ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်တွင် ချယ်လ်ဆီးအသင်း ပေါင်(၉၆)သန်းကျော်အရှုံးပေါ်

ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်တွင် ချယ်လ်ဆီးအသင်း ပေါင်(၉၆)သန်းကျော်အရှုံးပေါ်
Photos: Getty Images,YouTube
Photos: Getty Images,YouTube
Published 1 January 2020

၂၀၁၉ ဇွန်လ (၃၀)ရက်နေ့တွင် အဆုံးသတ်ခဲ့သော ဘဏ္ဍာရေးနှစ်၏အစီရင်ခံစာကို ချယ်လ်ဆီးအသင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈-၁၉ ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့ခြင်းက ယင်းကဲ့သို့ အရှုံးပေါ်ခြင်း၏ အဓိကအကြောင်းရင်းတစ်ချက်ဖြစ်ကြောင်း သိရှိရသည်။

 

 

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်တွင် ပေါင်(၉၆.၆) သန်း အရှုံးပေါ်ခဲ့ကြောင်း အသင်းတာဝန်ရှိသူများက တရားဝင်ထုတ်ပြန် ကြေညာခဲ့သည်။

၂၀၁၉ ဇွန်လ (၃၀)ရက်နေ့တွင် အဆုံးသတ်ခဲ့သော ဘဏ္ဍာရေးနှစ်၏အစီရင်ခံစာကို ချယ်လ်ဆီးအသင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈-၁၉ ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့ခြင်းက ယင်းကဲ့သို့ အရှုံးပေါ်ခြင်း၏ အဓိကအကြောင်းရင်းတစ်ချက်ဖြစ်ကြောင်း သိရှိရသည်။ ချယ်လ်ဆီးအသင်းသည် အီတလီလူမျိုးနည်းပြ ကွန်တီ တာဝန်ယူခဲ့ သော ၂၀၁၇-၁၈ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်၌ အဆင့်(၅)သာရရှိ ခဲ့၍ နောက်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်မရဘဲ ယူရိုပါလိဂ်ပြိုင်ပွဲသာ ယှဉ်ပြိုင်ခဲ့ရသည်။

သို့ဖြစ်ရာ ချန်ပီယံလိဂ်ဝင်ခွင့် မရခြင်းအတွက် ရာသီကုန်တွင် နည်းပြဖြစ်သူ ကွန်တီကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။ ကွန်တီအား လျော်ကြေးငွေပေးခဲ့ရခြင်းမှာလည်း ချယ်လ်ဆီးအသင်း အရှုံးငွေပေါ်ခဲ့ရခြင်း၏ အ ကြောင်းအချက်များထဲတွင် တစ်စိတ်တစ်ပိုင်းအနေဖြင့် ပါဝင်ကြောင်း သိရှိရသည်။ အသင်းအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှရရှိမည့် မြင့်မားသည့် ရုပ်သံငွေကြေးနှင့် ကွင်းဝင်ကြေးများကို နစ်နာဆုံးရှုံးခဲ့၍ အသင်း၏ ဝင်ငွေ ကို များစွာထိခိုက်နစ်နာခဲ့ရကြောင်း သိရှိရသည်။

ချယ်လ်ဆီးအသင်းအနေဖြင့် ၂၀၁၇၊ ၂၀၁၈ ဘဏ္ဍာရေးနှစ်များတွင်မူ အရှုံးမရှိခဲ့ဘဲ အမြတ်အစွန်းထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။ ယခု တွက်ချက်မှုတွင် ပြီးခဲ့သည့် ၂၀၁၉ နွေရာသီအတွင်း စပိန်ကလပ် ရီးယဲလ်မက်ဒရစ်အသင်းသို့ ရောင်းချခဲ့သော ဟာဇက်၏ ပြောင်းရွှေ့ကြေး (ပေါင် သန်း ၉၀) မပါဝင်ကြောင်း သိရှိရသည်။

 

 

Most Read

Most Recent