ရီးယဲလ်ဂန္ထဝင်များ၏ စကားစမြည်

ရီးယဲလ်ဂန္ထဝင်များ၏ စကားစမြည်
Published 9 April 2020

ရီးယဲလ်ကစားသမားဟောင်းများဖြစ်သည့် ရော်နယ်လ်ဒို၊ ရောဘတ်တိုကားလို့စ်၊ လူးဝစ်ဖီဂို၊ ဒေးဗစ်ဘက်ခမ်နှင့် ကာဆီးလက်စ်တို့ Instagram Live တွင် ပြောဆိုမှုများကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။ ယင်းပြောဆိုမှုတွင် ရော်နယ်လ်ဒိုက Host အဖြစ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

■ ရော်နယ်လ်ဒို နှင့် ကားလို့စ်

- ကားလို့စ်ပြောကြားသည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအကြောင်း

''အလွန်ခက်ခဲတဲ့ အခြေအနေတစ်ခုပါ။ ပုံမှန်အနေအထားကို မကြာမီပြန်ရောက်ဖို့ မျှော်လင့်ပါတယ်။ လော်ရန်ဇိုဆန့်ဇ်(ရီးယဲလ်ဥက္ကဋ္ဌဟောင်း)အပါအဝင် လူတွေရဲ့အသက်ပေါင်းများစွာ ကျွန်တော်တို့ ဆုံးရှုံးခဲ့ရပြီ''

- ကားလို့စ်ပြောကြားသည့် ရီးယဲလ်အမှတ်တရများအကြောင်း

''မြတ်နိုးတွယ်တာမှုတွေနဲ့ ဒါကို အမှတ်တရရှိပါတယ်။ ကျွန်တော်တို့ရဲ့ တစ်ချိန်းတည်းမှာဖြစ်ပျက်ခဲ့တဲ့အရာအားလုံးဟာ အံ့အားသင့်စရာကောင်းပါတယ်''(ကားလို့စ်)

■ ရော်နယ်လ်ဒို နှင့် လူးဝစ်ဖီဂို

- လူးဝစ်ဖီဂိုပြောကြားသည့် ရီးယဲလ်အမှတ်တရများအကြောင်း

''ကျွန်တော်တို့ ပင်ကိုစွမ်းရည်ကို အတူတကွပြသဖို့ အခွင့်အရေးရခဲ့တယ်။ အားလုံးက မာန်မာနထောင်လွှားမှုမရှိတဲ့သူတွေပါ။ ကျွန်တော်တို့ အတူတကွဖြတ်သန်းခဲ့ချိန်တွေဟာ ထူးခြားလွန်းပါတယ်။ ပြီးတော့ အရာအားလုံးက

အောင်မြင်မှုတွေရဖို့ အခြေအနေတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့တယ်။ အားလုံးက တစ်ယောက်အကြောင်း တစ်ယောက်သိသူတွေဖြစ်ပြီး တစ်ယောက်စီတိုင်းက ဘယ်သူဘာလုပ်မလဲဆိုတာ သိနေကြတယ်။ ဒါတွေက တဒင်္ဂအတွင်းမှာ

ကျွန်တော်တို့အတွက် ခမ်းနားတဲ့အရာတွေ ဖြစ်စေခဲ့ပါတယ်''

- ရော်နယ်လ်ဒို၏ပြန်လည်ပြောဆိုမှု

''ခင်ဗျားအပါအဝင် တခြားသူတွေလေ့ကျင့်ရလို့ ပျော်ရွှင်ခဲ့ပါတယ်။ ကျွန်တော်တို့ အရာအားလုံး အနိုင်မရခဲ့ပါဘူး။ ဘောလုံးက ဒီလိုပါပဲ။ ဒါဟာ ဘောလုံးရဲ့လှပတဲ့ အကြောင်းတရားတစ်ခုပါ''

■ ရော်နယ်လ်ဒို နှင့် ဒေးဗစ်ဘက်ခမ်

ထိုအချိန်တွင် ဘက်ခမ် ပါဝင်လာပြီး စကားဝိုင်းမှာ အင်္ဂလိပ်စကားဖြင့်ပြောဆိုမှုဘက်သို့ ပြောင်းလဲသွားသည်။

- - ရော်နယ်လ်ဒို၏အရွှန်းဖောက်မှု

''ဟေ့လူ ကျွန်တော့် အင်္ဂလိပ်စကား ညံ့ပါတယ်။ ၀ိုင်အနည်းငယ်သောက်လိုက်ရင်တဲ့ အင်္ဂလိပ်စကားပြောရတာ ပိုသွက်လာတယ်။ ဒါပေမဲ့ အခုလို Quarantine အချိန်မှာ မသောက်ပါဘူး''

