ပုသိမ်မြို့နယ် ချောင်းသာမြို့ ဥတိုချောင်းအနီး၌ တရားမဝင် ဝင်ရောက်လာသည့်ဘင်္ဂါလီများ ဖမ်းဆီးရမိမှုတွင် တွေ့ရှိခဲ့သည့် YBS 15 ယာဉ်၏အချက်အလက်များကို Control Centre မှရရှိထားပြီး အရေးယူနိုင်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ တင်ပြထားဟုဆို

ပုသိမ်မြို့နယ် ချောင်းသာမြို့ ဥတိုချောင်းအနီး၌ တရားမဝင် ဝင်ရောက်လာသည့်ဘင်္ဂါလီများ ဖမ်းဆီးရမိမှုတွင် တွေ့ရှိခဲ့သည့် YBS 15 ယာဉ်၏အချက်အလက်များကို Control Centre မှရရှိထားပြီး အရေးယူနိုင်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ တင်ပြထားဟုဆို
ဒီဇင်ဘာ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးနှင့် ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ရုံး၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲကို တွေ့ရစဉ်
ဒီဇင်ဘာ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးနှင့် ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ရုံး၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲကို တွေ့ရစဉ်
Published 6 December 2019



ပုသိမ်မြို့နယ် ချောင်းသာမြို့ ဥတိုချောင်းအနီး၌ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီများ ဖမ်းဆီးရမိမှုတွင် တွေ့ရှိခဲ့သည့် YBS 15 ယာဉ်၏အချက်အလက်များကို Control Centre မှရရှိထားပြီး အရေးယူနိုင်ရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ဒီဇင်ဘာ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ရုံး၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။

“အခုဖြစ်စဉ်ပေါ်မှာ ကျွန်တော်တို့တွေ့ရှိ သုံးသပ်ချက်ကိုတင်ပြီးပါပြီ။ ဒီယာဉ်ရဲ့ အနေအထားမှာ ကျွန်တော်တို့က နယ်ကျော်ပြေးရင် အရေးယူမယ်။ ဒဏ်ကြေးသတ်မှတ်တာတွေရှိတာကို ဒါက ထုတ်ပြန်ပြီးသားပါ။ အခု ဒီယာဉ်က ထူးခြားဖြစ်နေတယ်။ တစ်ဖက်က ဥပဒေကြောင်းအရ ရင်ဆိုင်ရမယ်။ ကျွန်တော်တို့ YBS အတွက် ဒီဖြစ်စဉ်က မဖြစ်အပ်ဘူး။ ဒါကြောင့်မို့လို့ ဒီယာဉ်အပေါ်မှာ အရေးယူအပိုင်းမှာ အစိုးရစီမံခန့်ခွဲမှုတွေ တင်ပြတယ်။ ဘာကြောင့်လဲ ဒီယာဉ်လည်း ဒီယာဉ်မှာ လုပ်ငန်းဥပဒေရှိတယ်။ ကားရဲ့ ဥပဒေရှိတယ်။ မော်တော်ယာဉ်မှတ်ပုံခြင်းရဲ့ ဥပဒေတွေရှိတယ်။ လုပ်ငန်းဥပဒေရှိတယ်။  ကျွန်တော်တို့ YRTA ထဲမှာ ကညနက တိုင်းဦးစီးမှူးပါသလို လုပ်ငန်းလိုင်စင်က တိုင်းဦးစီးမှူးလည်းပါတယ်။ ဒါကြောင့် အစိုးရကို တင်ပြပြီး။ ဒီယာဉ်ကတော့ အရေးယူသင့်တယ်။ ဘယ်လိုအရေးယူမလဲဆိုတာကို သေချာပြန်တိုင်ပင်ပြီး ဥပဒေနဲ့ညီညွတ်တဲ့ အရေးယူမှု ဆောင်ရွက်မှာပါ” ဟု ဦးလှအောင်က ပြောကြားသည်။

YBS 15 ယာဉ်လိုင်းသည် ဒဂုံတက္ကသိုလ်မှ အင်းစိန် (ကြို့ကုန်း) သို့ ပြေးဆွဲသော မီနီဘတ်စ်ယာဉ်လိုင်းဖြစ်ပြီး  နိုဝင်ဘာ ၂၈ ရက် နံနက် ၆ နာရီ ၅၅ မိနစ်တွင် ဒဂုံတက္ကသိုလ်အနီးရှိ ဗိုလ်မှူးဗထူးလမ်းဂိတ်မှ စတင်ပြေးဆွဲ၍ ပေါက်တောဝမှတ်တိုင်သို့ မနက် ၈ နာရီ ၂၇ မိနစ်မှာရောက်ရှိကာ ဒဂုံတက္ကသိုလ်သို့ နံနက် ၉ နာရီခွဲ ဒဂုံတက္ကသိုလ် ပြန်ရောက်ခဲ့ကြောင်း၊ ထို့နောက်ယာဉ်အား ပြင်ဆင်လို၍ သက်ဆိုင်ရာယာဉ်လိုင်းဂိတ်မှူး သတင်းပို့ပြီး ၎င်း၏ခရီးစဉ်မှတ်တမ်းကို အပ်နှံကာ ယာဉ်လိုင်းပြေးဆွဲမှုခရီးကို ပိတ်သိမ်းခဲ့သည်ဟု ၎င်းယာဉ်လိုင်းဘက်က တင်ပြခဲ့ကြောင်း ဦးလှအောင်က ပြောကြားသည်။

