ယခုရာသီကုန်တွင် ဒေါ့မွန်အသင်းမှထွက်ခွာမည်ဟု ဂေါ့ဇီ အတည်ပြု

ယခုရာသီကုန်တွင် ဒေါ့မွန်အသင်းမှထွက်ခွာမည်ဟု ဂေါ့ဇီ အတည်ပြု
Photos: AP & Getty Images
Photos: AP & Getty Images
Published 10 April 2020

ဒေါ့မွန်ကွင်းလယ်လူ ဂေါ့ဇီက မိမိအနေဖြင့် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

ဒေါ့မွန်ကွင်းလယ်လူ ဂေါ့ဇီက မိမိအနေဖြင့် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

ဒေါ့မွန်အသင်းနှင့် ချုပ်ဆိုထားသည့် ဂေါ့ဇီ၏ စာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကို ခေါ်ယူရန် ပရီးမီးယားလိဂ်နှင့် ဥရောပကလပ်အသင်းများက စိတ်ဝင်စားနေကြကြောင်း သိရသည်။ 

ဂေါ့ဇီက "ပထမဆုံးအနေနဲ့ အခုအခြေအနေမှာ လူသားတွေအားလုံး ကျန်းမာချမ်းသာဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့်အနေနဲ့ အလေးအနက်စဉ်းစားပြီးနောက်မှာ အပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒီရာသီကုန်မှာ ဒေါ့မွန်အသင်းက ကျွန်တော် ထွက်ခွာမှာပါ။ ဒါက ကျွန်တော့်ရဲ့ အနာဂတ်အတွက် အရမ်းအရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး နောက်ခြေလှမ်းအတွက် ကျွန်တော့်အေးဂျင့်ဖြစ်သူ ရာဇီလီနဲ့ ဆွေးနွေးသွားမှာပါ"ဟု ပြောကြားခဲ့သည်။ 

အသက် (၂၇)နှစ်အရွယ်ရှိ ဂေါ့ဇီသည် ယခုရာသီတွင် ဒေါ့မွန်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၁၆)ပွဲသာ ပါဝင်ကစားခွင့်ရခဲ့သည်။ 

လာမည့်နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိနိုင်မည့် ဂေါ့ဇီအား ခေါ်ယူရန် ဥရောပထိပ်သီးအသင်းများထဲတွင် လီဗာပူးလ်နှင့် အေစီမီလန်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရသည်။ 

ဂေါ့ဇီသည် ဒေါ့မွန်အသင်းတွင် ပထမအကြိမ်အဖြစ် (၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ) ကစားခဲ့စဉ်က လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်နှင့် လက်တွဲဖူးသူဖြစ်ပြီး ၎င်းကို ခေါ်ယူရန် လီဗာပူးလ်အသင်းက အလေးပိုသာနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

 

Most Read

Most Recent