Voice of Myanmar သတင်းဌာနမှ အယ်ဒီတာချုပ်အား အကြမ်းဖက်ဥပဒေပုဒ်မ နှစ်ခုဖြင့် အမှုဖွင့်ဖမ်းဆီးပြီးနောက် ရုံးခန်းအား ဝင်ရောက်ရှာဖွေ

Voice of Myanmar သတင်းဌာနမှ အယ်ဒီတာချုပ်အား အကြမ်းဖက်ဥပဒေပုဒ်မ နှစ်ခုဖြင့် အမှုဖွင့်ဖမ်းဆီးပြီးနောက် ရုံးခန်းအား ဝင်ရောက်ရှာဖွေ
Published 31 March 2020

Voice of Myanmar သတင်းဌာနမှ အယ်ဒီတာချုပ်အား အကြမ်းဖက်ဥပဒေပုဒ်မ နှစ်ခုဖြင့် အမှုဖွင့် ဖမ်းဆီးပြီးနောက် ရုံးခန်းအား ယနေ့(မတ် ၃၁ ရက်) နံနက်တွင် ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မတ် ၃၀ ရက် ည ၉ နာရီခန့်က Voice of Myanmar သတင်းဌာန၏ အယ်ဒီတာချုပ် ဦးနေမျိုးလင်းအား CID သတင်းရဲတပ်ဖွဲ့မှ လာရောက်ပြီး စစ်းဆေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

လတ်တလော စုံစမ်းသိရသည်မှာ ဦးနေမျိုးလင်းသည် " ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကတော့ရပ်တန့်သွားပြီ" ခေါင်းစဉ်ဖြင့် AA အဖွဲ့မှ ခိုင်သုခနှင့် ဆက်သွယ်မေးမြန်းခဲ့သောကြောင့် ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)/၅၂(က) တို့ဖြင့် ရဲသတင်းတပ်ဖွဲ့ (SB) မှ တရားလိုပြုလုပ် အမှုဖွင့်ထားသည်ဟု သိရသည်။

Most Read

Most Recent