တက္ကသိုလ်ဝင်တန်း အဖြေလွှာ စစ်ဆေးမည့် ဆရာ ဆရာမများ မပျက်မကွက် တာဝန်ထမ်းဆောင်ကြရန် ညွှန်ကြားထား

တက္ကသိုလ်ဝင်တန်း အဖြေလွှာ စစ်ဆေးမည့် ဆရာ ဆရာမများ မပျက်မကွက် တာဝန်ထမ်းဆောင်ကြရန် ညွှန်ကြားထား
Published 22 March 2020
လွင်မျိုးသူ

တက္ကသိုလ်ဝင်တန်း အဖြေလွှာစစ်ဆေးမည့် ဆရာဆရာမများ မပျက်မကွက် တာဝန် ထမ်းဆောင်ကြရန် အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားထားသည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေး ပွဲ အဖြေလွှာစစ်ဆေးရန်အတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ဆရာဆရာမ များ သက်ဆိုင်ရာစာစစ်ဌာနများသို့ မတ် ၃၀ အရောက် သတင်းပို့ရန်လည်း ညွှန်ကြားထား သည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်သည့်အနေ ဖြင့် တက္ကသိုလ်အဖြေလွှာစစ်ဆေးရေးကို ရွှေ့ဆိုင်းပေးရန် တက္ကသိုလ်ဆရာဆရာမများ အသင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်တို့က တောင်းဆိုထား ကြသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ ကို ဧပြီ ၁ ရက်မှစ၍ ရန်ကုန်၊ ဒဂုံ၊ မြစ်ကြီး နား၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ၊ မုံရွာနှင့် မကွေးတက္ကသိုလ် စသည့် စာစစ်ဌာန ၁၀ ခုတွင် စစ်ဆေးသွားမည်ဖြစ် သည်။

အဖြေလွှာများ စစ်ဆေးရာတွင် အခြေခံ ပညာကျောင်းများမှ အထက်တန်းပြဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ဆရာ၊ ဆရာမများ က စစ်ဆေးမည်ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ စစ်ဆေးရန် အထက်တန်းပြလုပ်သက် အ နည်းဆုံး နှစ်နှစ်ရှိသည့် ဆရာ၊ ဆရာမများကို သာ တာဝန်ပေးထားပြီး  သင်ကြားနေသည့် ဘာသာရပ်နှင့် စစ်ဆေးမည့် ဘာသာရပ်ကိုက် ညီမှုရှိမှသာ အဖြေလွှာစစ်ဆေးရေး တာဝန် ပေးထားကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

အဖြေလွှာများကို စစ်ဆေးရန် တက္က သိုလ်ဆရာ၊ ဆရာမများနှင့် အခြေခံပညာ အထက်တန်းပြ ဆရာ၊ ဆရာမများအား မြို့ နယ်ပညာရေးမှူးရုံးများက ရွေးချယ်ထား ကြောင်း သိရသည်။

အဖြေလွှာစစ်ဆေးရန် တာဝန်ပေးအပ် ထားသော ဆရာ၊ ဆရာမများသည် အဖြေလွှာ စစ်ဆေးရန် ကျန်းမာရေးအခြေအနေ မသင့် တော်ပါက မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဆေးစာပါရှိရမည်ဖြစ်ကြောင်း တာဝန်ရှိသူ များထံမှ သိရသည်။

ထို့ပြင် အဖြေလွှာစစ်ဆေးချိန်တွင် ကိုယ်ဝန်ရှိသူများ၊ မီးဖွားခွင့် ခံစားနေရသူ များအား အဖြေလွှာစစ်ဆေးရန် မလိုကြောင်း သိရသည်။

အဖြေလွှာစစ်ဆေးသူများအား အဖြေ လွှာ တစ်အုပ်လျှင် ကျပ် ၃၀၀ ပေးမည်ဖြစ် ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပညာရေးဝန် ကြီးဌာနက ဆရာ၊ ဆရာမ လေးသိန်းကျော် ကိုပို့ချမည့် နွေရာသီသင်ရိုးသစ် သင်တန်း များ၊ လူရည်ချွန်စခန်းများ၊ ကိုယ်ပိုင်ကျောင်း များ၊ နွေရာသီ ရက်တိုရက်ရှည်သင်တန်း များကို ပိတ်သိမ်းရန် ညွှန်ကြားထားကြောင်း သိရသည်။

 

 

Most Read

Most Recent