ကိုရိုနာဗိုင်းရပ်စ် (COVID-19)ပိုး ရှိ၊ မရှိ စစ်ဆေးသည့်စက်များကို ပရီးမီးယားလိဂ်အသင်းများ အသုံးပြုဖွယ်ရှိ

ကိုရိုနာဗိုင်းရပ်စ် (COVID-19)ပိုး ရှိ၊ မရှိ စစ်ဆေးသည့်စက်များကို ပရီးမီးယားလိဂ်အသင်းများ အသုံးပြုဖွယ်ရှိ
Photos: Getty Images, Reuters & EMPICS Entertainment
Photos: Getty Images, Reuters & EMPICS Entertainment
Published 10 April 2020

ပရီးမီးယားလိဂ်အသင်းသည် ကိုရိုနာဗိုင်းရပ်စ် (COVID-19)ပိုး ရှိ၊ မရှိ စစ်ဆေးသည့်စက်များကို အသုံးပြုသွားဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာ The Mirror က ဖော်ပြခဲ့သည်။ 

ပရီးမီးယားလိဂ်အသင်းသည် ကိုရိုနာဗိုင်းရပ်စ် (COVID-19)ပိုး ရှိ၊ မရှိ စစ်ဆေးသည့်စက်များကို အသုံးပြုသွားဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာ The Mirror က ဖော်ပြခဲ့သည်။ 

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် အသင်းလေ့ကျင့်ရေးအစီအစဉ်များတွင် ကစားသမားများအား ကိုရိုနာဗိုင်းရပ်စ် (COVID-19)ပိုး ရှိ၊ မရှိ စစ်ဆေးရန်အတွက် ကိုရိုနာဗိုင်းရပ်စ်စစ်စက်များ ထောက်ပံ့ပေးရန် ဗြိတိန်အစိုးရကို တောင်းဆိုသွားဖွယ်ရှိကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ရပ်နားထားရသည့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဇွန်လအစပိုင်းတွင် ပြန်လည်ကစားရန် စီစဉ်နေပြီး ပရီးမီးယားလိဂ်အသင်းများအနေဖြင့် မေလလယ်ပိုင်းတွင် အသင်းလိုက်လေ့ကျင့်မှုများ ပြုလုပ်ရန် မျှော်လင့်နေကြကြောင်း သိရသည်။ 

ယင်းသို့ လေ့ကျင့်ရေးအစီအစဉ်များ ပြုလုပ်ရာတွင် ပရီးမီးယားလိဂ်အသင်းများသည် ၎င်းတို့ ကစားသမားများကို လေ့ကျင့်ခန်း ပြုလုပ်ခဲ့သည့် နေ့ရက်တိုင်းတွင် (COVID-19)ပိုး ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်သွားရန် အလိုရှိနေခြင်းဖြစ်သည်။ 

The Mirror သတင်းစာ၏ ဖော်ပြမှုအရ ပရီးမီးယားလိဂ်အသင်းအများစုသည် ၎င်းတို့၏ကစားသမားများကို မေလတွင် လေ့ကျင့်ခန်းဆင်းရန် အကြောင်းကြားထားပြီး ဇွန်လအစပိုင်းတွင် ကစားသမားအနေဖြင့် ဘောလုံးပွဲများ ကစားရန်အတွက် အသင့်ဖြစ်နေစေရန် အလိုရှိနေကြောင်း သိရသည်။ 

 

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ဗြိတိန်အစိုးရ၊ ကျန်းမာရေးကျွမ်းကျင်ပညာရှင်များနှင့် ပုံမှန်အစည်းအဝေးများ ပြုလုပ်လျက်ရှိနေပြီး Lockdown ပြန်ဖြေမည့် ရက်စွဲကို စောင့်မျှော်နေကြကြောင်း သိရသည်။ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဖျက်သိမ်းသင့်သည်ဟု ပြောဆိုမှုများ ရှိနေသော်လည်း ရုပ်သံဝင်ငွေ ပေါင်သန်း (၇၅၀)အထိ ဆုံးရှုံးရနိုင်သဖြင့် ပရီးမီးယားလိဂ်တာဝန်ရှိသူများက ယခုရာသီကို ပြီးဆုံးအောင် ကစားရန် ဆန္ဒရှိနေကြကြောင်း The Mirror က ဖော်ပြခဲ့သည်။ 

 

ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ်များကို ပြန်လည်ကစားမည်ဆိုပါကလည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရမည်ဖြစ်သလို၊ ပရီးမီးယားလိဂ်ပွဲစဉ်များကို၂၀၂၁ ခုနှစ်အထိ ကွင်းပိတ်ကစားရနိုင်ကြောင်းလည်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ဧပြီလ (၁၇)ရက်တွင် ဗီဒီယိုကွန်ဖရင့်ပြုလုပ်မည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ အခြေအနေအပေါ် မူတည်ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲရှေ့ဆက်ရေးအစီအစဉ်များအပြင် ကစားသမားများ၏ လစာငွေကိစ္စများကိုပါ ယင်းအစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

Most Read

Most Recent