ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုမတိုင်မီ ဘာပေမှာ ရီးယဲလ်အသင်းနှင့်စာချုပ်လုနီးပါးဖြစ်ခဲ့သည်ဟု PSGတောင်ပံကစားသမားဟောင်း ဖွင့်ချ

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုမတိုင်မီ ဘာပေမှာ ရီးယဲလ်အသင်းနှင့်စာချုပ်လုနီးပါးဖြစ်ခဲ့သည်ဟု PSGတောင်ပံကစားသမားဟောင်း ဖွင့်ချ
Published 12 April 2020

PSG လူငယ်တိုက်စစ်မှူး ဘာပေအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုမတိုင်မီ လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းနှင့် သဘောတူစာချုပ်လုနီးပါးဖြစ်ခဲ့သည်ဟု PSG တောင်ပံကစားသမားဟောင်း ရိုသန်က

ဖွင့်ချခဲ့သည်။

'' ရီးယဲလ်အသင်းနဲ့ ဘာပေ လက်မှတ်ထိုးလုနီးပါးဖြစ်ခဲ့တယ်ဆိုတာ သတင်းရင်းမြစ်တွေဆီကနေ ကျွန်တော် ပြန်သိခဲ့ရပါတယ်။ အခုချိန်မှာတော့ ဘာပေရဲ့ ရီးယဲလ်အသင်းထံ ပြောင်းရွှေ့ဖို့ကိစ္စဟာ ရွှေ့ဆိုင်းထားပါလိမ့်မယ်။ သူ့အနေနဲ့ PSG အသင်းနဲ့တော့ စာချုပ်သက်တမ်းတိုးဖို့ မရှိတော့ပါဘူး''ဟု ရိုသန်က Radio Montecarlo သို့ ပြောကြားခဲ့သည်။

ရိုသန်မှာ ၂၀၀၄ ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက် မိုနာကိုအသင်းတွင် မိုရီယန်တေးစ်၊ ဂူလီတို့နှင့် ခြေစွမ်းပြခဲ့ပြီး ယင်းနှစ်တွင်ပင် PSGအသင်းသို့ပြောင်းရွှေ့ကာ ၂၀၁၀ ပြည့်နှစ်အထိ ကစားခဲ့သည်။

ဘာပေသည် PSGအသင်းတွင် ကနဦးတစ်ရာသီအငှားဖြင့် ရောက်ရှိခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၃၀ ဖြင့် အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

(၂၁)နှစ်အရွယ်ရှိသေးသူ ဘာပေမှာ PSG အသင်းအတွက် ပွဲ(၁၂၀)ကစားထားရာတွင် ဂိုး(၉၀)အထိ သွင်းယူပေးထားပြီး (၄၉)ဂိုး ဖန်တီးပေးခဲ့သည်။

သို့သော် PSG နည်းပြဖြစ်သူ တူဟယ်လ်နှင့် သူ့အကြား ဆက်ဆံရေးမပြေလည်သည့်အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း အသင်းမှာ အမြင့်ဆုံးအောင်မြင်မှုမရရှိသဖြင့် ဘာပေအနေဖြင့် အသင်းမှထွက်ခွာလိုနေကြောင်း သတင်းများက ဖော်ပြလျက်ရှိသည်။

ဘာပေသည် မိုနာကိုအသင်းမှာရှိစဉ်ကတည်းက ရီးယဲလ်မက်ဒရစ်အသင်းသို့ ရောက်လုနီးပါးအခြေအနေထိ သတင်းများထွက်ပေါ်ခဲ့သူဖြစ်သည်။

 

Most Read

Most Recent