ချယ်လ်ဆီးအသင်း၏ အမေရိကန်တိုက်စစ်ကစားသမား ပူလီဆစ်က မိမိနှင့် အသင်းဖော်များသည် ဇန်နဝါရီအ ပြောင်းအရွှေ့ကာလတွင် ရောက်ရှိလာမည့် ကစားသမားသစ်များနှင့် နေရာအပြိုင်လုရန် အသင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်း၏ အမေရိကန်တိုက်စစ်ကစားသမား ပူလီဆစ်က မိမိနှင့် အသင်းဖော်များသည် ဇန်နဝါရီအ ပြောင်းအရွှေ့ကာလတွင် ရောက်ရှိလာမည့် ကစားသမားသစ်များနှင့် နေရာအပြိုင်လုရန် အသင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပေါင်သန်း(၁၅၀)ခန့် အသုံးပြုပြီး ကစားသမားသစ်များ ခေါ်ယူအားဖြည့်ရန် စီစဉ်နေကြောင်း သတင်းထွက်နေ၍ ပူလီဆစ်က ယခုလို ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။
ပူလီဆစ်က "ကစားသမားသစ်တွေ ရောက်လာရင် ပိုပြီးပြိုင်ဆိုင်ရမှာက ပုံမှန်ပါပဲ။ ဒီအတွက် ကျွန်တော်တို့ အသင့်ရှိနေပါတယ်။ ပြီးတော့ ရောက်လာမယ့် ကစားသမားသစ်တွေက အသင်းအတွက် အကူအညီဖြစ်စေဖို့လည်း မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
အသက် (၂၁)နှစ်အရွယ်ရှိ အမေရိကန်တောင်ပံကစားသမား ပူလီဆစ်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၂၃)ပွဲကစားရာ၌ (၆)ဂိုး သွင်းယူပေးထားသည်။
ချယ်လ်ဆီးအသင်းသည် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူရန် စီစဉ်နေသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။