ဘာစီလိုနာဘုတ်အဖွဲ့ဝင် (၆)ဦး ရာထူးမှနုတ်ထွက်ခဲ့ပြီး ကလပ်အသင်း၏အနာဂတ်နှင့်ပတ်သက်၍ ဘာတိုမူကို မေးခွန်းထုတ်

ဘာစီလိုနာဘုတ်အဖွဲ့ဝင် (၆)ဦး ရာထူးမှနုတ်ထွက်ခဲ့ပြီး ကလပ်အသင်း၏အနာဂတ်နှင့်ပတ်သက်၍ ဘာတိုမူကို မေးခွန်းထုတ်
Photos: Getty Images & AS
Photos: Getty Images & AS
Published 10 April 2020

ဘာစီလိုနာအသင်းဘုတ်အဖွဲ့ဝင် (၆)ဦးသည် ရာထူးမှနုတ်ထွက်ကြောင်း အသင်းဥက္ကဋ္ဌ ဘာတိုမူထံ စာပို့ခဲ့ပြီး အသင်း၏ အနာဂတ်နှင့်ပတ်သက်၍ မေးခွန်းထုတ်ခဲ့ကြကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းဘုတ်အဖွဲ့ဝင် (၆)ဦးသည် ရာထူးမှနုတ်ထွက်ကြောင်း အသင်းဥက္ကဋ္ဌ ဘာတိုမူထံ စာပို့ခဲ့ပြီး အသင်း၏ အနာဂတ်နှင့်ပတ်သက်၍ မေးခွန်းထုတ်ခဲ့ကြကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းဒုဥက္ကဋ္ဌများဖြစ်သည့် ရူဆန်နှင့် တွမ်ဘက်စ်တို့အပါအဝင် ဒါရိုက်တာများဖြစ်သည့် အီလီယက်စ်၊ တိုင်ဆီဒေါ၊ ယိုဆပ်စ်ဖွန်ှနှင့် ကာဆာမီဂလီယာတို့မှ ရာထူးမှနုတ်ထွက်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့ နုတ်ထွက်ခဲ့သည့်အတွက် ဘာစီလိုနာအသင်းဘုတ်အဖွဲ့တွင် အဖွဲ့ဝင် (၁၃)ဦးသာ ကျန်ရှိတော့သည်။ 

၎င်းတို့သည် ရာထူးမှနုတ်ထွက်ကြောင်းကို အသင်းဥက္ကဋ္ဌ ဘာတိုမူထံ စာပေးပို့ခဲ့ပြီး ယင်းစာထဲတွင် အသင်း၏အနာဂတ်နှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့ကြကြောင်း သိရသည်။ 

၎င်းတို့၏ နုတ်ထွက်စာတွင် "မိမိတို့အနေဖြင့် ရာထူးမှ နုတ်ထွက်ကြောင်း အသင်းဥက္ကဋ္ဌ ဘာတိုမူထံ စာပေးပို့ပါကြောင်း၊ မိမိတို့အနေဖြင့် အသင်း၏အနာဂတ်အစီအစဉ်များတွင် ပါဝင်တော့မည်မဟုတ်ကြောင်း၊ လက်ရှိတွင် ဘာစီလိုနာအသင်းအနေဖြင့် မီဒီယာများဖော်ပြနေသည့် အသင်းအတွင်းရေးများသတင်းများကို ဖြေရှင်းရန် လိုအပ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအလွန် ဘာစီလိုနာအသင်း၏အနာဂတ်နှင့် ဦးတည်ချက်ကို သိရှိလိုကြောင်း၊ မိမိတို့အနေဖြင့် အသင်း၏ အနာဂတ်အတွက် ရွေးကောက်ပွဲ ပြုလုပ်ပေးရန် တောင်းဆိုကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်စဉ်အတွက် ကူညီခဲ့သည့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို ကျေးဇူးတင်ကြောင်း"ဖော်ပြပါရှိသည်။ 

ဘာတိုမူသည် ဘာစီလိုနာအသင်းဥက္ကဋ္ဌအဖြစ် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် စတင်တာဝန်ယူခဲ့ပြီး ယခုရာသီတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ဘာတိုမူသည် ဘာစီလိုနာကစားသမားများကို လူမှုကွန်ရက်တွင် အသရေဖျက်ရန် လူမှုကွန်ရက်ကျွမ်းကျင်သူများ ငှားရမ်းခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သလို၊ ကစားသမားများအား လစာ (၇၀)ရာခိုင်နှုန်းဖြတ်တောက်ရာတွင်လည်း ကြေညာချက်ထုတ်ပြန်ရန် နောက်ကျသဖြင့် အပြစ်တင်ခံခဲ့ရသည်။ 

ထို့ပြင် ဘာစီလိုနာဘုတ်အဖွဲ့အတွင်း၌ မပြေလည်မှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ဘာစီလိုနာအသင်းမှာ အတွင်းရေးပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း စပိန်အားကစားမီဒီယာများက သုံးသပ်ဖော်ပြခဲ့သည်။ 

 

Most Read

Most Recent