခုမှာ ကျင်းပနေသည့်ကာလ တွင် ရပ်နားခဲ့ရခြင်းဖြစ်ကာ ဗိုလ်ချုပ်အောင် ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲမှာမူ ကျင်းပခါနီးတွင် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ MNL-2 ပြိုင်ပွဲ မှာ ပထမအကျော့ ပြီးဆုံးနေပြီဖြစ်ပြီး MNL စီနီယာလိဂ်ပြိုင်ပွဲ၊ MNL ယူ-၂၁ ပြိုင်ပွဲနှင့် ယူ-၁၉ ပြိုင်ပွဲတို့မှာ ပထမအကျော့ကျင်းပနေသည့်ကာလတွင် ရပ်နားခဲ့ခြင်းဖြစ်သည်။ ကလပ်အသင်းအားလုံးမှာလည်း လေ့ကျင့်မှု များရပ်နားထားပြီး ကစားသမားများမှာမူ ကိုယ်ပိုင်အစီအစဉ်များဖြင့် တစ်ဦးချင်းလေ့ ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ မှာ ပွဲစဉ် (၁၀) ကျင်းပနေသည့်ကာလတွင် ရပ်နားခဲ့ရခြင်းဖြစ်ပြီး နှစ်ပွဲသာကစားရသေးကာ လေးပွဲကစားရန် ကျန်ရှိနေသည်။ ပြိုင်ပွဲ ခေတ္တရပ်နားချိန်တွင် ဟံသာဝတီအသင်းက ထိပ်ဆုံးမှ ဦးဆောင်နေသည်။ 

 

Most Read

Most Recent