မန်ယူအသင်းတွင် ရာသီဝက်အငှားလာရောက်ကစားနေသည့် နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလိုက မန်ယူအသင်းထံမှ ကမ်းလှမ်းမှုမရှိသေးကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းတွင် ရာသီဝက်အငှားလာရောက်ကစားနေသည့် နိုင်ဂျီးရီးယားတိုက်စစ်မှူး အီဂါလိုက မန်ယူအသင်းထံမှ ကမ်းလှမ်းမှုမရှိသေးကြောင်း ပြောကြားခဲ့သည်။
အသက် (၃၀) နှစ်အရွယ်ရှိ အီဂါလိုသည် ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းမှ မန်ယူအသင်းသို့ ရာသီဝက်အငှားဖြင့် ပြောင်းရွှေ့လာခဲ့ပြီး အသင်းတွင် ခြေစွမ်းပြကစားနေသူဖြစ်သည်။
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အီဂါလိုအား အပြီးသတ်ခေါ်ယူဖွယ်ရှိသည်ဟု ပြောဆိုခဲ့ဖူးသော်လည်း မန်ယူအသင်းထံမှ ကမ်းလှမ်းမှုတစ်စုံတစ်ရာ မရှိသေးကြောင်း အီဂါလိုက ပြောကြားခဲ့ခြင်းဖြစ်သည်။
အီဂါလိုက "မန်ယူအသင်းအနေနဲ့ ကျွန်တော့်ကို ကမ်းလှမ်းမှု မရှိသေးပါဘူး။ ယခုရာသီကလည်း မပြီးသေးသလို၊ ကျွန်တော့်ရဲ့ အငှားစာချုပ်ကလည်း သက်တမ်းရှိနေပါသေးတယ်။ ကျွန်တော့်ဘဝမှာ ဆုံးဖြတ်ချက်ကို တစ်ယောက်တည်းချမှတ်ခဲ့တာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ကျွန်တော့်အနေနဲ့ ဘာပဲလုပ်လုပ် ညွှန်ကြားမှုတွေ၊ မူတွေနဲ့ အလုပ်လုပ်ပါတယ်။ ကျွန်တော့်ကို အမြဲလမ်းပြဖို့ ဘုရားသခင်ဆီမှာ ကျွန်တော် ဆုတောင်းလေ့ရှိပါတယ်"ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းနှင့် အီဂါလို၏ စာချုပ်မှာ မေလကုန်တွင် ကုန်ဆုံးမည်ဟု ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ပြီး တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းသည် ၎င်းအား ရောင်းချလိုခြင်းမရှိကြောင်း သိရသည်။
သို့သော် အီဂါလိုက မိမိအနေဖြင့် မန်ယူအသင်းတွင် ပျော်ရွှင်နေကြောင်း၊ အနာဂတ်နှင့် ပတ်သက်ပြီး အလျင်အမြန်ဆုံးဖြတ်မည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။ အီဂါလိုသည် မန်ယူအသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၈)ပွဲတွင် (၄)ဂိုး သွင်းယူထားသည်။