ရန်ကုန် အဝင်အထွက်ကို ပိတ်မည်မဟုတ်ဘဲ Home Stay ၁၀ ရက်အတွင်း လုံခြုံရေးအတွက် တိုင်းရဲတပ်ဖွဲ့ကို ညွှန်ကြားထားကာ အစားအသောက် အခက်အခဲ မရှိစေရန် ကုန်သည်ကြီးများ အသင်းများနှင့် ညှိနိူင်းထားဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

ရန်ကုန် အဝင်အထွက်ကို ပိတ်မည်မဟုတ်ဘဲ Home Stay ၁၀ ရက်အတွင်း လုံခြုံရေးအတွက် တိုင်းရဲတပ်ဖွဲ့ကို ညွှန်ကြားထားကာ အစားအသောက် အခက်အခဲ မရှိစေရန် ကုန်သည်ကြီးများ အသင်းများနှင့် ညှိနိူင်းထားဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ခန်းမ ၁ တွင် ဧပြီ ၃ ရက်က ပြုလုပ်သည့် ဌာနဆိုင်ရာ လုပ်ငန်း  ညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ခန်းမ ၁ တွင် ဧပြီ ၃ ရက်က ပြုလုပ်သည့် ဌာနဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တွေ့ရစဉ်
Published 4 April 2020

ရန်ကုန် အဝင်အထွက်ကိုပိတ်မည်မဟုတ်ဘဲ Home Stay ၁၀ ရက်အတွင်း လုုံခြုံရေးအတွက် တိုင်းရဲတပ်ဖွဲ့ကို ညွှန်ကြားထားကာ အစားအသောက်အခက်အခဲမရှိစေရန် ကုန်သည်ကြီးများအသင်းများနှင့် ညှိနိူင်းထား ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဧပြီ ၁၀ ရက်မှ ၁၉ရက်အတွင်း ကျန်းမာရေးကိစ္စနှင့် အစားအသောက်ဝယ်ယူရန်မှအပ အိမ်အတွင်းသာ နေထိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ညွှန်ကြားထားမှုနှင့်ပတ်သက်ပြီး eleven media group က ဝန်ကြီးချုပ ်ဦးဖြိုးမင်းသိန်းအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"လုံခြုံရေးနဲ့ပတ်သက်ပြီး ပြင်ဆင်ထားပါတယ်။ တိုင်းရဲတပ်ဖွဲ့တွေအားလုံး COVID တိုင်းကော်မတီအတွင်းမှာ လည်း အားလုံးပေါင်းစပ်ညှိနိူင်းပြီး ဌာနပေါင်းစုံနဲ့ ဒီကိစ္စကိုပြင်ဆင်ထားတယ်။ လုံခြုံရေးအပြင် စားရေး သောက်ရေးအတွက်လည်း ကျွန်တော်တို့ we love yangon အုပ်စုရော နောက်တစ်ခုက ကုန်သည်ကြီးများ အသင်းတွေနဲ့ ညှိနုှိင်းထားတယ်။ ဒီအတွက် အစားအသောက် လုံလောက်အောင် ရဖို့အတွက်ဆောင်ရွက်မယ်"ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

Home stay ပြုလုပ်ခြင်းအား ဌာနဆိုင်ရာများ ကိုဗစ်ကော်မတီ မြို့နယ်အဆင့်အလိုက် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မည်ဖြစ်ပြီး မြို့အဝင်အထွက်ကို ပိတ်ထားမည်မဟုတ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

"တို်င်းအတွင်းကို မဝင်ရဘူး မထွက်ကဘူးဆိုပြီး မလုပ်ပါဘူး။ ဒါပေမယ့် ဒီသကြ်န်ကာလအတွင်း ၁၀ ရက် လောက်ကို ဖိဖိစီးစီး နေထိုင်လို်က်မယ်ဆိုရင် အခြေအနေကို တစ်စုံတစ်ရာ တားဆီးနိုင်တဲ့အဆင့် ရနိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

သကြ်န်ရုံးပိတ်ရက် ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ ကျန်းမာရေးကိစ္စနှင့် အစားအသောက်ဝယ်ယူရန်မှ အပ မိမိအိမ်တွင်သာနေထိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ covid-19 ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမိုးဟိန်းလက်မှတ်ဖြင့် ဧပြီ ၂ရက် ရက်စွဲဖြင့် ညွှန်ကြားစာတစ်စောင် ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည့်စာတွင် မတ် ၂၅ ရက်တွင် ကျင်းပပြုလုပ်သည့် covid-19 ရောဂါနှင့်ပတ်သက်သည့်အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညိိီ စောင့်ရှောက်ပေးမှုနှင့် သတ်မှတ်နေရာအဆောက်အဦးများတွင် ထားရှိပြီးအသွားအလာကန့်သတ်ခြငး် အစီအစဉ်နှင့် လုပ်ငန်းများတွင် ပြည်သူများမှ ပူးပေါင်းကူညီပါဝင်နိုင်ရေး သံသယလူနာများနှင့် ထိတွေ့မူရှိသူများကို ဖုန်းကွယ်ထားမူမရှိစေရေး ဆောင်ရွက်ရန် Covid-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ မတ် ၂၈ ရက်တွင် အကြောင်းကြားလာကြောင်း ဖော်ပြထားသည်။

 

ထို့ကြောင့် covid-19ရောဂါနှင့်ပတ်သက်ပြီး ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ကူညီပံပိုး ထောက်ပံရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသူများမှအပ ပြည်သူများအနေဖြင့် သကြ်န်ကာလ ရုံးပိတ်ရက်များဖြစ်သည့် ဧပြီ ၁ဝရက်မှ ၁၉ရက်အထိ မဖြစ်မနေဆောင်ရွက်ရမည့် ကျန်းမာရေးကိစ္စရပ်များနှင့် အစားအသောက်အဝယ်ယူခြင်း ကိစ္စရပ်မှလွဲပြီး နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြငး်များမပြုလုပ်ဘဲ မိမိနေအိမ်၌ (home stay)နေထိုင်ခြင်းဖြင့် အသွားအလာကန့်သတ်ခြင်း အစီအစဉ်နှင့် လုပ်ငန်းများတွင် ပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန် ယင်းစာတွင်ဖော်ပြထားသည်။် ၂၈ ရက်တွင် အကြောင်းကြားလာကြောင်း ဖော်ပြထားသည်။

 

ထို့ကြောင့် covid-19ရောဂါနှင့်ပတ်သက်ပြီး ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ကူညီပံပိုး ထောက်ပံရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသူများမှအပ ပြည်သူများအနေဖြင့် သကြ်န်ကာလ ရုံးပိတ်ရက်များဖြစ်သည့် ဧပြီ ၁ဝရက်မှ ၁၉ရက်အထိ မဖြစ်မနေဆောင်ရွက်ရမည့် ကျန်းမာရေးကိစ္စရပ်များနှင့် အစားအသောက်အဝယ်ယူခြင်း ကိစ္စရပ်မှလွဲပြီး နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြငး်များမပြုလုပ်ဘဲ မိမိနေအိမ်၌ (home stay)နေထိုင်ခြင်းဖြင့် အသွားအလာကန့်သတ်ခြင်း အစီအစဉ်နှင့် လုပ်ငန်းများတွင် ပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန် ယင်းစာတွင်ဖော်ပြထားသည်။

Most Read

Most Recent