ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် ၎င်းအနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ကစားမည်ဆိုသည့်သတင်းများကို ငြင်းဆန်ခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် ၎င်းအနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ကစားမည်ဆိုသည့်သတင်းများကို ငြင်းဆန်ခဲ့ကြောင်း သိရသည်။
အာဂျင်တီးနားအခြေစိုက် အားကစားရုပ်သံအစီအစဉ်တစ်ခုဖြစ်သည့် TNT Sports က မက်ဆီအနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။
TNT Sports ရုပ်သံသည် ယခင်ကလည်း ပတ်စ်ပို့တ်အတုကိုင်ဆောင်မှုဖြင့် ပါရာဂွေးနိုင်ငံတွင် အဖမ်းခံခဲ့ရသည့် ဘာစီလိုနာကစားသမားဟောင်း ရော်နယ်လ်ဒင်ဟိုအား မက်ဆီအနေဖြင့် ယူရို (၁.၃)သန်း ပေးခဲ့သည်ဟု ဖော်ပြခဲ့ဖူးသည်။
မက်ဆီသည် TNT Sports ရုပ်သံ၏ ဖော်ပြမှုများမှာ အလိမ်အညာများသာဖြစ်ကြောင်း သူ၏ Instagram Story တွင် ရေးသားခဲ့ခြင်းဖြစ်သည်။
မက်ဆီသည် သူ၏ Instagram Story တွင် ၎င်းနှင့်ပတ်သက်ပြီး TNT Sports Twitter ၌ ဖော်ပြထားသည်ကို Screenshot ယူကာ "#FakeNews"၊ (မက်ဆီ အင်တာသို့ ပြောင်းမည်ဆိုသည့်စာသားတွင်) "အလိမ်အညာ (၁)"။ (ထောင်ကျနေသည့်ရော်နယ်လ်ဒင်ဟိုကို မက်ဆီငွေပေးခဲ့သည်ဆိုသောစာသားတွင်) "အလိမ်အညာ (၂)" ဟု ရေးသားခဲ့သည်။
ထို့ပြင် မက်ဆီက "ကျွန်တော့်အနေနဲ့ နယူးဝဲလ်အိုဘွိုင်းအသင်းကို ပြောင်းမယ်ဆိုပြီး TNT Sports ဖော်ပြခဲ့တဲ့ သတင်းကလည်း သတင်းအမှားပါပဲ။ သူတို့(TNT Sports)ကို လူတွေ မယုံလို့ တော်သေးတာပေါ့"ဆိုသည့် စာသားကို ရေးသားခဲ့သည်။