ချယ်လ်ဆီးအသင်းသည် ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုအား လာမည့်ရာသီတွင် အငှားဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Sport က ဖော်ပြခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုအား လာမည့်ရာသီတွင် အငှားဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Sport က ဖော်ပြခဲ့သည်။
ဘာစီလိုနာအသင်းသည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ကော်တင်ဟိုအား ဘိုင်ယန်မြူးနစ်အသင်းသို့ တစ်ရာသီအငှားချခဲ့ပြီး အပြီးသတ်ရောင်းချရန် အလိုရှိနေသော်လည်း ဘိုင်ယန်မြူးနစ်အသင်းက ၎င်းကို အပြီးသတ်ခေါ်ယူလိုခြင်းမရှိကြောင်း သိရသည်။
ထို့ပြင် ဘာစီလိုနာအသင်းကလည်း ကော်တင်ဟိုအား ပြန်လည်ခေါ်ယူလိုခြင်းမရှိဘဲ လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ရောင်းချသွားဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။
ကော်တင်ဟိုနှင့် ၎င်း၏အေးဂျင့်တို့သည် ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ကစားရန် စီစဉ်နေပြီး ၎င်းကို ခေါ်ယူရန် ချယ်လ်ဆီးအသင်းက စိတ်ဝင်စားနေခြင်းဖြစ်သည်။
သို့သော် ချယ်လ်ဆီးအသင်းသည် ပြောင်းရွှေ့ကြေးမြင့်မားသည့် ကော်တင်ဟိုကို အပြီးသတ်ခေါ်ယူဦးမည်မဟုတ်ဘဲ တစ်ရာသီအငှားခေါ်ယူပြီး အဆင်ပြေမှသာ အပြီးသတ်ခေါ်ယူသွားဖွယ်ရှိကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် ကော်တင်ဟိုအား ခေါ်ယူရန် ၎င်း၏အေးဂျင့်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီး အခြေအနေကောင်းနေကြောင်း Sport က ဖော်ပြခဲ့သည်။