မူဆယ်မြို့ရှိ MPT ရုံးအား လက်ပစ်ဗုံးဟု ယူဆရသော အရာဖြင့် ပစ်ဖောက်ခံရ

မူဆယ်မြို့ရှိ MPT ရုံးအား လက်ပစ်ဗုံးဟု ယူဆရသော အရာဖြင့် ပစ်ဖောက်ခံရ
Published 13 April 2020
ပြည့်စုံ

 

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့တွင် မြန်မာ့ဆက်သွယ်ရေးဝန်းရှိ MPT Mobile ဝန်ဆောင်မှုရုံးကို ဧပြီလ ၁၂ ရက် ည ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်က လက်ပစ်ဗုံးဟု ယူဆရသော အရာဖြင့် နှစ်ကြိမ် ပစ်ဖောက်ခံရကြောင်း သိရသည်။

အဆိုပါ ပစ်ဖောက်မှု ဖြစ်စဉ်ကြောင့် MPT Mobile ဝန်ဆောင်မှုရုံး၏ အတွင်းအပြင် ပျက်စီးခဲ့ကာ မြန်မာဆက်သွယ်ရေး ရုံးဝန်းအတွင်း MPT Mobile ဝန်ဆောင်မှုရုံးဘေးကပ်ရပ် ရပ်ထားသော Honda Fit အမျိုးအစားကား နောက်မှန်၊ Wish အမျိုးအစား ကားနောက်မှန်နှင့် KIA အမျိုးအစား ကားအလယ်မှန်တို့အပြင် အနီးအနားရှိ အိမ်တချို့မှ ပြုတင်းပေါက်မှန်တချို့ ကွဲခဲ့ကာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ မူဆယ်မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ကနဦး စုံစမ်းဖော်ထုတ်ချက်အရ လက်ပစ်ဗုံးဟု ယူဆရသော အရာဖြင့် နှစ်ကြိမ်ပစ်ဖေါက်ခံရပြီး အမှုကို ဆက်လက်စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်းသာ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

Most Recent