မေလတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဒေးဗစ်ဒန်းနှင့် ဒွေးကိုကိုချစ်တို့ကို သက်တမ်းတိုးရန် ရှမ်းယူနိုက်တက်အသင်း ကြိုးပမ်းနေ

မေလတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဒေးဗစ်ဒန်းနှင့် ဒွေးကိုကိုချစ်တို့ကို သက်တမ်းတိုးရန် ရှမ်းယူနိုက်တက်အသင်း ကြိုးပမ်းနေ
Photos: EMG
Photos: EMG
Published 22 April 2020

ရှမ်းယူနိုက်တက်အသင်းသည် ယင်းကစားသမားနှစ်ဦးကို သက်တမ်းတိုးရန် ညှိနှိုင်းနေသော်လည်း COVID-19 ရောဂါ ကြောင့် ကြန့်ကြာမှုများရှိနေပြီး လာမည့်ရက်ပိုင်းအတွင်း အပြီးသတ်ဆောင်ရွက်သွားဖွယ် ရှိနေသည်။ ဒေးဗစ်ဒန်းသည် ၂၀၁၈ ရာသီ ဝက်တွင် ရန်ကုန်အသင်းမှ ရှမ်းယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး နှစ်နှစ်သာ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်သည်။ 

 

ရှမ်းယူနိုက်တက်အသင်းသည် မေလတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ညာနောက်ခံလူ ဒေးဗစ်ဒန်းနှင့် တိုက်စစ်မှူး ဒွေးကိုကိုချစ်တို့ကို သက်တမ်းတိုးရန် ကြိုးပမ်းနေကြောင်း သိရသည်။

ရှမ်းယူနိုက်တက်အသင်းသည် ယင်းကစားသမားနှစ်ဦးကို သက်တမ်းတိုးရန် ညှိနှိုင်းနေသော်လည်း COVID-19 ရောဂါ ကြောင့် ကြန့်ကြာမှုများရှိနေပြီး လာမည့်ရက်ပိုင်းအတွင်း အပြီးသတ်ဆောင်ရွက်သွားဖွယ် ရှိနေသည်။ ဒေးဗစ်ဒန်းသည် ၂၀၁၈ ရာသီ ဝက်တွင် ရန်ကုန်အသင်းမှ ရှမ်းယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး နှစ်နှစ်သာ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်သည်။ 

တိုက်စစ်မှူး ဒွေးကိုကိုချစ်မှာမူ ၂၀၁၇ ရာသီဝက်တွင် ရခိုင်အသင်းမှ ရှမ်းယူနိုက်တက်အသင်း သို့ ပြောင်းရွှေ့လာပြီး ၂၀၁၈ ရာသီအထိ အမာခံကစားသမားအဖြစ် ပွဲထွက်ခွင့်ရခဲ့ သော်လည်း ပြီးခဲ့သည့်ရာသီတွင် ပွဲထွက်ခွင့် ရရန် ရုန်းကန်ခဲ့ရသလို ယခုရာသီတွင်လည်း ပွဲကစားခွင့်ရရန် ရုန်းကန်နေရသည်။ ဒွေးကိုကိုချစ်သည် ၂၀၁၇ ရာသီဝက်နှင့် ၂၀၁၈ ရာ သီတွင် ရှမ်းယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြကာ ဂိုးများသွင်းယူနိုင်ခဲ့ပြီး အမှတ် ပေးချန်ပီယံဆုနှစ်ကြိမ်၊ ရှုံးထွက်ချန်ပီယံဆု တစ်ကြိမ် ဆွတ်ခူးရရှိခဲ့သည်။

ဒေးဗစ်ဒန်းသည် နှစ်ရာသီအတွင်း ရှမ်းယူနိုက်တက် အသင်းတွင် အမာခံကစားသမားအဖြစ် ပါဝင်ကစားခွင့်ရနေသလို အသင်းခေါင်းဆောင် သီဟစည်သူမပါဝင်သည့်ပွဲများတွင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခံရသူဖြစ်သည်။ ဒေးဗစ်ဒန်းသည် နှစ်နှစ်တာကာလအတွင်း ရှမ်းယူနိုက်တက်အသင်းနှင့် အမှတ်ပေးချန်ပီယံဆုတစ်ကြိမ် ရရှိခဲ့သည်။

" ဒေးဗစ်ဒန်းနဲ့ ဒွေးကိုကိုချစ်ကို သက်တမ်းတိုးဖို့ ကြိုးစားနေပါတယ်။ မေလမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်တာကြောင့့် အမြန်ဆုံးသက်တမ်းတိုးနိုင်အောင် ကြိုးစားနေပါတယ်။ ဒါပေမဲ့ COVID-19 ရောဂါကြောင့် ဆောင်ရွက်ရတာ အခက်အခဲတော့ ရှိပါတယ်" ဟု ရှမ်းယူနိုက်တက်အသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီတွင် ပြည် တွင်းအမာခံကစားသမားများကို လက်လွှတ်ဆုံးရှုံးနေရပြီး ၂၀၂၀ ရာသီမစမီက ဆွမ်လမန်နှင့် ထိုက်ထိုက်အောင်၊ ပြီးခဲ့သည့်ရက်ပိုင်းက ရန်နိုင်ဦးတို့ကို အသင်းပြောင်းရွှေ့ခွင့်ပြုခဲ့ရသည်။

    

 

Most Read

Most Recent