ဘက်ခမ်၏သား ရိုမီယိုအကြောင်း ပြောဆိုပြီးနောက် စကားပြီးနောက် ရော်နယ်လ်ဒို၏တင်းနစ်ကစားမှုအကြောင်းသို့ ရောက်ရှိသွားသည်။

''အခုချိန်မှာ ကျွန်တော့်အကြိုက်ဆုံးအားကစားပါပဲ။ ဒဏ်ရာတွေကြောင့် ဘောလုံးကစားဖို့ မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်ကစားတိုင်း ကျိုးပဲ့ဒဏ်ရာတစ်ခုခု ရနေတယ်''

လက်ရှိတွင် ဘက်ခမ်မှာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းနှင့် ရော်နယ်လ်ဒိုမှာ လာလီဂါကလပ် ဗယ်လာဒိုလစ်အသင်းများကို ပိုင်ဆိုင်ထားပြီး လက်ရှိကာလတွင် ကလပ်အသင်းပိုင်ဆိုင်မှုအခြေအနေကိုလည်း

ဆွေးနွေးခဲ့ကြသည်။

- ရော်နယ်လ်ဒို၏ဗယ်လာဒိုလစ်အသင်းအကြောင်း ပြောဆိုမှု

''ဒီထက်ပိုပြီး ကျွန်တော်တို့ ငွေသုံးမှာမဟုတ်ပါဘူး။ ပြီးတော့ သုံးဖို့လည်း ပိုက်ဆံမရှိပါဘူး။ နောက်နှစ်မှာ လာလီဂါမှာ ဆက်လက်ကစားနိုင်ဖို့ မျှော်လင့်နေတယ်။ ဘာကြောင့်လဲဆိုတာ ရုပ်သံကနေ ကျွန်တော်တို့ ဝင်ငွေအမြောက်အမြား

ရဖို့ ရှိလို့ပါ။ လာလီဂါက ဘယ်အချိန်မှာ အဆုံးသတ်မလဲ မသိပါဘူး။ ဒါကြောင့် ကျွန်တော်တို့ စောင့်နေပါတယ်။ လာလီဂါအဖွဲ့ချုပ်ရော၊ စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ပါ ဆွေးနွေးခဲ့ပြီးပါပြီ။ ဒီလ(၂၆)ရက်လောက်မှာ ဆုံးဖြတ်ချက်ချမယ်လို့

ထင်တယ်။ ဘောလုံးပွဲတွေပြန်ကစားဖို့ အနည်းဆုံး နှစ်ပတ် ဒါမှမဟုတ် သုံးပတ်လောက်လေ့ကျင့်ဖို့တော့ လိုအပ်ပါတယ်။ ကျွန်တော်တို့ သြဂုတ်လ ပထမပတ်လောက်အထိ ပွဲတွေကစားဖို့ ရှိနေပါတယ်''

- ဘက်ခမ်၏အင်တာမိုင်ယာမီအသင်းအကြောင်း ပြောဆိုမှု

''ထူခြားတဲ့နေရာမှာ ထူးခြားတဲ့သူတွေနဲ့ရှိနေရလို့ ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်။ မန်ယူ၊ ရီးယဲလ်၊ အေစီမီလန်၊ PSGနဲ့ LAဂလက်ဆီအသင်းတွေမှာ ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကို ဒီအသင်းထံ ယူဆောင်ဖို့ ကြိုးစား

နေတယ်။ ဒီအဖွဲ့အစည်းထဲကို အသင်းတိုင်းက အတွေ့အကြုံတွေ ယူဆရတာ အနည်းငယ်တော့ခက်ပါတယ်''

ဒေးဗစ်ဘက်ခမ်သည် ရီးယဲလ်အသင်းတွင်ကစားစဉ် စပိန်စကားပြော အသင်းဖော်များထက် ပေါ်တူဂီစကားပြော အသင်းဖော်များနှင့် ပိုမိုရင်းနှီးသည့်ဆက်ဆံရေးရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့ဖူးသည်။

- ဘက်ခမ်ပြောသည့် အမှတ်တရတစ်ခု

''ရောဘတ်တိုကားလို့စ်လား ခင်ဗျားလားမသိဘူး၊ ပြောခဲ့တဲ့စကားတစ်ခွန်းကို အမှတ်ရနေတယ်။ ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ ကစားနိုင်တဲ့ အင်္ဂလိပ်ကစားသမားဆိုရင် ခင်ဗျား(ဘက်ခမ်)ပါပဲ ပြောခဲ့တဲ့စကားပါ။ ကျွန်တော်ကတော့

