အင်္ဂလန်လူငယ်တောင်ပံကစားသမား ဆန်ချိုကိုခေါ်ယူရန် မန်ယူအသင်း သဘောတူညီမှုရခဲ့ပြီးဒေါ့မွန်အသင်းနှင့် ပြောင်းရွှေ့ကြေးဆွေးနွေးရန်သာကျန်ရှိတော့ဟု ဗြိတိန်မီဒီယာများ ဖော်ပြ

အင်္ဂလန်လူငယ်တောင်ပံကစားသမား ဆန်ချိုကိုခေါ်ယူရန် မန်ယူအသင်း သဘောတူညီမှုရခဲ့ပြီးဒေါ့မွန်အသင်းနှင့် ပြောင်းရွှေ့ကြေးဆွေးနွေးရန်သာကျန်ရှိတော့ဟု ဗြိတိန်မီဒီယာများ ဖော်ပြ
Photos: Getty Images
Photos: Getty Images
Published 22 April 2020

အသက် ၂၀ နှစ်အရွယ်သာရှိသေးသူ ဆန်ချိုသည် ယခုရာသီ ဘွန်ဒစ်လီဂါ ၂၃ ပွဲကစားပြီးချိန်တွင် ၁၄ ဂိုးသွင်း၊ ၁၅ ဂိုးဖန်တီးပေးထားမှုကြောင့် ဥရောပ ထိပ်တန်းကလပ်အသင်းများ၏ ပစ်မှတ်ဖြစ်လာခဲ့သည်။ ဆန်ချို၏အံ့အားသင့် ဖွယ်စွမ်းဆောင်ရည်ကြောင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သည့် လီဗာပူးလ်နှင့် ချယ်လ်ဆီးအသင်းများမှ စိတ်ဝင်စားခဲ့သော်လည်း မန်ယူအသင်းက လက်ဦးမှုရယူခဲ့ခြင်းဖြစ်သည်ဟု ယင်းသတင်းတွင် ရေးသားခဲ့သည်။

 

မန်ယူအသင်းသည် အင်္ဂလန်လူငယ်ကြယ်ပွင့် တောင်ပံကစားသမား ဆန် ချိုကို ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီး မိခင်ကလပ် ဒေါ့မွန်အသင်းနှင့် ပြောင်း ရွှေ့ကြေးကိစ္စ ဆွေးနွေးရန်သာ ကျန်ရှိတော့ကြောင်း ဗြိတိန်မီဒီယာများက ဖော် ပြခဲ့ကြသည်။ လပေါင်းများစွာ လျှို့ဝှက်ဆွေးနွေးပြီးနောက် မန်ယူအသင်းနှင့် ဆန်ချိုအကြား ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့သည်ဟု ဗြိတိန်သတင်းစာ Metro က ရေးသားခဲ့သည်။

အသက် ၂၀ နှစ်အရွယ်သာရှိသေးသူ ဆန်ချိုသည် ယခုရာသီ ဘွန်ဒစ်လီဂါ ၂၃ ပွဲကစားပြီးချိန်တွင် ၁၄ ဂိုးသွင်း၊ ၁၅ ဂိုးဖန်တီးပေးထားမှုကြောင့် ဥရောပ ထိပ်တန်းကလပ်အသင်းများ၏ ပစ်မှတ်ဖြစ်လာခဲ့သည်။ ဆန်ချို၏အံ့အားသင့် ဖွယ်စွမ်းဆောင်ရည်ကြောင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သည့် လီဗာပူးလ်နှင့် ချယ်လ်ဆီးအသင်းများမှ စိတ်ဝင်စားခဲ့သော်လည်း မန်ယူအသင်းက လက်ဦးမှုရယူခဲ့ခြင်းဖြစ်သည်ဟု ယင်းသတင်းတွင် ရေးသားခဲ့သည်။ The SUn သတင်းစာကမူ မန်ယူအသင်းနှင့် ဆန်ချို၏ကိုယ်စားလှယ်များအကြား လများစွာဆွေးနွေးပြီးနောက် ဆန်ချိုအား စာချုပ်ချုပ်ဆိုခွင့်ရရှိခဲ့ပြီဟု ယုံကြည်ကြောင်း ဖော်ပြခဲ့သည်။ 

ထို့ပြင် ယင်းသတင်းတွင် စာချုပ်ပါအချက်အလက်အားလုံး သဘောတူညီမှုရရှိခဲ့ကြောင်း ရေးသားခဲ့သည်။ စာချုပ်သက်တမ်း၊ လစာ၊ အပိုဆုကြေးနှင့် စာချုပ်လျော်ကြေးစသည့် အချက်အလက်များကို နှုတ်အားဖြင့်သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မန်ယူအသင်းသည် ဒေါ့မွန်အသင်းနှင့် ပြောင်းရွှေ့ကြေးကိစ္စဆွေးနွေးရန်သာ ကျန်ရှိတော့ပြီး ဒေါ့မွန်အသင်းမှ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏရရှိရန် မျှော်လင့်နေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ဒေါ့မွန်အသင်းသည် ဆန်ချို၏ပြောင်းရွှေ့ကြေးအတွက် ပေါင် ၉၅ သန်း အောက်လျော့နည်းသည့်ပမာဏကို လက်ခံဖွယ်မရှိသောကြောင့် မန်ယူအသင်းအနေဖြင့် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကို ဂျူဗင်တပ်စ်အသင်းမှ ခေါ်ယူစဉ် က ပေးချေခဲ့ရသည့် အသင်း၏စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းထက် ကျော်လွန်ပြီး အသုံးပြုရဖွယ်ရှိနေသည်။ ဒေါ့မွန်အသင်း စီအီးအို ဗက်ဇ်ကယ်ကမူ ကစားသမားဖြစ်သူမှ အသင်းမှထွက်ခွာခွင့်တောင်းဆိုလာခဲ့လျှင် ကလပ် အသင်းအနေဖြင့် တားဆီးမည်မဟုတ်ကြောင်း ပြီးခဲ့သည့်လက အတိအလင်းပြောကြားထားသည်။

ဒေါ့မွန်အသင်းသည် ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၁၂ဝအထိ အလိုရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းကမူ ဒေါ့မွန်အသင်းအနေဖြင့် ဆန်ချိုမှာ အသင်း၏ဆက်နေရန်ဆန္ဒရှိခဲ့လျှင် တစ်နှစ်လစာ ပေါင် ၈ ဒသမ ၆ သန်း(တစ်ပတ် ပေါင် ၁၆၅၀၀၀) အ ထိပေးပြီး စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိသည်ဟု သတင်းများလည်း ထွက်ပေါ်ထားသည်။ ဆန်ချိုသည် ၂၀၁၇ ခုနှစ်တွင် မန်စီးတီးအသင်းမှ ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

 

Most Read

Most Recent