အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၇၅)ပွဲကစားပေးထားသူ ဂျိုးဟတ်သည် ယခုနွေရာသီတွင် ဘန်လေအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်၍ အသင်းမှထွက်ခွာရန် စီစဉ်နေသူဖြစ်သည်။
ဘန်လေအသင်း၏ အင်္ဂလန်ဝါရင့်ဂိုးသမား ဂျိုးဟတ် (၃၂ နှစ်) အားခေါ် ယူရန် လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းက ပစ်မှတ်ထားနေကြောင်း The Sun သတင်းစာက ဖော်ပြခဲ့သည်။
အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၇၅)ပွဲကစားပေးထားသူ ဂျိုးဟတ်သည် ယခုနွေရာသီတွင် ဘန်လေအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်၍ အသင်းမှထွက်ခွာရန် စီစဉ်နေသူဖြစ်သည်။ ဂျိုးဟတ်သည် ဘန်လေအသင်းတွင် ပုံမှန်နေရာမရဘဲ ယခုရာသီ၌ ပြိုင်ပွဲစုံ (၃)ပွဲသာ ကစားခွင့်ရရှိထားသူ ဖြစ်သည်။
ရှရူးဘူရီအသင်းတွင် ကစားသမားဘဝစတင်ခဲ့သော ဂျိုးဟတ်သည် မန်စီးတီး၊ ထရန်မဲ၊ ဘလက်ပူးလ်၊ ဘာမင်ဂမ်၊ တိုရီနို၊ ဝက်စ်ဟမ်းအသင်းတို့တွင်လည်း ကစားခဲ့ဖူး သူဖြစ်ပြီး ဘန်လေအသင်းသို့ ၂၀၁၈ နွေရာသီတွင် ရောက်ရှိလာသူဖြစ်သည်။ ၎င်းအား တူရကီကလပ် ဘက်ဆစ်တက်အသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရှိရသည်။