လော်တာရိုမာတီနက်ဇ်ကို တစ်နှစ်လစာ ယူရို(၁၀)သန်းအထိပေးရန် ဘာစီလိုနာ စီစဉ်

လော်တာရိုမာတီနက်ဇ်ကို တစ်နှစ်လစာ ယူရို(၁၀)သန်းအထိပေးရန် ဘာစီလိုနာ စီစဉ်
Published 10 April 2020

ဘာစီလိုနာအသင်းသည် အင်တာမီလန်အသင်းမှ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို ခေါ်ယူရန်ကြိုးပမ်းနေပြီး တစ်နှစ်လစာ ယူရို(၁၀)သန်း အထိပေးရန် စီစဉ်နေကြောင်း သိရသည်။

ကိုရိုနာကပ်ဘေးကြောင့် ဘောလုံးကမ္ဘာ၏စီးပွားရေးကို ထိခိုက်မှုများနိုင်ချိန်တွင် ဘာစီလိုနာအသင်းက နံပါတ်တစ်ပစ်မှတ်အတွက် ဆက်လက်ကြိုးပမ်းနေခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

လော်တာရိုသည် ယခုရာသီတွင် အင်တာမီလန်အသင်းအတွက် (၃၁)ပွဲကစားကာ (၁၆)ဂိုးသွင်းယူပေးထားသူဖြစ်သည်။

ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းမှလည်း ၎င်းကိုခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ဆန်ချိုကို အဓိကပစ်မှတ်ထားနေသဖြင့် ဘာစီလိုနာအသင်းမှ လက်ဦးမှုရဖွယ်ရှိနေသည်။

ဘာစီလိုနာအသင်းသည် လော်တာရိုကို သူ၏လျော်ကြေးစာချုပ်သက်တမ်းမပြည့်မီ အရခေါ်ယူဖွယ်ရှိနေကြောင်း သိရသည်။

လော်တာရို၏လျော်ကြေးစာချုပ်မှာ ယူရို(၁၁၁)သန်းဖြစ်ပြီး လာမည့်ဇူလိုင် ၁၅ တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

 

Most Read

Most Recent