“ဒီယာဉ်နဲ့ပတ်သက်ပြီးတော့ နောက်တစ်နေ့ Eleven က ထုတ်ပြန်တဲ့သတင်းတွေထဲမှာ ဖတ်ရပါတယ်။ စတေကာတွေနဲ့ ကပ်ပြီးတော့ YBS 15 ယာဉ်လိုင်းကားတစ်စီး တွေ့တယ်ဆိုတဲ့အတွက် အဲဒီသတင်းရရှိချိန်ကစပြီး သက်ဆိုင်ရာယာဉ်လိုင်း၊ ကျွန်တော်တို့ YBO (Yangon Bus Operator) မှာ တပ်စဉ်ထားတဲ့စနစ်တွေနဲ့ စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်” ဟုဦးအောင်လှက ပြောကြားသည်။

YBO (Yangon Bus Operator) ၏ GPS မှတ်တမ်းတွေ့ရှိချက်အရ အဆိုပါ YBS 15 ယာဉ်သည် နံနက် ၉ နာရီ ၁၂ မိနစ်အထိ ပြေးဆွဲမှုမှာ မှန်ကန်ကြောင်း၊ ထို့နောက် ဒဂုံတက္ကသိုလ်ဂိတ်ရင်းမှ မြောက်ဥက္ကလာမြို့နယ် ဘက်သို့မောင်းနှင်ခဲ့ပြီး ခရေပင်လမ်းခွဲမှ ညောင်တုန်း-ပုသိမ်လမ်းကို ထွက်ခွာခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ညနေ ၅ နာရီ ၃၆ မိနစ်တွင် ဆက်သွယ်မှုပြတ်တောက်ခဲ့ကြောင်း သိရသည်။

“၁ နာရီနဲ့ ၃၆ မိနစ်မှာ ဒီယာဉ်ပေါ်မှာ Telematic စနစ်ကို တစ်စုံတစ်ဦးက ဖြုတ်ဖို့၊ ဖြတ်ဖို့ကြိုးစားတယ်ဆိုတာ ကျွန်တော်တို့ သတင်းအချက်အလက်ရရှိပါတယ်။ စက်ပစ္စည်းကိုဖြုတ်ဖို့ ဖြတ်ဖို့ကြိုးစားနေတယ်ဆိုတဲ့ အဓိကက Main Power ဘက်ထရီနဲ့ ဆက်သွယ်ထားတာဖြစ်တဲ့အတွက် ဒီကြိုးကို ထိခိုက်တာဖြစ်စေ၊ တစ်ခုခုလုပ်ပြီးဆိုရင် ကျွန်တော်တို့ဆီမှာ Alert ဖြစ်တယ်။ အတိအကျဆိုရင် ၁ နာရီ ၃၆ မိနစ်နဲ့ ၁၀ စက္ကန့်မှာ ဒီစက်ကို ဖြတ်ဖို့ကြိုးစားပါတယ်။ စက်က ဝိုင်ယာကြိုးတွေကို ဖြုတ်လိုက်ပေမဲ့  Telematic စက်မှာ Internal Battery ပါတဲ့အတွက် သူသွားနေတာကို ဆက်လက်တွေ့ရှိပါတယ်။ နောက်ဆုံးအချိန်ကတော့ ၅ နာရီ ၃၆ အထိ သတင်းအချက်အလက်ကို ရရှိပြီးတော့ ယာဉ်နဲ့ Control Centre ဆက်သွယ်မှု ရပ်တန့်သွားပါတယ်” ဟု မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောကြားသည်။

YBS ယာဉ်လိုင်းများတွင် Telematic စနစ် တပ်ဆင်ထားပြီး နယ်ကျော်ပြေးဆွဲခြင်း အပါအဝင် မသမာမှုတစ်ခုခုလုပ်ချင်သူများက စက်ပစ္စည်းများကို နည်းမျိုးစုံဖြင့် ဖျက်ဆီးမှုများရှိပြီး စက်ပစ္စည်းဖျက်ဆီးမှုရှိမရှိ သိနိုင်ရန် ရှင်စောပုကွင်းအတွင်း ပုံမှန်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဦးအောင်ညီညီမော်က ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ၂၉ရက်နံနက် ၂ နာရီ မိနစ် ၃၀ ခန့်တွင်ချောင်းသာမြို့ ဥတိုတံတားအနီးတွင်မသင်္ကာဖွယ် HiAce ကားတစ်စင်း၊ City Taxi နံပါတ်ပရိုဘောက် ကားတစ်စီး၊YBS 15 ယာဉ်လိုင်းအမှတ်အသားများအား စတေကာများဖြင့် ဖုံးကွယ်ထားသည့် မီနီဘတ်စ်တစ်စီးအား တွေ့ရှိရသောကြောင့် ပူးပေါင်းအဖွဲ့မှသွားရောက်ရှာဖွေ စောင့်ဆိုင်းနေစဉ် ဥတိုချောင်းအတိုင်း စက်လှေတစ်စင်းမှ ဝင်ရောက်လာပြီးနောက် ချောင်းသာဘက်ကမ်းခြေရှိ ဒီရေတောအတွင်း ရပ်တန့်လိုက်သည်ကို တွေ့ရှိရကြောင်း၊ ပူးပေါင်းအဖွဲ့မှ စောင့်ဆိုင်းရှာဖွေရာတွင် စက်လှေပေါ်မှ ဒီရေတောအတွင်းဖြတ်သန်း၍ အသင့်လာရောက်စောင့်ဆိုင်းနေသော မော်တော်ယာဉ်များပေါ်သို့ လာရောက်သော ဘင်္ဂါလီကျား ၃၂ ဦး၊ မ ၆၄ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent