ဗြိတိန်အမျိုးသားကျန်းမာရေးဌာန(NHS)သို့ မန်ယူအသင်းမှ အကူအညီပေးပြီးနှင့် ပေးမည့်အစီအစဉ်များ

ဗြိတိန်အမျိုးသားကျန်းမာရေးဌာန(NHS)သို့ မန်ယူအသင်းမှ အကူအညီပေးပြီးနှင့် ပေးမည့်အစီအစဉ်များ
Published 10 April 2020

- ကိုရိုနာကပ်ဘေးကာလအတွင်း NHS ကို အိုးလ်ထရက်ဖို့ဒ်ကွင်းကို အသုံးပြုခွင့်ပေးရန် အဆင်သင့်ရှိနေသည်။

- အိုးလ်ထရက်ဖို့ဒ်ကွင်းကို ယခုချိန်မှစပြီး သွေးလှူဘဏ်အရန်စာရင်းတွင် ထည့်သွင်းထားသည်။

- ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က မန်ချက်စတာယူနိုက်တက်ဖောင်ဒေးရှင်းမှ ယာဉ်များကို Salford Royal Foundation Trust နှင့် Manchester Foundation Trust Charity အဖွဲ့

အစည်းများထံ စေလွှတ်ပြီး NHA ဝန်ထမ်းအားလုံးအတွက် လက်ဆောင်ပေါင်း (၃၅၀၀)ခုကျော် ပေးအပ်ခဲ့သည်။

- မန်ချက်စတာမြို့အတွင်း NHS လုပ်ငန်းများကိုကူညီရန် ယာဉ်(၁၆)စီးကို စေတန့ာ့ဝန်ထမ်းယာဉ်မောင်းများနှင့်အတူ အရန်သင့်ထားရှိသည်။

- မန်ယူအသင်းသည် ဆေးဘက်ဆိုင်ရာဆက်စပ်ပစ္စည်းများကို Salford Royal သို့ လှူဒါန်းခဲ့သည်။

- မန်ယူအသင်းသည် ကပ်ဘေးကာလအတွင်း Non-playing Staff များကို အစိုးရအကူအညီမယူဘဲ လစာပေးချေမည်ဖြစ်သဖြင့် ဝန်ထမ်းများအနေဖြင့် NHS တွင်

စေတနာ့ဝန်ထမ်းအဖြစ်ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။

- မန်ယူအသင်းသည် ပရီးမီးယားလိဂ်၏ပေါင်သန်း(၂၀)လှူဒါန်းမှုတွင်လည်း ပူးပေါင်းပါဝင်ခဲ့ပြီး မြို့တွင်းရှိ Food Banks များသို့လည်း ပေါင်(၅)သောင်း လှူဒါန်းခဲ့သည်။

 

Most Read

Most Recent