ပေါ့ဘာကို ရောင်းထုတ်လိုက်ခြင်းက မန်ယူအသင်းအတွက် ပိုကောင်းမည်ဟု ရိုင်ယန်ဂစ် သုံးသပ်

ပေါ့ဘာကို ရောင်းထုတ်လိုက်ခြင်းက မန်ယူအသင်းအတွက် ပိုကောင်းမည်ဟု ရိုင်ယန်ဂစ် သုံးသပ်
Photo: Getty Images
Photo: Getty Images
Published 3 January 2020

မန်ယူအသင်းအနေဖြင့် အသင်းတွင် အနာဂတ်လှုပ်ခတ်နေသည့် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကို ရောင်းထုတ်လိုက်ခြင်းက ပိုကောင်းမည်ဟု မန်ယူကစားသမားဟောင်းတစ်ဦးဖြစ်သည့် ဝေးလ်အသင်းနည်းပြ ရိုင်ယန်ဂစ်က သုံးသပ်ပြောကြားခဲ့သည်။ 

အသက် (၂၆)နှစ်အရွယ်ရှိ ပေါ့ဘာသည် မန်ယူအသင်းမှထွက်ခွာမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဆိုးလ်ရှားနှင့် ပေါ့ဘာ၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာတို့က ပေါ့ဘာအနေဖြင့် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာမည်မဟုတ်ကြောင်း အတည်ပြုထားသည်။

ရိုင်ယန်ဂစ်က "လာမယ့်ရာသီမှာ ပေါ့ဘာအနေနဲ့ မန်ယူအသင်းမှာ ဆက်ရှိနေမယ်လို့ ကျွန်တော် မထင်ပါဘူး။ ဆိုးလ်ရှားအနေနဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ ပေါ့ဘာအကြောင်းတွေကိုပဲ ပြောဆိုနေရတာတွေ မြင်ရတော့ ကျွန်တော် စိတ်မကောင်းပါဘူး။ ပေါ့ဘာ မပါဝင်ဘဲ မန်ယူအသင်း အကောင်းဆုံးကစားနိုင်ခဲ့တဲ့ ပွဲတွေအများကြီးပါ။ ပေါ့ဘာက တချို့ပွဲတွေက ကောင်းပေမယ့် အခုအချိန်မှာတော့ စိတ်ပျက်စရာကောင်းပါတယ်။ ပေါ့ဘာက ပါရမီရှင်ကစားသမားတစ်ဦးပါ။ ဒါပေမဲ့ သူဟာ မန်ယူအသင်းမှာတော့ ခြေစွမ်းတည်ငြိမ်မှု မရှိပါဘူး"ဟု ပြောကြားခဲ့သည်။ 

ပေါ့ဘာသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၈)ပွဲသာ ကစားထားနိုင်သေးပြီး ဂိုးသွင်းယူနိုင်သေးခြင်းမရှိသေးကြောင်း သိရသည်။ 

ပေါ့ဘာသည် လက်ရှိတွင်လည်း ခြေချင်းဝတ်ဒဏ်ရာကြောင့် ကစားနိုင်ခြင်းမရှိသေးဘဲ ယင်းဒဏ်ရာကို ခွဲစိတ်ကုသမှုခံရမည်ဖြစ်သည့်အတွက် (၃)ပတ်၊ (၄)ပတ်ခန့် ထပ်မံအနားယူရဦးမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent