ဆာနေး၏ ပြောင်းရွှေ့ကြေးမှာ ယူရိုသန်း (၅၀) ဝန်းကျင်ခန့်သာ ရှိတော့ကြောင်း မိုက်ကယ်ရူမင်နစ်ဂီ ပြောကြား

ဆာနေး၏ ပြောင်းရွှေ့ကြေးမှာ ယူရိုသန်း (၅၀) ဝန်းကျင်ခန့်သာ ရှိတော့ကြောင်း မိုက်ကယ်ရူမင်နစ်ဂီ ပြောကြား
Photos: Getty Images
Photos: Getty Images
Published 11 April 2020

ဘိုင်ယန်မြူးနစ်ကစားသမားဟောင်း မိုက်ကယ်ရူမင်နစ်ဂီက မန်စီးတီးတောင်ပံကစားသမား ဆာနေး၏ ပြောင်းရွှေ့ကြေးမှာ ယူရိုသန်း (၅၀) ဝန်းကျင်ခန့်သာ ရှိတော့ကြောင်း ပြောကြားခဲ့သည်။ 

ဘိုင်ယန်မြူးနစ်ကစားသမားဟောင်း မိုက်ကယ်ရူမင်နစ်ဂီက မန်စီးတီးတောင်ပံကစားသမား ဆာနေး၏ ပြောင်းရွှေ့ကြေးမှာ ယူရိုသန်း (၅၀) ဝန်းကျင်ခန့်သာ ရှိတော့ကြောင်း ပြောကြားခဲ့သည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ဆာနေးအား ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ဆာနေးမှာ ဒူးဒဏ်ရာရရှိခဲ့သည့်အတွက် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရသည်။

ဆာနေးသည် ဒူးဒဏ်ရာကြောင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လကတည်းက အနားယူနေခဲ့ရသူဖြစ်ပြီး လက်ရှိအချိန်တွင် ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီဖြစ်သော်လည်း ယခုရာသီ၌ တစ်ပွဲမျှပါဝင်ကစားရခြင်း မရှိသေးပေ။ 

မန်စီးတီးအသင်းနှင့် ချုပ်ဆိုထားသည့် ဆာနေး၏ စာချုပ်မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀)ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိအချိန်အထိ မန်စီးတီးအသင်းဘက်က စာချုပ်သစ်အတွက် ကမ်းလှမ်းခြင်းမရှိသေးကြောင်း သိရသည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ဆာနေးအား ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးပြီး မန်စီးတီးအသင်းက ယူရိုသန်း (၁၀၀) တောင်းဆိုခဲ့ကြောင်း သိရသည်။ သို့သော် ယခုအခါ ဆာနေး၏ စျေးကွက်တန်ဖိုးမှာ ကျဆင်းသွားပြီဟု ဘိုင်ယန်မြူးနစ်အသင်းအမှုဆောင်ချုပ် ကားလ်ဟိန့်ဇ်ရူမင်နစ်ဂီ၏ ညီဖြစ်သူ မိုက်ကယ်ရူမင်နစ်ဂီက ပြောကြားခဲ့ခြင်းဖြစ်သည်။

မိုက်ကယ်ရူမင်နစ်ဂီက "ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့စျေးကွက်တုန်းက ဆာနေးကို ယူရိုသန်း (၁၀၀)ကနေ ယူရိုသန်း (၁၂၀) အထိ ပေးပြီး ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒဏ်ရာပြဿနာနဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဆာနေးရဲ့ စျေးကွက်တန်ဖိုးဟာ ကျဆင်းသွားပါပြီ။ သူ့ရဲ့ ပြောင်းရွှေ့ကြေးက ယူရိုသန်း (၃၀)နဲ့ ယူရိုသန်း (၅၀)ကြား ဝန်းကျင်လောက်ပဲ ရှိတော့မယ် ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

မိုက်ကယ်ရူမင်နစ်ဂီက ဆာနေး၏ စျေးကွက်တန်ဖိုးမှာ ယူရိုသန်း (၅၀) ဝန်းကျင်သာ ရှိတော့သည်ဟု ပြောဆိုခဲ့သော်လည်း transfermarkt ၏ ဖော်ပြမှုတွင် ဆာနေး၏ စျေးကွက်တန်ဖိုးမှာ ယူရိုသန်း (၈၀)အထိ ရှိနေသည်။ 

 

Most Read

Most Recent