ချိန်ဘာစ်ကို ရာသီကုန်အထိ ဆုံးရှုံးရမည့်အခြေအနေက အာဆင်နယ် အသင်း၏ အပြောင်းအရွှေ့အစီအစဉ်များအပေါ် သက်ရောက်မှုရှိလာနိုင်

ချိန်ဘာစ်ကို ရာသီကုန်အထိ ဆုံးရှုံးရမည့်အခြေအနေက အာဆင်နယ် အသင်း၏ အပြောင်းအရွှေ့အစီအစဉ်များအပေါ် သက်ရောက်မှုရှိလာနိုင်
Photos: Getty Images
Photos: Getty Images
Published 3 January 2020

အာဆင်နယ်အသင်းသည် နောက်ခံလူ ချိန်ဘာစ်ကို ရာသီကုန်အထိ ဆုံးရှုံးရမည်ဖြစ်၍ ၎င်းတို့၏ အပြောင်းအရွှေ့အစီအစဉ်များကို အပြောင်းအလဲပြုလုပ်ရဖွယ်ရှိနေသည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်ဖော်ပြခဲ့သည်။

အာဆင်နယ်အသင်းသည် နောက်ခံလူ ချိန်ဘာစ်ကို ရာသီကုန်အထိ ဆုံးရှုံးရမည်ဖြစ်၍ ၎င်းတို့၏ အပြောင်းအရွှေ့အစီအစဉ်များကို အပြောင်းအလဲပြုလုပ်ရဖွယ်ရှိနေသည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်ဖော်ပြခဲ့သည်။

    

ချိန်ဘာစ်သည် ချယ်လ်ဆီးနှင့်ပွဲတွင် ရရှိခဲ့သည့် ဒူးဒဏ်ရာကို ကြာသပတေးနေ့က ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။ ခွဲစိတ်မှုမှာ အောင်မြင်ခဲ့သော်လည်း အနည်းဆုံး(၆)လမှ (၉)လအထိ အနားယူရမည်ဖြစ်၍ အာဆင်နယ်အသင်းအနေဖြင့် ရာသီကုန်အထိ ဆုံးရှုံးရတော့မည့်အခြေအနေဖြစ်သည်။ 

ထို့ပြင် အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်လက ပခုံးဒဏ်ရာရရှိခဲ့သော ဘယ်နောက်ခံလူ တီယာနေးကိုလည်း (၃)လကျော် အနားပေးထားရသည်။ ထို့ကြောင့် မူလကတည်းက ခံစစ်ပိုင်းတွင် အားနည်းချက်များရှိနေသော အာဆင်နယ်အသင်းအတွက် ပြဿနာပိုမိုကြီးထွားလာပြီး ခံစစ်ပိုင်းကို မဖြစ်မနေအားဖြည့်ရတော့မည်ဟု မီဒီယာများက သုံးသပ်ခဲ့ကြသည်။ 



    

အာဆင်နယ်အသင်း၏နည်းပြ အာတီ တာကလည်း "အသင်းကို ပိုပြီးတောင့်တင်းအောင် ပြင်ဆင်ဖို့ အပြောင်းအရွှေ့ဈေးကွက် မှာ ကြိုးစားသွားမှာပါ။ ချိန်ဘာစ်လို ဒဏ်ရာ ပြဿနာတွေ ကြုံတွေ့လာတာကြောင့် ကျွန်တော်တို့ရဲ့ အပြောင်းအရွှေ့အစီအစဉ်တွေကို အပြောင်းအလဲလုပ်ရမယ့် အခြေအနေလည်းရှိပါတယ်။ ဒါပေမဲ့ ဒီအချိန်က အပြောင်း အလဲအများကြီး လုပ်ရမယ့်အချိန်တော့ မဟုတ်ပါဘူး။ ကစားသမားသစ်တချို့ ခေါ်ယူနိုင်ခဲ့ရင်တော့ အသင်းကို တိုးတက်မှု ရှိအောင် ပြင်ဆင်နိုင်မှာပါ"ဟု ပြောကြားခဲ့သည်။ 

အာတီတာက အပြောင်းအရွှေ့ဈေးကွက်တွင် စိတ်ကြိုက်လှုပ်ရှားခွင့် မရနိုင်ကြောင်းလည်း ဝန်ခံခဲ့သည်။ သို့သော် အသင်းမှ ထွက်ခွာဖွယ်ရှိသည်ဟု သတင်းထွက်နေသော ကွင်းလယ်ကစားသမား ချာကာနှင့် တိုက်စစ်မှူး အူဘာမီယန်းတို့ကို အသင်းတွင် ဆက်ရှိရန် ထိန်းသိမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။

 

Most Read

Most Recent