ခင်ဗျားတို့စကားကို ဘယ်တော့မှ မယုံကြည်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘရာဇီးလ်ကစားသမားတွေက အကောင်းဆုံးကစားသမားတွေ ဖြစ်လို့ပါ''

- ရော်နယ်လ်ဒို၏ ပြန်လည်ချီးကျူးမှု

''ခင်ဗျားဟာ Midfield မှာတော့ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။ ခင်ဗျားရဲ့ဘောလုံးထိန်းသိမ်းပုံ၊ အလိုရှိတဲ့နေရာကို ပေးပို့နိုင်တာတွေအပြင် ခင်ဗျားက ကျွန်တော့်လှုပ်ရှားနေတာကို မကြည့်ဘဲနဲ့ ဘောလုံးကို

ချိန်ကားကိုက် ပေးပို့နိုင်ပါတယ်''

■ ရော်နယ်လ်ဒို နှင့် ကာဆီးလက်စ်

ယင်းပြောဆိုမှုတွင် နောက်ဆုံးမှပါဝင်လာသူက ရီးယဲလ်ဂိုးသမားဟောင်း ကာဆီးလက်စ် ဖြစ်ပြီး ရီးယဲလ်၏ ကြယ်စင်စုခေတ်ကာလအခြေအနေကို ပြန်ပြောင်းပြောဆိုခဲ့သည်။

- ရော်နယ်လ်ဒို၏ပြောဆိုမှု

'' မြို့တော်နဲ့ ကလပ်အသင်းပေါင်းစပ်မှုမှာ မက်ဒရစ်နဲ့ ရီးယဲလ်မက်ဒရစ်ပေါင်းစပ်မှုလောက် မခမ်းနားကြပါဘူး။ ဒါဟာ အကောင်းဆုံးစကားလုံးတစ်လုံးမဟုတ်ရင်တောင် ကျွန်တော့်ဘဝအတွက်တော့ ဖြစ်ပါလိမ့်မယ်''

- ကာဆီးလက်စ်၏ပြောဆိုမှု

'' ခင်ဗျား ပွဲဦးထွက်တဲ့ပွဲမှာ လူစားဝင်မကစားမီ ကျွန်တော် ပယ်နယ်တီတစ်လုံး ကာကွယ်နိုင်ခဲ့တယ်။ ရီးယဲလ်အသင်းအတွက်တော့ ခင်ဗျားလိုကစားသမားမျိုး ပိုင်ဆိုင်ခဲ့ရတာ တစ်ပန်းသာပါတယ်။ ခင်ဗျားရဲ့ချစ်ခြင်းမေတ္တာတွေ၊

အသင်းကထွက်ခွာသွားတာကို အားလုံးက အမှတ်တရရှိနေပါတယ်။ သူတို့အတွက် အလွန်တန်ဖိုးရှိတဲ့အချိန်တွေပါပဲ''

စကားဝိုင်းက ကာဆီးလက်စ်၏ Heart Attackနှင့် ရော်နယ်လ်ဒို၏ဒဏ်ရာပြဿနာများအကြောင်း ရောက်ရှိသွားခဲ့သည်။

- ကာဆီးလက်စ်၏ပြောဆိုမှု

''Heart Attack က အလွန်တုန်လှုပ်စရာကောင်းပါတယ်။ လေ့ကျင့်ရေးကွင်းမှာဖြစ်ခဲ့လို့ ကျွန်တော် ကံကောင်းခဲ့ပါတယ်။ ဒီအရာက ကျွန်တော့်အသက်ကို ကယ်တင်လိုက်တာပါ။ အသင်းဆရာဝန်တွေကို ကျွန်တော် အမြဲတမ်း

ကျေးဇူးတင်ပါတယ်။ တခြားတစ်နေရာရာမှာသာ ဖြစ်ခဲ့ရင် အခုချိန်မှာ ခင်ဗျားကို ကျွန်တော် ဒီလိုတောင် ပြောနေနိုင်တော့မှာ မဟုတ်ပါဘူး''

- ရော်နယ်လ်ဒို၏ပြောဆိုမှု

''ဒဏ်ရာတွေက ကျွန်တော့်အတွက် နှစ်ပေါင်းများစွာကြာတဲ့ စစ်ပွဲတစ်ခုလိုပါပဲ။ ကမ္ဘာ့ဖလားရခဲ့တာ၊ ပြီးတော့ ရီးယဲလ်အသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့တာတွေက ကျွန်တော့်ရဲ့ဘဝမှာ ဒုတိယမှတ်တိုင်တွေပါပဲ''

 

Most Read

Most Recent