တောင်ကြီးမြို့ရှိ မေတ္တာရှင်ဆေးရုံတွင် Hospital Quarantine ထားရှိခြင်းကို နယ်မြေ ၃ မှ လူ ၂၀ ခန့်က ကန့်ကွက်ကြသဖြင့် လူစုလူဝေးဖြစ်ကာ လုံခြုံရေး တာဝန်ရှိသူများမှ လူစုခွဲရန် ဆောင်ရွက်ခဲ့ရ

တောင်ကြီးမြို့ရှိ မေတ္တာရှင်ဆေးရုံတွင် Hospital Quarantine ထားရှိခြင်းကို နယ်မြေ ၃ မှ လူ ၂၀ ခန့်က ကန့်ကွက်ကြသဖြင့် လူစုလူဝေးဖြစ်ကာ လုံခြုံရေး တာဝန်ရှိသူများမှ လူစုခွဲရန် ဆောင်ရွက်ခဲ့ရ
ဓာတ်ပုံ - စည်သာ
ဓာတ်ပုံ - စည်သာ
Published 15 April 2020
သတင်း - စည်သာ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ မေတ္တာရှင်ဆေးရုံတွင် Hospital Quarantine ထားရှိခြင်းကို နယ်မြေ ၃ မှ လူ ၂၀ ခန့်က ဝိုင်းဝန်း ကန့်ကွက်ကြသဖြင့် လူစုလူဝေးဖြစ်ကာ လုံခြုံရေးတာဝန်ရှိသူများမှ လူစုခွဲရန် လာရောက်ရှင်းလင်း ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

တောင်ကြီးမြို့ ကံသာရပ်ကွက် နယ်မြေ ၃ မေတ္တာရှင်ဆေးရုံတွင် COVID-19 Postive လူနာနှင့်အတူ လေယာဉ်စီးလာသူများအား လာရောက်ပို့ဆောင်ခြင်းကို ယနေ့ (ဧပြီ ၁၅ ရက်) ည ၈ နာရီခန့်တွင် မေတ္တာရှင်ဆေးရုံတည်ရှိသော လမ်းဆုံ၌ လူစုလူဝေး အငြင်းပွားမှု ဖြစ်ပွားခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များ လာရောက်၍ အချိန်တစ်နာရီခန့်ကြာအောင် ရှင်းလင်းခဲ့ရကြောင်း သိရသည်။

“ QC စင်တာ လ(၁၀) မှာ ထခွဲမှာ ရပ်ကွက်ရုံးရှေ့တည့်တည့်မှာ အထက်တန်းကျောင်းရှိတယ်။ ၁၄ ရက်ပြည့် လို့ ထွက်သွားသူလည်း ရှိသလို၊ နေထိုင်သူတွေလည်း ၆ ယောက်ရှိပါသေးတယ်။ ဒီနေ့ည ဖြစ်တာ လေယာဉ်စီး ခရီးသည်များလို့ သိရတယ်။ ကွင်းဆက်လိုက်ရင်းနဲ့ FACILITY ပြည့်စုံစွာ အားလုံးပူးပေါင်းဆောင်ရွက်နိုင် အောင် မေတ္တာရှင်ဆေးရုံမှာ စောင့်ကြည့်ထားပေးဖို့ပေ့ါ။ အဲဒါကို ရပ်ကွက် အုပ်ချုပ်ရေးမှူး က နယ်မြေမှူးတွေကို ချမပြရကောင်းလား ဆိုပြီးတော့ နယ်မြေခံ တစ်ယောက်စ နှစ်ယောက် စ ကနေ အတို့အထောင်လုပ်ချိန်မှာ လူစုလူဝေး နဲ့ မကျေနပ်လို့ ပေါက်ကွဲတယ်။ လက်မခံနိုင်ဘူး ဖြစ်တယ်။ ဒါကို ကံသာ က ကံဆိုးတယ်။ ဒီပြဿနာ ဖြစ်အောင်ဖြစ်တယ်။ အပြန်အလှန်လေးစားမှု မရှိဘူးလို့ ထင်တယ်။ နောက်ဆုတ်မှာတော့ မဟုတ်ဘူး။ ဥပဒေဘောင်တွင်းကနေ လုပ်တယ်။ ဒါကို ကွန်ပလိန်းတက်တာ ပြီးမြောက်အောင် ဆောင်ရွက်မှာ ဖြစ်တယ်။ လက်ရှိရောက်လာတာ (၉) ယောက်ပေါ့။ မမျှော်လင့်ဘဲ ဒီကိစ္စလေး ပေါ်လာတယ်။ ” ဟု ကံသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က ပြောကြားသည် ။

MOHS မှ ထုတ်ပြန်ခဲ့သော CASE-26 နှင့် လေယာဉ်အတူစီးခဲ့သော ခရီးသည်များသည် တောင်ကြီးမြို့နယ် တွင် (၈) ဦးရှိပြီး၊ ဧပြီလ(၈) ရက်ထဲက တောင်ကြီးမြို့တွင် ရောက်ရှိနေခြင်းဖြစ်ကာ၊ HQ ဝင်နေခြင်းဖြစ်ပြီး၊ ယခုအခါ ကံသာရပ်ကွက်ရှိ မေတ္တာရှင်ဆေးရုံတွင် ထားရှိနိုင်ရန် အတွက် ဧပြီ ၁၅  ရက် မွန်းလွဲပိုင်း ၂ နာရီခွဲခန့် အချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများမှ ဝတ်စုံပြည့် PPE ဝတ်စုံတို့ဖြင့် လာရောက်ပို့ဆောင်ရာတွင် ရပ်ကွက်တွင်းရှိ နယ်မြေမှူး တို့မှ အစပြု၍ Complain တက်ရင်းဖြင့် လူစုလူဝေး ဖြစ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူးများမှ လာရောက်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ မလိုက်နာဘဲ ဆက်လက်လုပ်ဦးမယ်ဆိုရင် ခေါင်းဆောင်တွေ ရွေးထားပြီးပြီ။ လုပ်သင့်တာကို ဆက်လက်ဆောင်ရွက်သွားမယ်။ Positive တွေ့သွားတဲ့ ခရီးစဉ်မှာ လေယာဉ်ပျံ အတူတူစီးခဲ့သူတွေကို FQ ထားတာကို လက်မခံနိုင်ပါဘူး ဆိုပြီးတော့ လုပ်တာပေ့ါ။ အချက်အလက်တွေတော့ ယူထားပြီးပြီ။ ရဲလုံခြုံရေး တွေလည်း ချထားပြီးပြီ။ 26 နဲ့ ပါလာတာကတော့ တောင်ကြီးမြို့နယ်ထဲမှာ ၈ ယောက် ရောက်နေတာတော့ ကြာနေပြီ။ ဧပြီလ ၈ ရက်နေ့ထဲက ရောက်နေတာ၊ HQ ပဲ ဝင်နေကြတာ ကျန်းမာရေး အားလုံးကောင်းတယ်။ ” ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် က ပြောကြားသည်။

 

 

 

 

Most Read

Most Recent