အင်္ဂလိပ်ခေတ်က တည်ဆောက်ခဲ့သည့် နှစ်ပေါင်း ၁၀၀ နီးပါးသက်တမ်းရှိ သရက်မြို့ အ.ထ.က (၁)ကျောင်းရှိ ကျောင်းဆောင်နှစ်ခု ပျက်စီးယိုယွင်းနေမှုကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းသွားမည်

အင်္ဂလိပ်ခေတ်က တည်ဆောက်ခဲ့သည့် နှစ်ပေါင်း ၁၀၀ နီးပါးသက်တမ်းရှိ သရက်မြို့ အ.ထ.က (၁)ကျောင်းရှိ ကျောင်းဆောင်နှစ်ခု ပျက်စီးယိုယွင်းနေမှုကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းသွားမည်
Published 20 January 2020
သက်ပိုင်

အင်္ဂလိပ်ခေတ်က တည်ဆောက်ခဲ့သည့် နှစ်ပေါင်း ၁၀၀ နီးပါး သက်တမ်းရှိ သရက်မြို့ အ.ထ.က (၁)ကျောင်းရှိ ကျောင်းဆောင်နှစ်ခု ပျက်စီးယိုယွင်းနေမှုကို ရှေးမူမပျက်ပြုပြင် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

အင်္ဂလိပ်ခေတ်ကတည်းက စာသင်ကျောင်းအဖြစ် အသုံးပြုခဲ့သော သရက်မြို့ အထက (၁) ကျောင်းရှိ စာသင်ဆောင်အချို့မှာ ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်နေ၍ အစိုးရက စာသင်ဆောင်တစ်ခုပြုပြင်မွမ်းမံရန် ကျပ် သိန်း ၁၅၀ နှုန်းနှင့် ကျပ်သိန်း ၃၀၀ ချထားပေးပြီး ကျောင်းဆောင်များအား ရှေးမူမပျက်ထိန်း သိမ်းပြုပြင်မှု လုပ်ဆောင်သွားမည်ဟု သရက် မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က ပြောကြားသည်။

“ကျောင်းဆောင်တွေက ပြင်ထိန်းအနေနဲ့ ကျောင်းဆောင်တစ်ခုကို သိန်း ၁၅၀ ချထားပေးတာပါ။ ဒီကျောင်းကြီးက အင်္ဂလိပ်ခေတ် ကတည်းက ကျောင်းပေါ့။ နှစ်ပေါင်း ၁၀၀ နီး ပါးရှိပြီပေါ့။ အခုပြုပြင်မွမ်းမံမှု လုပ်မယ့် အဆောင်တွေက ဧရာဆောင်နဲ့ စစ်တောင်း ဆောင်ပါ။ ဧရာဆောင်က မျက်နှာကြက်တွေ မကောင်းလို့ ပြုပြင်ရမှာပေါ့။ ဒီအဆောင်တွေကို ပြုပြင်ရာမှာလည်း ရှေးမူမပျက်ဖို့ ရပ်မိရပ်ဖတွေ ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာပါ” ဟု ဦးဇော်မိုးအောင်က ဆိုသည်။

သရက်မြို့ အထက(၁) ကျောင်းရှိ ဧရာဆောင်သည် ပြီးခဲ့သည့်နှစ် ဇွန်လက မျက်နှာကြက်ပြိုကျမှု ဖြစ်ပွားခဲ့ပြီး အန္တရာယ်ဆောင်အဖြစ် သတ်မှတ်ထားကာ ကျောင်းသားများ ရွှေ့ပြောင်းစာသင်ကြား ခဲ့ရကြောင်းလည်း သိရသည်။

 

Most Read

Most Recent