ကစားသမားဘဝမှ အနားယူထားသည့် အီတလီကွင်းလယ်လူ ဒီရော့ဆီက မန်ယူအသင်းသို့ မပြောင်းရွှေ့ခဲ့ခြင်းမှာ ရွိုင်ကင်းနှင့် ပေါလ်စခိုးလ်တို့ရှိနေခြင်းကြောင့်ဖြစ်သည်ဟု ဝန်ခံခဲ့သည်။
''ကလေးဘဝကတည်းက မန်ယူအသင်းကို နှစ်သက်ခဲ့တာပါ။ မန်ချက်စတာကို ကျွန်တော် မသွားခဲ့တာက မှန်ကန်တဲ့ရွေးချယ်မှုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအသင်းမှာ ကင်းနဲ့ စခိုးလ်တို့ရှိပါတယ်။ သူတို့အား အံ့အားသင့်စရာကောင်းတဲ့ ကစားသမားတွေပါ။ ဘိုကာကိုလည်း သွားကစားတာကလည်း အမှန်တကယ် ကစားချင်လို့ဖြစ်ပါတယ်။ ရိုးမားကိုတော့ ဘယ်တော့မှ စွန့်ခွာဖို့ မရွေးချယ်ခဲ့ပါဘူး။ ဒါပေမဲ့ ဘိုကာမှာတော့ နတ်ဘုရင်းတစ်ပါးလို ခံစားခဲ့ရပါတယ်'' ဟု ဒီရော့ဆီက Sky Sports သို့ ပြောကြားခဲ့သည်။
(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ ဒီရော့ဆီသည် ယခုနှစ်အစောပိုင်းကမှ ကစားသမားဘဝကနေ အနားယူခဲ့သူဖြစ်သည်။
၎င်းသည် ရိုးမားအသင်းတွင် ဆယ်စုနှစ်နှစ်ခုနီးပါး ကစားခဲ့ပြီး ပြိုင်ပွဲစုံပွဲပေါင်း (၆၀၀)ကျော်ရှိခဲ့သည်။
၂၀၁၉ ဇူလိုင်လတွင် အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်းနှင့် တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့သော်လည်း ပြီးခဲ့သည့် ဇန်နဝါရီ(၆)ရက်တွင် ကစားသမားဘဝမှအနားယူရန် ဆုံးဖြတ်ခဲ့သည်။
ဒီရော့ဆီသည် ဂျူဗင်တပ်စ်နောက်ခံလူ ဘိုနူချီနှင့် ရင်းနှီးသည့်မိတ်ဆွေများဖြစ်သော်လည်း ၎င်းတို့အကြား ကတောက်ကဆဖြစ်ခဲ့သည့် ဖြစ်ရပ်တစ်ခုအကြောင်းကိုလည်း ဖွင့်ချခဲ့သည်။